အဝီစိတွင်း (စက်ရေတွင်း) အငှားလိုက် တူးပေးပြီး ရလာတဲ့ ရေတွင်းတူးခ ၄၅ သိန်းကို ဆွမ်းပဒေသာပင် အဖြစ် လှူဒါန်း လိုက်တဲ့ ဦးလေးကြီး

အဝီစိတွင်း (စက်ရေတွင်း) အငှား လိုက် တူးပေးပြီး ရ လာတဲ့ ရေ တွင်းတူးခ ၄၅ သိန်းကို ဆွမ်းပဒေသာပင် အဖြစ် လှူဒါန်း လိုက်တဲ့ ဦးလေးကြီး

ပရိသတ်ကြီးကို အခု ပြောပြ ပေးမှာ ကတော့ အဝီစိတွင်း(စက်ရေ တွင်း) အငှား လိုက်တူး ပေးပြီး ရလာတဲ့ ရေတွင်း တူးခ ၄၅ သိန်းကို ဆွမ်း ပဒေသာပင် အ ဖြစ် လှူ ဒါန်း လိုက် တဲ့ ဦးလေးကြီး အ ကြောင်းပဲ ဖြစ်ပါတယ်။

အဝီစိတွင်း(စက်ရေတွင်း) အငှား လိုက်တူး ပေးပြီး ရေတွင်းတူးခများ ရတာကို ခြိုးခြံ ချွေတာ စားသောက် နေထိုင်ပြီး ခြစ်ခြစ်ကုပ် ကုပ် စုဆောင်း ထားရှိပြီး စုဆောင်းရရှိငွေ ၄၅၀၂၀၀ဝိ/လေးဆယ့် ငါးသိန်း နှစ်ထောင်ကျပ် ရရှိ လာသောအခါ ၂၀၀ဝိ/ ကို သုံးစွဲ ရန် ချန်ထားပြီး လေးဆယ့် ငါးသိန်း ကျပ်ကို

စလင်းမြို့ သံဃာတော်များ အရုဏ်ဆွမ်း မခက်ခဲစေရန်စလင်းမြို့ သာသနဟိတ နေ့စဉ် အရုဏ်ဆွမ်းလောင်း အသင်းကြီးသို့ရာသက် ပန်ငွေပင်ငွေရင်း ပဒေသာပင်အဖြစ် စိုက်ထူ လှူဒါန်း လိုက်ပါသော ကုသိုလ်ရှင်ကြီး ဖြစ်ပါတယ်

ခင်ဗျား ယခင်ကလည်း အမွေ ဆိုင်ဝိုင်း ရောင်းရ ငွေမှ မိမိ ဝေစုရသော၂၁၀၀၀၀ဝိ/နှစ်ဆယ့် တစ်သိန်းကျပ်ကိုဘခင်ကြီးဦးရာဆယ်၊ မိခင်ကြီးဒေါ်နှင်း အမဒေါ်လှလေး တို့အား ရည်စူး၍

ရာသက်ပန် ငွေပင်ငွေရင်း ဆွမ်းပဒေသာပင် စိုက်ထူ လှူဒါန်း ထားတာ အခု လှူတာနဲ့ ဆိုရင် ပဒေသာပင် တန်ဖိုး ၆၆၀၀၀၀၀ ခြောက်ဆယ့်ခြောက်သိန်း စိုက်ထူ ထား တဲ့ ထာဝရ အလှူရှင် ကြီး လည်း ဖြစ်သွား ပါပြီ

ခင်ဗျား ဆွမ်းလောင်း သင်းကြီးကို လစဉ် အလှူငွေ ၁၀၀ဝိ/ နှုန်းနဲ့ တစ်နှစ်ပါတ်လုံး နှစ်စဉ် မပျက်လှူဒါန်းနေတဲ့ အာစိဏ္ဏကံ အလှူရှင်ကြီးလည်း ဖြစ်ပါတယ် ခင်ဗျား။

စလင်းမြို့ သာသနဟိတ နေ့စဉ် အရုဏ်ဆွမ်းလောင်း အသင်းကြီးမှာ ရာသက်ပန် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းထားကြတဲ့ အလှူငွေများကိုဘဏ်မှာစနစ်တကျ အပ်နှံထားပြီး အရင်းကို မလျော့ပါးစေဘဲ

ရရှိလာတဲ့ အတိုး အညွန့် များကိုသာ ဆွမ်းလောင်းလှူတဲ ကိစ္စများမှာသာ သုံးစွဲတာ ဖြစ်လို့ အလှူရှင်များ မရှိ တော့သည့် တိုင်အောင် သား စဉ်မြေးဆက် အမြဲ ကုသိုလ် ရနေမယ့် အလှူဖြစ်ပါတယ်

ခင်ဗျား ဆွမ်းပဒေသာပင် အလှူရှင်များ သေချာနားလည် သဘော ပေါက်နိုင် ကြစေရန် အလျှင်း သင့်လို့ တင်ပြ ရခြင်း ဖြစ်ပါတယ်

ခင်ဗျားကနေ့ထူးထူး ခြားခြား လှူဒါန်းသွားတဲ့သဒ်ဓါတရားကောင်းလွန်းလှပြီး စိတ်ဓာတ် ခိုင်မာပြတ်သားလှပါသော ဒါနသူရဲကောင်းကြီး ဦးသန်းစိန်ရဲ့​စေတေနာ သဒ်ဓါတရားကို လေးစားစွာ ချီးကျူးဂုဏ်ပြု ထိုက်တဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ပြန်လည်မျှ ဝေ ပေးလိုက် ပါတယ်။

Source : UPho Thar

Tags: