လူမှုကွန်ယက်မှာ အလွန် ရေပန်းစား နေတဲ့ မပင် မပန်း ဘဲ ရေ ကိုအသုံးပြု ဝိတ်ချနည်း

လူမှုကွန်ယက်မှာ အလွန် ရေပန်းစား နေတဲ့ မပင် မပန်း ဘဲ ရေ ကိုအသုံးပြု ဝိတ်ချနည်း

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာ ကတော့ လူမှုကွန်ယက်မှာ အ လွန် ရေပန်းစား နေတဲ့ မပင်မပန်းဘဲ ရေကို အသုံးပြု ဝိတ်ချနည်းလေး ဖြစ်ပါတယ်။

လက်ရှိ အမျိုးသမီး တော်တော် များများက ခန္ဓာကိုယ်ကို လို တာထက်ပိုပြီး မဝ စေချင် ကြပါဘူး။တစ်ချို့သော အမျိုးသမီး ဆိုရင် မကိတ်ချင် နေပါစေ၊ဝိတ် အလွန်းအမင်း တက် မနေရင်ကို အဆင် ပြေတယ် ဆိုပြီး ပြောနေ တက်ကြ ပါတယ်။

တကယ်တော့ အမျိုးသမီး တွေက အစား အစာနဲ့၊ကိုယ်လက် စထရောပမာဏ ယခင်နဲ့ ယခု များစွာ ပြောင်းလဲ သွားပြီ ဆိုပါက ဝိတ်တက်ဖို့ မြန်စေပါတယ်။ဒါကို အထူး သတိ ထားရ ပါမယ်။

အခုတော့ အမျိုသမီး တစ်ယောက်ရဲ့ ရေကို အသုံးပြု ဝိတ်ချနည်းကို အမျိုးသမီး တော်တော် များများက အလွန် ယုံကြည် နေကြည်နေကြပြီး၊မူရင်းပို့စ်ကို ပြန်လည် မျှဝေ သူပေါင်း သောင်းနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးရဲ့အမည်မှာ Luchie de Leon ဖြစ်ပြီး၊ သူမရဲ့ပို့စ်ကိုလူပေါင်း (၃၆၄၂၃)ဦးက Share ထားတာကို တွေ့ရပါတယ်။

Leon ရဲ့ဝိတ်ချနည်းက အလွန် ရိုးရှင်းပါတယ်။သူမရဲ့ မူရင်းပို့စ်မှာ”အစားအစာကဘဝပါဘဲ ဒါပေမယ့်ရေကအခရာပိုကျပါတယ်” ဆိုပြီး သူမရဲ့ ယခင်ယခု ဓာတ်ပုံ တွေနဲ့

သူမ လက်ရှိ အသုံးပြု နေတဲ့ ရေကို အသုံးပြု ဝိတ်ချနည်းကို ပြန် လည် မျှဝေ ရေသား ထား ပါတယ်။သူမက အဲဒီ ပို့စ် ကို ပြီး ခဲ့တဲ့ မတ်လ (၁၁) ရက်က တင်ခဲ့ တာပါ။

သူမ ရေးသားထားတဲ့ နည်းလမ်းတွေ ကတော့ အစာမစားမီ ရေကို အနည်းဆုံး (၂)ခွက် သောက်ပါ။ဆာလောင်တဲ့ အခါတိုင်း ရေအဝသောက်ပါ။

ဆယ်မိနစ် ထပ်စောင့် လို့ ပြန်ဆာ လာပြီဆိုရင် သင်အမှန်တကယ်ဆာလောင် နေတာ ဖြစ်ပါတယ်။ဒါဆို အချိုဓာတ် သိပ် မပါတဲ့ အ သီး အနှံကို ဦးစားပေး ပြီးစားပါ။

ရေသောက်တဲ့ အခါတိုင်း သံပုရာရည် ထည့်သောက်လေပိုကောင်းလေပါဘဲ။တက်နိုင်ရင် ဂျင်းရည်ကလေးပါ ရေထဲမှာထည့်သောက်ပေးသင့်ပါတယ်။တကယ်လည်းထိရောက်ပါတယ်။စမ်းကြည့်ကပါ

အထက်ပါနည်းလမ်းတွေစာ Leon ရဲ့အောင်မြင်ခဲ့တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဘာလေ့ကျင့်ခန်းမှ ပင်ပင်ပန်းပန်းမလုပ်ရဘဲ ရေကို သင့်တော် သလို အသုံးချ ရုံးလေးနဲ့ သက်တောင့် သက်သာ အ လွယ် ဝိတ်ကျ စေမယ့် နည်းဖြစ်တယ်လို့ Leon က ထောက်ခံခဲ့ပါတယ်။

သူမရဲ့ယခင်နဲ့ယခု ဓာတ်ပုံတွေကလည်း အလွန်ခြားနားနေပြီး၊အခုအခြေ အနေက Leon ကို မော်ဒယ် တစ်ယောက် လေလား ထင် မှတ် မှားစေ ခဲ့ပါတယ်။

Leonရဲ့ရေကုထုံး နည်းလမ်းက အများရဲ့ယုံကြည်မှုကို ခံခဲ့ရပြီး၊ အခုဆိုရင် Leon တစ်ယောက် ထင်မှတ် မထားဘဲ အလွန်ကို နာ မည်ကြီး နေပြီ ဖြစ်ပါတယ်။

အားလုံးလည်းသိပ်မခက်တဲ့ နည်းလမ်းလေးမို့ လိုက်လံလုပ်ဆောင်ကြဖို့ Aunty May ကတိုက်တွန်း လိုက်ရပါကြောင်း ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Dailyci News

Tags: