ငုံးဥ ရောင်းတဲ့ကလေး တွေကို မြင်ပြီး လမ်းပေါ်မှာ အလုပ်လုပ်ခဲ့ရတဲ့ သူ့ဘဝကိုသတိရသွားလို့မုန့်ဖိုးတွေ ရက်ရက်ရောရောပေးလိုက်တဲ့ ကိုပေါက်

ငုံးဥ ရောင်းတဲ့ကလေး တွေကို မြင်ပြီး လမ်းပေါ်မှာ အလုပ်လုပ်ခဲ့ရတဲ့ သူ့ဘဝကိုသတိရသွားလို့မုန့်ဖိုးတွေ ရက်ရက်ရောရောပေးလိုက်တဲ့ ကိုပေါက်

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ ငုံးဥရောင်းတဲ့ကလေးတွေကို မြင်ပြီး လမ်းပေါ်မှာ အလုပ်လုပ် ခဲ့ရတဲ့ သူ့ဘဝကို သတိရသွားလို့ မုန့်ဖိုး တွေ ရက်ရက် ရော ရော ပေးလိုက် တဲ့ ကိုပေါက်အ ကြောင်းလေးပဲ ဖြစ်ပါတယ်။

ကိုပေါက် က တော့ ဒါရိုက်တာ၊သရုပ်ဆောင် တစ်ဦး အဖြစ် အနုပ ညာ လောကမှာ အောင်မြင် ကျော်ကြား နေသူတစ်ဦးဖြစ်ပါတယ်။ကိုပေါက် က သရုပ်ဆောင်ပိုင်း မှာ ပါရမီ ပါပြီး ထူးချွန်သူ ဖြစ်လို့ ဇာတ်ရုပ် မျိုးစုံကို အံဝင် ခွင်ကျ ဖြစ်အောင် ဖန်တီး ပုံဖော် နိုင်တာလည်း ဖြစ်ပါတယ်။

ကိုပေါက်ရဲ့ အနုပညာလှုပ်ရှားမှုတွေက အသက်ဝင်ပြီးပီပြင်ပြောင်မြောက် တာကြောင့် ပရိသတ် တွေက အပြတ် အသတ် ဝန်းရံအား ပေးကြ တာပဲ ဖြစ်ပါတယ်။ ကိုပေါက်က “တစ်ခါက လမ်းပေါ် မှာ နောင်တစ်ချိန် အောင်မြင် သာယာတဲ့ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ ကလေးတို့ရေ မင်းတို့ရဲ့ ဘဝတွေကို လက်ရှိ အခြေအနေမှာ အရိုးထုတ်ဖို့ မစဉ်းစား ပါနဲ့နော်။

ဦးလည်း မင်းတို့လိုပဲ လမ်းဘေးမှာ ရခိုင်မုန့်တီရောင်းခဲ့ရဖူးတယ်။ ဦးလည်း မင်းတို့ လိုပဲ ဘုရား ပွဲစျေးမှာ ဂတ်စ်မီးခြစ်(တစ်ခါထည့် ၃/-ကျပ်)ထည့်ခဲ့ဖူးတယ်။ဦးလည်း မင်းတို့ လိုပဲ ကမ်းနားနေပူပူမှာ လှေဝင် လှေထွက် ပိုက်ဆံကောက်ခဲ့ဖူးတယ်။ဘဝကို ဘယ်တော့မှ အရှုံး မပေးပါနဲ့။

လက်ရှိ ဘဝက ဒီလောက်ပဲ နေမှာ ပါကွာ ဆိုပြီး ရေစုန် မျော မချလိုက်ပါနဲ့။ တစ်နေ့နေ့မှာ အောင်မြင်တဲ့ ဘဝတွေ ပိုင်ဆိုင် နိုင်ကြပါစေ အားလုံးကိုချစ်ခင်လေးစား တန်ဖိုးထားလျှက်”ဆိုပြီး ရေးသားပြောပြ လာတဲ့အကြောင်းကို ပရိသတ်ကြီး အတွက်ပြန်လည်မျှဝေပေးလိုက် ပါတယ်။Credit