ယောက်ျားရဲ့ အိမ်မက် ကနေ ပေါက် ဂဏန်း ရခဲ့တာ ဆို တဲ့ သန်း (၆၀) ထီ ကံထူးရှင်

ယောက်ျားရဲ့ အိမ်မက် ကနေ ပေါက် ဂဏန်း ရခဲ့တာ ဆို တဲ့ သန်း (၆၀) ထီ ကံထူးရှင်

ပရိသတ်ကြီးကို အခု ပြောပြ ပေးမှာ ကတော့ ယောက်ျား ရဲ့ အိမ် မက် ကနေ ပေါက်ဂဏန်း ရခဲ့တာ ဆိုတဲ့ သန်း(၆၀)ထီ ကံထူးရှင်အကြောင်း လေးပဲ ဖြစ်ပါတယ်။

ထီပေါက်တယ်ဆိုတာကလည်းတော်တော်လေးကိုကံထူးလို့ ပေါက်ကြတာပါ။ဗုဒ္ဓဘာသာ အယူအဆ နဲ့ ဆိုရင်တော့ အတိတ်က သူပြု ခဲ့တဲ့ကံ၊ ကံကံရဲ့ အကျိုးကို ပြန်ခံ စားရတာ မျိုးပါ။အိမ်မက်ကနေ ထီပေါက် ဂဏန်းကို ရတာ ဆိုတဲ့ ဖြစ်ရပ် မျိုး တွေ ကို ကြုံဖူး ကြဖူး ကြမှာပါ။

အမေရိကန် ဒေါ်လာ သန်း (၆၀) ထီ ကံထူးရှင် Deng Prava toudomဆိုတဲ့ အမျိုးသမီးလည်း ပေါက်ဂဏန်းကို အိမ်မက်နေ ရခဲ့တာ ပါလို့ ဖွင့်ဟ ခဲ့ပါတယ်။ဒီ အကြောင်းကို တော့ CNN မှာ ဖော်ပြ ထားတာပါ။ထီပေါက် တယ် ဆိုတာ ကလည်း တော် တော် လေးကို ကံထူးလို့ ပေါက်ကြ တာပါ။

အရမ်း ပျော်သွားတယ်၊တစ်ချိန် တည်းမှာ ငိုလည်း ငိုချမိ မိတယ်။အစတုန်းက ယုံတောင် မယုံနိုင် ခဲ့ဘူးလို့ Pravatoudom က ပြောခဲ့ပါတယ်။အိမ်တစ်လုံး ၀ယ်မယ်၊ကိုဗစ်ပြီးရင် ကမ္ဘာအနှံ့ ခရီးထွက်မယ်လို့ သူမရဲ့ စိတ်ကူး အိမ်မက် တွေကို ပြောပြ ခဲ့ပါတယ်။ Pravatoudom ကတော့ လာအို၊ ကနေ ကနေဒါ ကို သူမ ရဲ့ မွေးချင်း ၁၄ ယောက်နဲ့ အတူတူ ၁၉၈၀ လောက်က ရောက် လာခဲ့တာပါ။

ဆယ်စုနှစ် အတော် ကြာခဲ့ပြီး နောက်မှာတော့ သူမနဲ့ ခင်ပွန်း သည် တို့က မိသားစုကိုထောက်ပံ့နိုင်ဖို့ အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ရပါတယ်။”ကျွန်မတို့ မိသားစုကဘာမှ မရှိတော့ ဘုရားကျောင်း တစ် ကျောင်း ကနေ ထောက်ပံ့ ပေးတာ၊ ဒီလိုမျိုး နှစ်အကြာ ကြီး​ထောက်ပံ့ပေးလို့ ကျေးဇူး တင်ပါတယ်။ကိုဗစ်ကြောင့် ပြီးခဲ့တဲ့ နွေ ဦးလောက်တည်းက  ကျွန်မအလုပ်က နားထားရတာ၊ဒီပိုက်ဆံတွေက ကျွန်မ တို့ မိသားစု အတွက် အများကြီး အကူအညီ ဖြစ်စေမှာပါ” လို့ ပြောခဲ့ပါတယ်။

Pravatoudom ရဲ့သားသမီး တွေကတော့ အဖေနဲ့အမေ က နှစ် ၄၀ လောက် အလုပ်တွေ အရမ်းလုပ်လာ ခဲ့ရပြီး အများကြီး စွန့်လွှတ် အနစ်နာ ခံလာခဲ့ရတဲ့ သူတွေမို့ ဒီပျော်ရွှင်မှု နဲ့ ထိုက်တန်ပါတယ်လို့ ပြောခဲ့ပါတယ် ဆိုတဲ့ အကြောင်းကိုပရိသတ်ကြီးအတွက်ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Shwe Mom

Tags: