ဒုတိယောက်မြောက် ရင်သွေးလေးကို မကြာခင် မွေးဖွားတော့မယ့် ချစ်ဇနီးလေးကို ချစ်စကားလေး ဖွဲ့ဖွဲ့ နွဲ့နွဲ့ ပြောပြီး ရိုပြလိုက်တဲ့မြင့်မြတ်

ဒုတိယောက်မြောက် ရင်သွေးလေးကို မကြာခင် မွေးဖွားတော့မယ့် ချစ်ဇနီးလေးကို ချစ်စကားလေး ဖွဲ့ဖွဲ့ နွဲ့နွဲ့ ပြောပြီး ရိုပြလိုက်တဲ့မြင့်မြတ်

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာ ကတော့ ဒုတိယောက်မြောက်ရင်သွေးလေးကို မကြာခင် မွေးဖွားတော့မယ့် ချစ်ဇနီးလေးကို ချစ်စကားလေး ဖွဲ့ဖွဲ့ နွဲ့နွဲ့ပြောပြီး ရိုပြလိုက်တဲ့ မြင့်မြတ်အကြောင်းလေးပဲဖြစ်ပါတယ်။

အကယ်ဒမီ ဆုရှင် မင်းသားချော မြင့်မြတ် ကတော့ သရုပ်ဆောင်တဲ့ နေရာ မှာလည်း အဘက်ဘက် ကနေ ပြီးပြည့် စုံအောင် သရုပ် ဆောင်နိုင်သလို ပရိသတ်တွေရဲ့ အားပေးမှု ကိုလည်း အပြည့်အဝ ရရှိ ထားသူ တစ်ယောက် ဖြစ်ပါတယ်။

အနုပညာလောကမှာလည်း လစ်ဟင်းမှုမရှိပဲ ပရိသတ်တွေအတွက် အကောင်းဆုံး ချပြနိုင်တဲ့ မြင့်မြတ်က သူ့ရဲ့မိသားစုအပေါ်မှလည်း တာဝန်နဲ့ ဝတ္တရား မပျက်တဲ့ အိမ်ထောင် ဦးစီးကောင်းတစ်ယောက် ဖြစ်ပါတယ်။

မြင့်မြတ်ကလည်း သူ့ရဲ့အလုပ်တွေနဲ့ မိသားစုတာဝန်တွေကို အချိန်သင့်တင့် မျှတအောင် ခွဲဝေ အချိန်ပေး ဖြစ်နေ တာပဲ ဖြစ်ပါတယ်။လတ်တလော မှာတော့ မြင့်မြတ်က ပြင်ဦးလွင် မြို့မှာ ရုပ်ရှင်ရိုက် ကူး နေရတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်ကတော့ ပြင်ဦးလွင်က အေးချမ်းတဲ့ ရာသီဥတုနဲ့အတူ သူ့ရဲ့ ဒုတိယမြောက် ရင်သွေး လေးကို မကြာခင် မွေးဖွား ပေး တော့မယ့် ချစ်ဇနီးလေး မခင်သူအောင်ကို ချစ်စကားတွေ ပြောလာတာကို တွေ့ရ ပါတယ်။

မြင့်မြတ်က “နွေ မိုး ဆောင်း ရာသီ အလီလီ ပြောင်း နေ ပေမဲ့ ကိုယ့် အတွက်တော့ မင်းကို ချစ်တဲ့ အချစ်က မပြောင်းလဲ နိုင်ပါ ဘူးကွာ” ဆိုပြီး ထူးထူး ခြားခြား ရိုမန့်တစ် ဆန်ဆန် ချစ်စကား တွေ ပြောလာလို့ ပရိသတ်တွေက သဘောကျ နေရတာပဲ ဖြစ်ပါတယ်။

မြင့်မြတ် ကတော့ မခင်သူအောင်ကို လက်မထပ်ခင်ချစ်သူ ဘဝက တည်းက တစ်ယောက်တည်း ကိုသာ မြတ်မြတ် နိုးနိုး တန်ဖိုး ထားချစ်ခဲ့ ရတာ ဖြစ်ပြီး အိမ်ထောင် ကျပြီး ကလေးတွေ ရသည့် တိုင် အောင် အချစ်တွေ မလျော့ပဲ ပိုပြီး သံယောဇဉ် ဖြစ်လာ ခဲ့ရ တာပဲ ဖြစ်ပါတယ် ဆိုတဲ့ အကြောင်း လေးကို ပရိသတ်ကြီး အတွက် ပြန် လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Myint Myat’s fb