ထူးထူးဆန်းဆန်း ငါးရဲ့ဗိုက်ထဲကို ရွှေဆွဲကြိုးတစ်ကုံးထည့်ပြီး ဇနီးကို surprise လုပ်ပေး ခဲ့တဲ့ အမျိုးသား

ထူးထူးဆန်းဆန်း ငါးရဲ့ဗိုက်ထဲကို ရွှေဆွဲကြိုးတစ်ကုံးထည့်ပြီး ဇနီးကို surprise လုပ်ပေး ခဲ့တဲ့ အမျိုးသား

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ ထူးထူးဆန်းဆန်း ငါးရဲ့ ဗိုက်ထဲ ကို ရွှေဆွဲကြိုး တစ်ကုံး ထည့်ပြီး ဇနီးကို surprise လုပ်ပေး ခဲ့တဲ့ အမျိုးသား အကြောင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ်ရဲ့ ဘဝ လက်တွဲဖော်က သင့်အား လက်ဆော​င်သို့မဟုတ် အ ချို့သော ဝန်ဆောင်မှုဆိုင်ရာ လုပ်ရပ်များဖြင့် သင့်ကို အံ့အားသင့် စေတဲ့ အခါတိုင်း သူတို့ရဲ့ ကြိုးစား အားထုတ်မှု တွေကြောင့် သင်က အချစ်ခံရပြီး မြတ်တနိုး တန်ဖိုးထား ခံရတဲ့ လူတန်းစား ဆိုပြီး ကိုယ့်ကို ဂုဏ်ယူ သွားတဲ့ အချိန်တွေ ရှိနေမှာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာ လ က Munirah Mohd Shalleh အမည်ရှိပြီး Facebook မှာ SisBulan လို့ လူ သိများတဲ့ မလေးရှားအမျိုးသမီးက သူမခင်ပွန်းက ငါးတစ်ကောင်ရဲ့ဝမ်းဗိုက်ထဲကို ရွှေဆွဲကြိုး တစ်ကုံး ထည့်ပြီး သူမအား surpr ise လုပ်ခဲ့တဲ့ အကြောင်းကို မျှဝေ ပြောပြ ခဲ့ပါတယ်။

အဆိုပါ post က စတင် မျှဝေပြီး ချိန်မှစပြီး လူသိများသွားကာ 3k share အထိ ရှိသွားခဲ့ပါတယ်။သူမက ခင်ပွန်းဖြစ်သူ အလု ပ်မသွားခင်မှာရေခဲသေတ္တာထဲကနေ ထိုငါးကို ထုတ်လိုက်ပါတယ်။

ထို့နောက် SisBulan ကခင်ပွန်းဖြစ်သူက ဒီနေ့မနက်မှာသူ့အား ငါးဟင်း ချက်ကျွေးဖို့ ပူဆာနေခဲ့ပြီး ငါးကို ရိုးရိုးမချက်ဘဲ Tom Yam ပုံစံ မျိုးဖြင့် ညစာ စားချင် တယ်လို့ ချစ်စရာ ကောင်းတဲ့စ ကား ပြောဆို နေခဲ့ ကြောင်းကို ပြောပြ ခဲ့ပါတယ်။

နောက်ဆုံးမှာ သူမက ငါးကို ချက်ပြုတ် ပေးဖို့ဆုံးဖြတ် လိုက်တဲ့အ ခါခင်ပွန်း ဖြစ်သူရဲ့ ငါးစပရိုက်ကို သဘောပေါက်သွားခဲ့ရပါတယ်။သူမဟာ ငါးရဲ့ဝမ်းဗိုက်ထဲ က ‘ Happy B’day Sayang ’ ဆိုတဲ့ စာတမ်း နှင့်အတူ ပလပ်စတစ်အိတ် နဲ့ ထုပ်ထားတဲ့ ရွှေကြိုးတစ်ကုံးကို တွေ့ရှိ ခဲ့ရ ပါတော့တယ်။

“သူက ကျွန်မ ကို အရင်က တစ်ခုခု ချက်ပြုတ် ပေးဖို့ တစ်ခါမှ မတောင်းဆို ဖူးပေမဲ့ ကျွန်မကသူ့ကို နည်းနည်းလေး မှတောင် သံသ ရမဖြစ်ခဲ့ဘူး ၊ မနေ့က အဲ့ဒီ ငါးကို ကျွန်မ ဝယ်လာပြီး မချက်အားသေးလို့ ရေခဲသေတ္တာထဲ ထည့်ထားခဲ့တာ၊အဲ့တာကို သူမနေ့ည က ထုတ်ကြည့်သေးတယ်၊အဲ့တာကိုကျွန်မမရိပ်မိခဲ့ဘူး”လို့ဆိုပါတယ်။

ကြည့်ပုံအရ ခင်ပွန်း ဖြစ်သူက သူမကို ဆန်းပြား တဲ့ စပရိုက်လေးတိုက်ဖို့ အဲ့ဒီ ညကတည်းက တိတ်တခိုး လုပ်ခဲ့ ရပုံပါဘဲ။“တစ်ချိန်တည်းမှာဘဲကျွန်မ bling blingဖြစ်နေတဲ့ အရာတစ်ခုကို တွေ့လိုက် ရပြီး မျက်ရည် ဝဲသွားခဲ့ရတယ်၊ ကျေးဇူး အရမ်း တင်တယ် ယောင်္ကျားရေ၊ဘုရားသခင်ကကျွန်မတို့ရဲ့အိမ်ထောင်ရေးကို ချစ်ခြင်း၊ရက်ရောခြင်းတို့နဲ့ အမြဲ ကောင်းချီးပေးပါစေ”လို့ သူမက အ ဆုံးသတ် ပေးခဲ့ပါတယ် ဆိုတဲ့အကြောင်းကို ပရိသတ်ကြီးအတွက်ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : MM SPORT

Tags: