ငွေဝင် ကြမ်းသည့် နေဝင် မီးလက် စီးပွား တက် လုပ်နည်း ယတြာ (ဆီမီးအဓိဋ္ဌာန်) နေဝင် မီးလက် စီးပွား တက် လုပ်နည်း

ငွေဝင် ကြမ်းသည့် နေဝင် မီးလက် စီးပွား တက် လုပ်နည်း ယတြာ (ဆီမီးအဓိဋ္ဌာန်) နေဝင် မီးလက် စီးပွား တက် လုပ်နည်း

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ ငွေဝင်ကြမ်းသည့် နေ ဝင် မီးလက် စီးပွားတက် လုပ်နည်း ယတြာ (ဆီမီးအဓိဋ္ဌာန်)နေဝင်မီးလက် စီးပွား တက် လုပ်နည်း အကြောင်းလေးပဲ ဖြစ်ပါတယ်။

ယတြာ(ဆီမီးအဓိဋ္ဌာန်)တစ်ခါက ကျွန်ုပ်ထံသို့ လူငယ်ဇနီး မောင်နှံနှစ်ဦး ရောက်ရှိ လာပြီးလျှင် အောက်ပါ အတိုင်း ကျွန်တော်ကို ရင် ဖွင့် လေတော့၏စီးပွားရေး ရှာဖွေရှာမှာ အင်မတန်မှပင်လာဘ်ပိတ်နေတဲ့

အကြောင်း အမိန့် သြဇာအာဏာလည်း ကျဆင်း နေတဲ့အကြောင်းဘယ်လောက်ထိအောင် လာဘ်ပိတ်နေသလဲဆိုရင် ငွေတစ်သောင်းလောက် သွားပြီး အကူအညီတောင်းတာ ထုပ်မပေးတဲ့အပြင်နင့်နင့်

သီသီးပြောဆို လွှတ်တာတောင်ခံခဲ့ရတယ် ဆိုတဲ့အကြောင်းစကားပြော မအောင်မြင်တဲ့ နေရာမှာလည်း ဘာပဲ ပြောပြော ဘာပဲဆိုဆို အဆင်မပြေ ဘူးဆိုတဲ့ အကြောင်း ကိုယ့်ရဲ့လက်အောက် ငယ်သား

ညီငယ် ညီမငယ် တွေကိုလည်း ပြောလိုက်ရင် တစ်ခွန်း မကျန် ပြန်အော်တာ​တောင် ခံရတယ် ဆိုတဲ့အကြောင်း ပြောလေတော့၏ ပြီးတော့ သူက ပြောသေးတယ်။ဆရာရယ်တဲ့။ ကံနိမ့် နေတယ် ဆိုရင် တစ်နှစ် နှစ်နှစ် ပေါ့တဲ့။

အများဆုံး (၃)နှစ် ဆက်တိုက် နိမ့်စမ်း ပါစေတဲ့။ ခံနိုင်ပါတယ်။ ဒါပေမယ့် အခုတော့ တစ်နှစ် လာလဲ အဆင် မပြေ အကြွေး မကြေ။ နောက်တစ်နှစ် လာလဲ အဆင်မပြေ။ ဘယ်လောက်တောင် ကြာနေပြီလဲတဲ့။

တစ်ခါ တစ်လေ ဆို လောကကြီးကို စိတ်နာ လွန်းလို့ ကိုယ့် ကို ကိုတောင် သတ်သေ ပစ်ချင်ပါရဲ့။အဲဒီတော့ ဆရာရယ်။ကူညီလို့ရရင် ကူညီ ပေးစေ ချင် ပါတယ် တဲ့။နည်းစနစ်လေး ဘာလေးရှိရင် ညွန်ပြပေးစေ ချင်တယ်တဲ့ ထိုအခါ

ကျွန်ုပ်က အင်း ကိုယ့်ညီ တို့က နည်းစနစ် တောင်း တော့ ကိုယ် ကလည်း ပေးရ တာပေါ့။ဒါပေမယ့် ဒါက ဘာသာရေးနဲ့ ပတ်သက်တဲ့ နည်း စနစ် ဖြစ်တယ်။ပြောရ ရင် တော့ အဓိဋ္ဌာန် နဲ့ မပျက် မကွက် ဆောင်ရွက် ရမယ့် ကိစ္စ ဖြစ်တယ်။

ကိုယ့်ညီတို့လုပ်နိုင်မယ်ဆိုရင်တော့ ပြောပြမယ်ဆိုတော့ယောက်ျားလုပ်သူက ဆရာရယ် လုပ်ဆိုလုပ့်ပါ့မယ်။အခက်အခဲ တွေသာ ပြေ လည်ရင် ပြီးရော။ဒါပေမယ့် ဆရာရယ် အဓိဋ္ဌာန် တွေ ဘာတွေ ဆိုတာလည်း ကျွန်တော်တို့က တစ်ခါမှ မဝင်ဘူးတာ မဟုတ်ဘူး။

