ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သိန်းတစ်သောင်း လှူဒါန်းပေးခဲ့တဲ့ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း

ကိုဗစ်-၁၉ ကာကွယ် ဆေး ဝယ်ယူ ရန်အတွက် ငွေကျပ် သိန်းတစ်သောင်း လှူဒါန်းပေးခဲ့တဲ့ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာ ကတော့ ကိုဗစ်-၁၉ ကာကွယ် ဆေး ဝယ်ယူ ရန်အတွက် ငွေကျပ် သိန်းတစ်သောင်းလှူဒါန်း ပေးခဲ့တဲ့အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းအကြောင်းပဲဖြစ်ပါတယ်။

နိုင်ငံတော်မှ ကိုဗစ်ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးမှာ အသုံးပြုရန်အတွက် Excellent Fortune Development G roup ကနေအလှူငွေကျပ် သိန်းပေါင်း တစ်သောင်းကိုယနေ့တွင် ရန်ကုန်တိုင်း အစိုးရထံသွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Excellent Fortune Development Group (E FD Group)၏ဥက္ကဌမှာ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း ဖြစ်ပြီးတော့ ဒုတိယ ဥက္ကဌမှာ အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ တို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ ရှေ့တန်းကနေ တိုက်ပွဲဝင် နေကြ တဲ့ လူစွမ်း ကောင်းများ ဖြစ်ကြသော ကျန်းမာရေး ဦးစီး ဌာနမှ ဆရာဝန်များ၊ သူနာပြု များနှင့် စေတနာ့ဝန်ထမ်းများ COVID-19 တိုက်ပွဲ မှာဘေးမသီ ရန်မခပဲ အားလုံး ရာနှုန်းပြည့်

ကျန်းမာစွာ၊ချမ်းသာစွာဖြင့် အောင်မြင် ပြီးဆုံး သည်အထိ တိုက်ပွဲဝင်နိုင် ကြပြီး နိုင်ငံ့ အကျိုး၊အများ ကောင်းကျိုးကို ဆက်လက် ၍ ဆောင်ရွက် နိုင်ပါစေလို့ ဦးစိုင်းမျိုးဝင်း က ဆိုထားတာပါ။

နိုင်ငံတော်ရဲ့ ကိုဗစ် ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးအတွက် အ သုံးပြုရန်အတွက်မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအ ဖွဲ့ကြီးနှင့် အစ္စလာမ် ဘာသာဝင်များ စုပေါင်းကာ ပထမ အကြိမ်အဖြစ်

အလှူငွေကျပ် သိန်းပေါင်း (၁၂,၀၀၀)ကိုဇန်နဝါရီ (၂၂) ရက်ကဘ ဏ်မှ တစ်ဆင့်လှူဒါန်းခဲ့ကြောင်း သိရပါတယ်နော်။အဆိုပါ လှူဒါန်းမှုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် အနယ်နယ် အရပ်ရပ်မှ အစ္စလာမ်ဘာသာဝင် အလှူရှင်များ

စုပေါင်းထည့်ဝင် လှူဒါန်းခဲ့သော အလှူငွေကျပ်သိန်း(၁၂,၀၀၀) ကို ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေစာ ရင်းသို့ လွှဲပို့ လှူဒါန်း ခဲ့တာပါ။

ထို့အပြင်ကိုကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ(COVID-19 Vaccination Fund) သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၀၀၀ ( ငွေကျပ် ၃ ဘီလီယံ)ကို ဇန်နဝါရီလ ၇ ရက်နေ့တွင် လှူဒါန်း ခဲ့ကြောင်း သိရ ပါတယ်။

CB Bank ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးရဲ့ စီစဉ် လမ်းညွှန် မှုဖြင့် CB Bank မိသားစုများက Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့နှင့် ကာကွယ်ဆေးဝယ်ယူရန် တို့အတွက် Covid-19 စတင်ဖြစ်ပွားချိန်မှ

ယနေ့အထိ CB Bank ၏ လှူဒါန်းမှု စုစုပေါင်းက ငွေကျပ်သိန်းပေါင်း သုံးသောင်းရှစ်ထောင် (၃.၈ ဘီလီယံ)အားလှူဒါန်းခဲ့ပြီးဖြစ်ပါတယ်လို့ဆိုပါတယ်နော်။ဇန်နဝါရီ ၂၂ ရက် ကတော့ မြန်မာ နိုင်ငံ အတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ ပါတယ်။

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပေးပို့လှုဒါန်းတဲ့ Covishield ကာကွယ်ဆေး ၁.၅ သန်း (လူ ၇သိန်း ၅သောင်းစာ)မြန်မာနိုင်ငံကိုရောက်ရှိ လာခဲ့တာပါ။

ကိုဗစ် ကာကွယ် ဆေးများကို ကျန်းမာရေးဝန်ထမ်း များကို ဦးစား ပေး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရပါတယ်။ကျန်းမာရေးဝန် ထမ်းများမှာ တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၁၁၀၀၀၀ ကျော်ရှိကြောင်း သိရပါတယ် ဆိုတဲ့အကြောင်းကို ပရိသတ်ကြီး အတွက်ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။Credit

Tags: