ရင်ထဲမှာငိုနေတာကို ဘယ်သူမှ မသိကြဘူးလို့ ရင်ဖွင့်လာတဲ့ သင်းသင်း

ရင်ထဲမှာငိုနေတာကို ဘယ်သူမှ မသိကြဘူးလို့ ရင်ဖွင့်လာတဲ့ သင်းသင်း

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ ရင်ထဲမှာ ငိုနေတာကို ဘယ်သူမှမသိကြဘူးလို့ ရင်ဖွင့်လာတဲ့ သင်းသင်း အကြောင်းလေးပဲ ဖြစ်ပါတယ်။

လက်​ရှိမှာ​တော့ အလှမယ်​ သင်းသင်းက ရိုက်​ကူးလက်​စပညာ​ပေးကား​လေး မှာ ဝတ်​ဆင်​ ခဲ့တဲ့ ဆရာမ ဝတ်​စုံ​ကြောင့် ​ဝေဖန်​ခံ​ နေရတာပါ။ဒီလို​ ဝေဖန်​ခံရတာနဲ့ ပတ်​သတ်​ပြီး သင်းသင်း က​တော့ ရင်​ထဲမှာ ငို​နေတာ​တွေ ဘယ်​သူမှ မသိဘူး လို့ ​ပေါ်ပြူလာဂျာနယ်​ နဲ့ အင်​တာဗျူးမှာ​ ဖြေဆိုခဲ့ပါတယ်​။

 

“ဝတ်​စုံက အားလုံးက ရို​သေ​ လေးစားရတဲ့ ဝတ်​စုံပါ သရုပ်​​ဆောင်​တစ်​​ယောက်​ အ​နေနဲ့ ဖက်​ရှင်​ဘက်​ကို သွာပြီး ဦးစား​ ပေးလိုက်​ တဲ့အခါဒီလိုမျိုးကြီး ဖြစ်​သွားတယ်​ဆို​တော့ အစ်​မလည်း စိတ်​မ​ကော င်းဘူး​ပေါ့ ဒီဇာတ်​ကား​လေးက ပညာ​ပေး ကား​လေး ဆို​တော့လက်​ခံလိုက်​တယ်​ စိတ်​အရမ်းပင်​ပန်း ရတယ်​​ပေါ့ ဘာအလုပ်​ ဖြစ်​ဖြစ်​စိ တ်​ချမ်းသာ ရတယ်​ဆိုရင်​ လုပ်​လို့​ ကောင်းတယ်​​ပေါ့”

 

“ငယ်​ငယ်​က ကိုယ် ​မက်​ခဲ့တဲ့ အိမ်​မက်​တစ်​ခု​ပေါ့ ကိုယ်​နှစ်​သက်​ ခဲ့တဲ့ဝတ်​စုံပါ ဒီလို အထိုးအနှက်​​ တွေခံရ​တော့ စိတ်​မ​ကောင်း လည်းဖြစ်​မိတယ်​ ဆရာဆရာမနဲ့တကွ အကုန်​လုံးကို​ တောင်းပန်း​ပါတယ်​ ​နောက်​ဆို​ သေချာ​လေ့လာ ပြီး​တော့မှ လုပ်​ပါမယ်​ သူတို့​ထောက်​ပြလို့လည်း ကိုယ်​သိရတာ​ပေါ့”

 

“ကိုယ့်​ကြောင့်မို့အစအဆုံးပြန်​ရိုက်​ရတဲ့ သူ​တွေကိုသင်းကတောင်း ပန်​ပါတယ် မက်​ဆင်​ဂျာ မှာ ဆရာမကြီး​တွေ လာ​ပြောတယ်​ သင်း​တောင်းပန်​ လိုက်​တာ သူတို့​ ကျေနပ် ​ကြတယ်​ ကိုယ်​က အနုပညာအသိုင်း အဝိုင်း လည်းရှိတာ မဟုတ်​ဘူး ဒီအ​ပေါ်မှာ ကိုယ်​ဝတ်​ လို က်​တဲ့ ဝတ်​စုံ​ကြောင့် ကိုယ့်အ​ပေါ် ထိုးနှက်​ချက်​ ဖြစ်​သွား တာ​တော့ စိတ်​​မ​ကောင်းဘူး အရမ်း ဖြစ်​တဲ့ သူဆိုရင်​ သူတို့ အဲဒီ့​ လောက်​ထိ​ပြောမလား

ဒီအမှား​ သေး​သေး​လေး​ပေါ့ ငါ့ဘဝက ဒီလို​ပေါ့ စိတ်​မ​ကောင်းဖြစ်​မိတာ​ပေါ့”ဒီဝတ်​စုံနဲ့ ပတ်​သတ်​ပြီး အစ်​မ မန့်​တွေဖတ်​မိတယ်​ တစ်​ချို့က​ တော်​​တော်​ ထိုးနှက်​ တယ်​ မတုန့် ပြန်​ချင်​​ တော့ဘူး ဘဝမှာအရမ်း​မောတယ်​ ဒီဟာကြီး အတွက်​ ပြန်​မ​ပြော ချင်​​တော့ဘူး တစ်​ခါ တစ်​​လေကျရင်​ လူ​တွေက မျက်​နှာမှာသာ ပြုံး​နေတာ ရင်​ထဲမှာငို​နေတာ ဘယ်​သူမှ မမြင်​ဘူး​လေ”

“ဒီထိုးနှက်​​ချက်​​တွေကို ငါဒီထက် ​ဆိုးတာ​တွေ​တောင် ​သည်းခံလာတာပဲ ဆိုပြီး ဒီထိုးနှက်​ချက်​​ တွေကို ငါလျစ်​လျူရှု တတ်​လာတယ်​​ပေါ့ စိတ်​ဆင်းရဲ ရမှာ​ တွေက ဘာလို့လဲ ဘာအ​ရေးကြီး လို့လဲ​ပေါ့ ကိုယ့်ကိုခွန်​အား​ ပေးတဲ့ သူ​တွေအတွက်​ ပြန်​ပြီး ထမယ်​​ပေါ့”

“အစ်​မက​တော့ မနိုင်​န်ိုင်​ရာ တတ်​မယ်​ အစ်​မမှာ အသိုင်းအဝိုင်း မရှိဘူး အနုပညာ မျိုးရိုး မရှိဘူး ထိုးနှက်​ တိုင်းသာ လူတစ်​​ယောက်​ က လဲကျ သွားရင်​ အ​ဆင်​ မ​ပြေဘူး အစ်​မ သ​ဘောကျ တဲ့ သရုပ်​​ဆောင်​ အလုပ်​ကို​ နောက်​ဆုတ်​ဖို့ လည်းမရှိဘူး အစ်​မ တတ်​နိုင်​တဲ့ ဘက်​က တစ်​​ထောင့်တစ်​​နေရာ က​နေ ကိုယ်​နိုင်​သ​လောက်ကြိုးစားသွားချင်​တယ်​”

“ဘယ်​သူ ထိုးနှက်​ ထိုးနှက်​ မယိုင်​လဲဘူးကွာ ဒီကားမှာပါရမယ်​ဆို​တော့ အစ်​မ အစကတကယ်​​တော့ စိတ်​မ​ပျော်​ဘူး ဒီမှာပါရမယ်​ဆိုလို့ အရမ်း​ပျော်​ခဲ့တာ ဂရုစိုက်​ပြီး လုပ်​ရမှဒီလို​လေး ဖြစ်​သွားတယ်​ အစ်​မမှာ အတိုက်​အခိုက်​​ တွေများတယ်​ ငယ်​ငယ်​က ကိုယ်​ဖြစ်​ချင်​တာ မဖြစ်​လာဘူး”

“သင်း ပိုပြီးအားရှိ သွားပါတယ်​ ပြ​တောင်​ မပြ​ သေးဘူး ဒီလို ဖြစ်​သွား တယ်​ဆို​တော့ ဒါသင်းကို ချစ်​လို့သာ​ ထောက်​ပြ ကြတာ​ ပေါ့ သင်းအဲဒီ့လိုပဲ ခံယူထားတယ်​ ​နောက်​နောင်​လည်း ဒီလိုအမှား​ တွေ​ထောက်​ပြ​ ပေးနိုင်​ပါတယ်​ သင်းဘက်​ကလည်း အချိန်​မီ​ပြောင်းလဲပြုပြင်​နိုင်​ပါတယ်​” လို့ ဒီကိစ္စနဲ့ ပတ်​သတ်​ပြီး ရင်​ဖွင့်ခဲ့ ပါတယ်​ဆိုတဲ့အကြောင်းကို ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source :Shwe Yaung Myanmar