မိဘကို ချစ်ရင် မရှက် ပါနဲ့ အားမငယ် သင့် တာကို အားမငယ်ပါနဲ့

မိဘကို ချစ်ရင် မရှက် ပါနဲ့ အားမငယ် သင့် တာကို အားမငယ်ပါနဲ့

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာတော့ မိဘကိုချစ်ရင် မရှက်ပါနဲ့ အားမငယ် သင့်တာကို အားမငယ် ပါနဲ့ ဆိုတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။

အလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင်အတန်းဖော် သူငယ်ချင်းတွေကမေးကြတယ် နင့်အဖေဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ လို့ မေးရင်

ကျွန်မ အရမ်း အားငယ်ရတယ် ဝမ်းနည်း မိတယ် ငါရဲ့ဖေဖေက စ က်ချုပ်တယ် ငါ့ရဲ့မေမေက ထမင်းချက်တယ်ဆိုတဲ့အဖြေကို မရဲမဝဲ့ သူငယ်ချင်း တွေကို ဖြေခဲ့ ရတယ်

ငါ့ဖေဖေက အင်ဂျင်နီယာ ငါ့မေမေက ဒေါက်တာ ဆိုပြီး တချို့ သူ ငယ်ချင်းတွေလိုဂုဏ်ယူဝဲ့ကြွားစွာ ဖြေချင်မိတယ်ဒါပေမယ့် ကျွန်မ

အဖေက စက်ချုပ်တယ် အမေက ထမင်းချက်တယ်တနေ့တော့ဖေ ဖေ သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ် ဖေဖေမေမေက ဘာလုပ် တာလဲတဲ့ ဖြေတော့

တချို့သူတွေက သမီးကို လှောင်ရယ်ကြတယ် သမီးသိပ်ရှက်တယ် ဖေဖေ သမီးရှက်တယ် သမီးလဲ သူငယ်ချင်း တွေရဲ့အဖေအမေ လို အင်ဂျင်နယ်ယာ ဒေါက်တာ ပညာတတ်တဲ့ ဖေဖေမေမေလိုချင်တာပေါ့

အဲဒီအချိန်မှာ ကျွန်မအနားသို့ ဖေဖေတိုးလာပြီးဘယ်လိုပြောလိုက်တာလဲ သမီးရေ ဖေဖေ တို့လည်း ပညာတတ် ဖြစ်ချင် ခဲ့ တာ ပေါ့ ဘဝပေး အခြေအနေကဖေဖေကို ပညာတတ်ဖြစ်ဖို့ မပေးခဲ့ဘူးလေ

ဖေဖေ တို့ မောင်နှမ နှစ်ယောက်က ပညာတတ် သိပ်ဖြစ်ချင် ခဲ့တာ အမေကမုဆိုးမ ဆင်းရဲတယ် သူများဆီမှာ အငှားခံရတယ်စားဝတ် နေရေး အတွက်ပဲ ထမင်း မငတ်အောင် စားခဲ့ ရတာ

ဖေဖေ တို့ကို ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်ခဲ့ဘူးသမီးဖေဖေတို့ မောင်နှမနှစ်ယောက်က စာအရမ်းသင် ချင်လို့ တောင်ပေါ် က ဟင်းသီး ဟင်းရွက် တွေကို သွားခူးပြီးရောင်းတယ်

ဟင်းသီး ဟင်းရွက် ရောင်းလို့ ရတဲ့ ပိုက်ဆံကို စု သူများ ဆီက တဆင့် စာအုပ် အဟောင်း လေးတွေ ဝယ်ပြီး ဖေဖေတို့ မောင်နှမ နှစ်ယောက် ကျောင်းတက်ခဲ့ရတာ ဖေဖေ တို့က ဆင်းရဲတော့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး သမီးရေ

စာအုပ် အသစ်တွေ မဝယ်နိုင်ဘူး သူများ ဆီက ဝယ်တဲ့ စာအုပ်အ ဟောင်းလေးနဲ့ စာရေး ခဲ့တယ် ဆရာကို အမှတ် ခြစ်ဖို့ စာအုပ်သွား ထပ်တော့ မင်း ဘာစာအုပ် နဲ့ ရေးထား တာလဲ ညစ်ပတ် စုတ်ပြတ်သတ် နေတာပဲ ရော့ကွာ ဆိုပြီး

ဖေဖေ့ စာအုပ်ကိုဆရာက လွှင့်ပစ်တယ် သမီးရေ စာအုပ်ထဲက စာ ရွက်လေးတွေ တရွက်စီ ကွာကြ သွားခဲ့တယ် ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီး စာရွက်လေးတွေကို တရွက်ချင်းစီ ကောက်ခဲ့ ရတယ်

အဲဒါနဲ့ဖေဖေ လေးတန်းဖြေပြီး ကျောင်းနားခဲ့ ရတယ် သမီးရေ အ ရွယ် ရောက်လာတော့ ဖေဖေ စက်ချုပ်ပညာကို တတ်ကျွမ်းအောင် ဆရာ တယောက် ဆီမှာ သင်ခဲ့တယ်

သမီးတို့ မောင်နှမ နှစ်ယောက် ကို ဖေဖေတို့ မောင်နှမ နှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့ စက်ချုပ်ပညာနဲ့ ပညာတတ်ဖြစ်အောင် ပညာသင် ရအောင် ကျောင်း တက် ရအောင် ထားပေးတယ် လေ

ဖေဖေပြောတဲ့ စကားတွေကို နားထောင် ရတာတော့ ကျွန်မ ရင်ထဲဝမ်းနည်းပြီး မျက်ရည်စက်တွေ ကျလာတယ် ဖေဖေ က စကားတခွန်းပဲ ပြောတယ် ဂုဏ်ယူ လိုက်စမ်းပါ သမီးရေ မရှက် ပါနဲ့ ငါ့မိဘတွေက သူတို့ တတ်တဲ့ အတတ်ပညာ ရှာလို့ ပေးလို့ရတဲ့ ပိုက်ဆံ နဲ့

ငါ့အစ်ကိုကို ဘွဲ့ရအောင် ကျောင်းထား ပေးခဲ့တယ်ငါ့ကိုအခုကျော င်း ထားပေး နေတယ် ဆို ပြီး ပြောလိုက် စမ်းပါ သမီးရေ တဲ့လေ။ တချိန်က မပြော နိုင်ခဲ့တဲ့ စကား တွေကို

အခုတော့ ဖေဖေ့ ကျေးဇူး တွေကြောင့် ရဲဝဲ့စွာ ပြောနိုင်ခဲ့ပြီ ဖေဖေသမီး မရှက်တော့ဘူး ဖေဖေသူငယ်ချင်းတို့ မိတ်ဆွေတို့ရေ ငယ်တဲ့အချိန်မှာတော့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတမရှိသေးတဲ့ အရွယ်မို့ ရှက်တတ်ရင် ရှက်နိုင် ပါတယ်

အသက်အရွယ်ကြီးလာလို့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတတွေကို ရင့်ကျက် လာတဲ့အခါ မရှက် သင့်တာကို မရှက် ပါနဲ့ အားမငယ်သင့်တာကို အားမငယ် ပါနဲ့ ဒါကြောင့် မိဘကိုချစ်ရင် မရှက်ပါနဲ့ဆိုတဲ့​ အကြောင်း လေးကို ပရိသတ်ကြီး အတွက် ပြန်လည် မျှ ဝေ ပေးလိုက် ပါတယ်။Credit

Tags: