အိမ်ကနေ သတင်းတိုက်ရိုက်တင်ဆက်နေတုန်း ဖောက်ပြန်တာမိသွားခဲ့တဲ့ သတင်းသမားရဲ့အဖြစ်

အိမ်ကနေ သတင်းတိုက်ရိုက်တင်ဆက်နေတုန်း ဖောက်ပြန်တာမိသွားခဲ့တဲ့သတင်းသမား

COVID 19 ကပ်ရောဂါကြောင့် တချို့သောလုပ်ငန်းတွေကတော့ ဝန်ထမ်းတွေကို အိမ်ကနေအလုပ်လုပ်ခွင့်ပေးနေပါတယ်။Work from home အစီအစဉ်ထဲ သတင်းတင်ဆက်သူ Alfonso Merlos လည်း ပါဝင်ပါတယ်။Alfonso Merlos ဆိုတာ စပိန်သတင်းဌာနတစ်ခုရဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးအပါ။

Telemadrid နဲ့ Trece ရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် နာမည်ကြီးပါတယ်။တစ်နေ့ကတော့ Alfonso Merlos ဟာ အိမ်မှာနေပြီး တိုက်ရိုက်အင်တာဗျူးအစီအစဉ် တင်ဆက်နေတုန်း သူ့အနောက်ဖက် မြင်ကွင်းတစ်ခုကြောင့် ကြည့်ရှုသူတွေခင်ဗျာ အံ့အားသင့်ပြီး တရုန်းရုန်းဖြစ်သွားခဲ့ကြပါတယ်။

ဘာလို့လဲဆိုတော့ live တင်ဆက်နေတုန်း အနောက်ဖက်က ဖြတ်သွားတဲ့ ဝစ်လစ်လစ်အမျိုးသမီးတစ်ယောက်ကြောင့်ပါပဲ။ အစကတော့ ကြည့်ရှုသူတွေက အဲဒီအမျိုးသမီးဟာ Alfonso Merlos ရဲ့ တရားဝင်ချစ်သူ Marta Lopez လို့ ထင်ခဲ့ပေမယ့်လို့ တကယ်တမ်း သူမလည်းမဟုတ်ပါဘူး။

ဒါကြောင့် Alfonso Merlos ဖောက်ပြန်နေပြီဆိုတာ တစ်နိုင်ငံလုံးသိအောင် ကြေငြာလိုက်ပုံ ဖြစ်သွားပါတော့တယ်။ နောက်ပိုင်းမှ အဆိုပါ ဝတ်စလစ်နဲ့အမျိုးသမီးက သတင်းထောက်တစ်ဦးဖြစ်တဲ့ Alexia Rivas လို့ အမည်ရတဲ့ အမျိုးသမီးမှန်း သိခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Twitter မှာ အုတ်အောသောင်းနင်းဖြစ်နေခဲ့ကြပေမယ့်

ကာယကံရှင် သတင်းတင်ဆက်သူ Alfonso Merlos ကတော့ လူမှုကွန်ယက်မှာ လုံးဝကို ပျောက်နေခဲ့ပါတယ်။ အခု နောက်ဆုံးမှာတော့ Alfonso Merlos ဟာ တရားဝင်ချစ်သူကို သူ့အမှားတွေကိုလည်း သိတယ်၊ သူမကောင်းဘူးဆိုတာလည်း သိတယ်၊ ဒီအတွက်လည်း တောင်းပန်ပြီး သူ့ကို လမ်းခွဲချင် လမ်းခွဲနိုင်တယ် ၊

သူ့အလုပ်ကိုတော့ ထိခိုက်ခံမှာမဟုတ်ဘူးလို့ ပြောလာခဲ့ပါတယ်။လေးစားစွာဖြင့် Pyi Hein Kyaw အားခရက်ဒစ်ပေးပါတယ်ခင်ဗျာ