အသက် စောင့် ခဲ့တဲ့ ရှောက်ရွက်

အသက် စောင့် ခဲ့တဲ့ ရှောက်ရွက်

ဒီတစ်ပတ် မှာ တော့ ငွေ ၁၀၀ ကျပ်လောက် ရှိရုံ နဲ့ အလွယ် အကူဝယ်ယူ လို့ရပြီး အင်မတန်မှ ဆေးဘက်ဝင် အကျိုးများတဲ့ ရှောက်ရွက် အကြောင်းလေး တင်ပြ ချင်ပါတယ်။

ရှောက်ရွက်က စိတ်ကြည်လင် လန်းဆန်း စေတဲ့ အနံံ့ ရှိ ပြီး မြန်မာတွေအနေနဲ့ တို့စရာနဲ့ အသုတ်တွေမှာ ထည့်သုံး စားသောက် တတ်ကြပါတယ်။

ဘာတွေ အကျိုးများ တာလဲမြန်မာ လဆန်းရက်မှာ ရှောက်ရွက်ကိုစားထားရင် အဲဒီတစ်လလုံး လေမဖြတ်တော့ ဘူးလို့ ရှေးရိုးစကားရှိပါတယ်။ရှောက်ရွက်ကို ကြက်သွန်ဖြူ၊ငြုပ်ကောင်းတို့နဲ့ ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက်ပါတယ်။

ဒါတင်ပဲလား မဟုတ်ပါဘူး၊ကမ္ဘာပေါ်မှာ အဖြစ်များပြီး၊ အပျောက်နည်းတဲ့ ကင်ဆာရောဂါ ကို လည်း ကာကွယ် ပေးပါတယ်၊ ရှောက်ရွက်ကကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီ ပေးပါတယ်။

တစ်ပတ်ကို ၃/၄ ကြိမ် စားသုံး ပေးရုံနဲ့ ကြိုတင် ကာကွယ်ပြီးသားဖြစ်သွား ပါလိမ့်မယ်။ရှောက်ရွက်မှာ စိတ်ဖိစီးမှုကို လျှော့ချ နိုင်တဲ့ Astsiri အဆီဓာတ် တစ်မျိုးပါဝင်ပြီး သူ့အနံ့က ဦးနှောက်ကို စိ တ်ဖိစီးမှု လျော့ ချ တဲ့ ဟော်မှုန်း တစ်မျိုး ထုတ်လုပ် အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှု ဒဏ်ခံ နေရသူများ အထူး စားသုံး သင့်ပါတယ်။

ရှောက်ရွက်မှာ ပိုးသတ်ဆေး လိုမျိုး ပိုးမွှား တွေကို သေစေ နိုင်တဲ့အစွမ်းလည်း ရှိတဲ့အတွက် ဖျားနာ နေရင် ဒါမှမဟုတ် ကိုယ်ခံအား ကျဆင်း နေရင် ရှောက်ရွက်ကို စားသုံး သင့်ပါတယ်။ ပွက်ပွက်ဆူနေတဲ့ ရေထဲ ကို ရှောက်ရွက် ခပ်ပြီး မနက် မိုးလင်းမှာ သောက်ရင် ကိုယ်ခံအားကို မြှင့်တင် ပေးပါတယ်။

အဝလွန်၊အနေခက်၊အလှပျက်ကာ အဆီပို၊ဗိုက်ခေါက်ထူ နေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေး ရင်ချီ၊စလင်း ဘော်ဒီ ဖြစ်ပြီး လူ တကာတွေပြန်လှည့်ငေး ရလောက်အောင်ဖြစ်ချင်ရင်တော့လွယ်ပါတယ်။

ပုလင်းလွတ် တစ်လုံး မှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် ( တချို့ က၉ရွက်)ကိုထည့်၊သကြား စားပွဲတင် ဇွန်းသုံးဇွန်းနဲ့ရေကျက်အေး (ရေသန့် လည်းရ) အပြည့် ဖြည့်၊ လုံအောင် ပိတ်ပြီး နေပူပူမှာ ၁၁ ရက်လောက် နေလှန်း လိုက်ပါ။

ရက်ပြည့် သွားရင် မနက်တစ်ကြိမ် ၊ည တစ်ကြိမ် (ပုလင်းလှုပ်ပြီး) လက်ဖက်ရည် ကြမ်း ပန်းကန်လုံး တစ်ဝက် လောက် နေ့စဉ် မှန်မှန်သောက်သွား ပေးရင် တစ်လ နှစ်လ အတွင်းမှာ အသား အရေစစ်သွားပြီး၊အများငေးတဲ့ အလှပဂေးဘော်ဒီလေး ရသွားပါလိမ့်မယ်။

ဒါ့အပြင် အသည်း အဆီဖုံးတာတွေ၊နှလုံး အဆီပိတ်တာတွေလည်းမဖြစ်တော့ပါဘူး။အချိန်မရလို့မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာ အဖြစ် စားသုံးကြပါ။အပြုတ်တွေ၊ဟင်းချိုတွေထဲမှာ မီးဖိုပေါ်က ချခါနီး ခပ်သောက်ကြပါ။

အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။ထမင်းကြော် စားတဲ့ နေ ရာ မှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စား ကြပါလို့ တိုက်တွန်း လိုက်ရ ပါတယ်။အားလုံး လှပကျော့ရှင်း၊ကျန်းမာ ခြင်းတွေ ပြည့်ဝ ကြစေရန် အတွက် ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။Source: