Trumpက တရုတ်ပြည် ဝူဟန့်က ဓာတ်ခွဲခန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ဆက်စပ်မှုကို ရှာတွေ့ထားတယ်လို့ပြောဆိုလိုက်-တရုတ်ကို သွန်းကုန်ခွန်တိုးမယ်ဟုဆို

ကိုရိုနာဗိုင်းရပ်စ်ဟာတရုတ်ဓာတ်ခွဲခန်းကတကယ်ရောစခဲ့လို့လား

အမေရိကန်သမ္မတ Trump က တရုတ်ပြည်ကို သွင်းကုန်ခွန်တိုးချပစ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ တရုတ်ပြည် ဝူဟန့်က ဓာတ်ခွဲခန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ဆက်စပ်မှုကို သူရှာတွေ့ထားတယ်လို့ ဆိုလိုက်ပါတယ်။ Wuhan Institute of Virology ဟာ အခုရောဂါပြန့်ပွားမှုရဲ့ အစဆိုတာ အသေအချာ

ယုံကြည်ရလောက်အောင် ခိုင်မာတဲ့ အချက်အလက် သူ့မှာရှိပါသလားလို့ မေးတဲ့အခါ…. ရှိပါတယ်။ “Yes, I have.” တဲ့။ သူက ဘာဖြစ်ခဲ့တယ်ဆိုတာ အသေအချာစုံစမ်းစစ်ဆေးနေပြီး စုံစမ်းမှုရဲ့ရလဒ်အဖြေကို သူမကြာခင်ရရှိမယ်လို့ ဆိုလိုက်ပါတယ်။အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းကတော့ မနေ့ကပြောရာမှာ

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ တရုတ်မှာ အစပြုခဲ့တယ်ဆိုပေမယ့် လူလုပ်ယူထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။ သတင်းထောက်တွေက Trump ကို ဘယ်အရာက သူ့ကို ဝူဟန့်ဓာတ်ခွဲခန်းနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်စေတာလဲလို့ မေးရာမှာ သူက “ငါအဲ့ဒါကို မပြောပြနိုင်ဘူး” လို့ပြန်ပြောလိုက်ပါတယ်။ အမေရိကန်သိပ္ပံပညာရှင်တွေရဲ့

မတ်လက သုသေသနစာတမ်းမှာတော့ အခုပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူလုပ်တာမဟုတ်နိုင်ကြောင်း genome sequence အရသိနိုင်တယ်လို့ ဆိုပါတယ်။ အခုဖြစ်နေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ပိုးဟာ သဘာဝအတိုင်းဖြစ်လာတာပါတဲ့။ အင်္ဂလန်က သိပ္ပံပညာရှင်တွေကလည်း လူလုပ်တာမဟုတ်နိုင်ကြောင်း ရှင်းပြခဲ့ပါသေးတယ်။

Wuhan Institute of Virology မှာ BSL-4 (ဇီဝပိုးမွှားအန္တရာယ်ကင်းရှင်းရေး အဆင့် 4 ) ရှိတဲ့ သုသေသနဓာတ်ခွဲခန်းရှိပါတယ်။ ကျနော်ကတော့ တရုတ်က သက်သက်ကြီး စီးပွားရေးအသာရဖို့ လုပ်ခဲ့တာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ သမ္မတ Xi Jinping ဟာ ကုန်သွယ်ရေးအသာရဖို့ သူ့လူတွေ မြောက်များစွာကို

ထိခိုက်သေဆုံးအောင်လုပ်မည့်သူမဟုတ်ပါ။ ဒီဗိုင်းရပ်စ်ဘယ်ကစသလဲ အယူအဆနဲ့ ပတ်သက်ပြီး ကျနော်လေ့လာမိသလောက်ကို အခြား post သပ်သပ်ရေးပါမယ်။ ယခုအချိန်မှာ Trump ဘာသက်သေတွေပြမလဲစောင့်ကြည့်ကြရအောင်ပါ။ Trade War နဲ့ Tariff လို့ကြားရတိုင်း မျက်ခုံးလှုပ်မိတာတော့ အမှန်ပါပဲ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲကလည်းရှိနေတော့ ပိုမျက်ခုံးလှုပ်မိပါတယ်ခင်ဗျား။လေးစားစွာဖြင့် Richard Myo Thant အားခရက်ဒစ် ပေးပါတယ်ခင်ဗျာ