အဓိဋ္ဌာန် ဆိုတဲ့ စကားတောင် ဆရာနဲ့တွေ့လို့ ဒီတစ်ခါ ပထမဦးဆုံးကြားဖူးတာပါ ဆရာရယ်။အဲဒီတော့ အဓိဋ္ဌာန်တွေ ဘာတွေဝင်မယ်ဆိုရင် ဘာတွေ ဆောင်ရန် ရှောင်ရန် လိုပါသေးလဲဟုကျွန်ုပ်ကိုမေးလေ၏။ထိုအခါ ကျွန်ုပ်က အဓိဋ္ဌာန် ဆိုတာက တစ်ခုခုကို

ကိုယ်တစ်ကယ် မဖြစ်ဖြစ်အောင် လုပ့်ပါ့မယ် ဆိုတာ ကို ကိုယ် ကသစ္စာဆိုတာပါ။ပြီးတော့ ကိုယ်ကလည်း ကိုယ်ပြော ထားသလို ကို ယ်လုပ်မယ် ဆိုတဲ့ ကိစ္စတစ်ခုကို ပြီးစီးအောင်မြင်သည့် အထိ ဘာအခက်အခဲပဲကြုံကြုံ ကိုယ်အဓိဋ္ဌာန် ပြုထားတဲ့ကိစ္စကိုမပျက်စီးစေ

ဘဲလုပ်တာပါ ထူးထူးထွေထွေ ဆောင်ရန်ရှောင်ရန်ဆိုတာတွေတော့မရှိ လှပါဘူး။အရေးကြီး တာက အဓိဋ္ဌာန် မပျက်ဖို့ အဓိကပါဟုပြ န်ပြော လိုက် လေ၏ ဒါဆို လုပ် မယ် ဆရာ ပြောပြ ပါ မဖြစ် ဖြစ်အောင် လုပ်ပါ့မယ် ပိုက်ဆံလည်း တစ်ပြား တစ်ချပ် မှ ကုန်တာ မှမဟုတ်တာ ဆရာရယ်။

လုပ်ပါ့မယ်။အဆင်ပြေ မလာလည်း ပြဿနာ မဟုတ်ပါဘူး။ ကျွန် တော်တို့ ကုသိုလ်တော့ ရပါသေးတယ်။အဆင်ပြေလာတော့လည်း ပိုကောင်းတာပေါ့ မဟုတ်လား ဆရာဟု ကျွန်ုပ်ကို ပြန်ပြောလေရာကျွနု်ပ်က သေချာ ပါတယ်ကွ။

ဒီအဓိဋ္ဌာန်သာ ပုံမှန် လုပ်စမ်းပါ။ခက်လဲ ခက်တာမှ မဟုတ်တာ။နေ့အလိုက် မင်းတို့ ငါတို့ရဲ့ ဘုရားရှင်ကို ဆီမီး အရေအတွက်နဲ့ ပူဇော်ရုံပါပဲ။ဘယ်နေ့ကို ဆီမီးဘယ်နှစ်တိုင် ပူဇော်ရမယ် ဆိုတာရေးပေး လိုက် ပါမယ်ကွာ။

အဲဒီစာရွက် လေးသာ ကြည့်ပြီး ပူဇော်ကြ ပေတော့ ဖယောင်းတိုင်မဟုတ်ဘဲ ဆီမီးခွက်ထဲ ဆီထည့်ပြီး ပူဇော်ရင်လဲရပါတယ်။မင်းတို့ရဲ့ ဘဝတွေ လူတစ်လုံး သူတစ်လုံး ဖြစ်လာဖို့ အာမ ခံပါတယ်ကွာ ကျွန်ုပ်က ဆိုကာ အောက်ပါဆီမီး အဓိဋ္ဌာန်ကို ၎င်းတို့ အားပြောပြပေးလိုက် လေတော့၏

ဆီမီး အဓိဋ္ဌာန် မိမိ၏ မွေးနေ့မှစ၍ မြတ်ဗုဒ္ဓ အား အောက်ပါဂြိုဟ်သက် အတိုင်း ဆီမီး ထွန်းညှိ့ ပူဇော်ရမည်။ ဂြိုဟ်(၈)ခွင် ရှိ သော ကြောင့် အဓိဋ္ဌာန် တစ်ခါလျှင် (၈ရက် တိတိ ကြာမည် ဖြစ်၏။ ထို (၈)ရက်တွင် ထွန်းညှိ ပူဇော် ထားသော

ဖယောင်းတိုင် အရေ အတွက်ကို ရေသော်(၁၀၈)တိုင်ရလေ၏တနင်္ဂ နွေည (၆) တိုင် တနင်္လာည (၁၅) တိုင် အင်္ဂါည (၈) တိုင် ဗုဒ္ဓ ဟူး(မနက်ပိုင်း) (၁၈) တိုင် ဗုဒ္ဓဟူးနေ့ ( ညပိုင်း) (၁၂)တိုင် ကြာ သပတေးနေ့ည(၁၉)တိုင်သောကြာ ည(၂၁)တိုင် စနေည(၁၀)တိုင်

သင်တို့၏ အကျိုးကို ထာဝစဉ် လိုလားသော ဆရာ ဟိန်းတင့်ဇော်တစ်ရာ့ ရှစ်တောင် ဘုရား၊သာကေတ၊ရန်ကုန် 09792000029 credit:

Tags: