ဝလွန်းလို့ ချစ်ရေးဆိုခဲ့တာ အငြင်းပယ် ခံခဲ့ရတဲ့ ကောင်လေးရဲ့ လှပတဲ့ ကလဲ့စား

ဝလွန်းလို့ ချစ်ရေးဆိုတာ အငြင်းပယ်ခံခဲ့ရတဲ့ ကောင်လေးရဲ့ လှပတဲ့ ကလဲ့စား

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ ဝလွန်းလို့ ချစ်ရေးဆိုတာ အငြင်းပယ် ခံခဲ့ရတဲ့ ကောင်လေးရဲ့လှပတဲ့ ကလဲ့စားအကြော င်းလေးပဲ ဖြစ်ပါတယ်။

လူတစ်ယောက် ကို ချစ်မိ သွားဖို့ ဆိုတာ လွယ်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့ လူရဲ့ငြင်းပယ်တာ ခံရပြီ ဆိုရင်တော့ အလွန်ခက်ခဲပြီး ဝမ်းနည်းစရာ ကောင်းတဲ့ ကိစ္စပါ။

ထိုင်းနိုင်ငံ က Mos Sataporn အမည်ရှိတဲ့ ကောင်လေးတစ်ယောက်က သူ ကြိုက်တဲ့ ကောင်မလေး ရဲ့ ငြင်းပယ်တာ ခံခဲ့ ရပြီး သူ့ရဲ့ လက်စား ပြန်ချေခဲ့ ပုံကတော့ လူအများ အတွက် အားတက် စရာ တစ်ခု ဖြစ်ခဲ့ပါတယ်။

Mos ကသာမန်ယောကျ်ားလေးတစ်ယောက်မဟုတ်ပါဘူး။ ၁၅၅ ကီလိုဂရမ် (ပေါင် ၃၄၀) ရှိပြီး အဝ လွန် နေတဲ့ ကောင်လေး တစ်ယောက်ပါ။

ပြည့်ဖောင်း နေတဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာတို့ကြောင့် သူငယ်ချင်းဖြစ်သူတွေရဲ့စတာ အမြဲခံရပေမယ့် အရပ်က(၆)ပေကျော်တာကြောင့် BMI စံနှုန်းရဲ့ အဝလွန် စာရင်း ထဲမှာတော့ မပါဝင် ခဲ့ပါဘူး။

သူချစ်တဲ့ ကောင်မလေးရဲ့ငြင်းတာ ခံလိုက်ရချိန်မှာတော့ သူ့ကိုယ်အလေးချိန် နဲ့ ပတ်သက် ပြီး တစ်ခုခု လုပ်မှ ဖြစ်တော့ မယ် ဆိုတဲ့ စိတ်ဝင် လာခဲ့ ပါတယ်။

အစပိုင်း မှာတော့ ခက်ခဲ ခဲ့ ပေမယ့် ကယ်လိုရီ နည်းတဲ့ အစား အ သောက် တွေကို ရွေးချယ် စားသောက်ခဲ့ပြီး ကြွက်သားတွေ တက်လာစေဖို့ အားကစား လေ့ကျင့်ရေးရုံမှာပါ သွားရောက်လေ့ကျင့်ခဲ့ပါတယ်။

နံနက်ပိုင်းမှာ အားကစား လုပ်ပြီး ထမင်း အနပ်တိုင်း ကို သင့် တင့်မျှတစွာ စားခဲ့ပြီးနောက် (၁)လ အကြာမှာ ၅ ကီလို (၁၁ ပေါင်) စကျခဲ့ပါတယ်။တစ်နှစ်ကြာပြီးနောက် ယနေ့မှာတော့ Mosကပေါင် (၁၆၀) ကျော် ချနိုင်ခဲ့ပြီး (၁၇၆) ပေါင် ခန့်သာ ရှိပါ တော့တယ်။

Mos ရဲ့အရပ်ရှည်ပြီး သွယ်လျတောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် အခု ဆိုရင် မိန်းကလေး တွေက သူ့ကို ဝိုင်းကြွေ နေကြ ပြီဖြစ် ပြီး ယောကျ်ားလေး တွေကလည်း အားကျ နေကြပြီ ဖြစ်ပါတယ်။

“သင် ဝိတ်ကျ ချင်တယ် ဆိုရင် ပထမဆုံး လုပ်ရ မှာက ကိုယ့်စိတ်ကိုယ်နိုင်ဖို့ပါပဲ။သူများ တွေတောင် လုပ်နိုင်တာ သင် ဘာလို့မလုပ်နိုင်ရမှာလဲ”ဆိုပြီး Mos က ဝိတ်ချဖို့ ကြိုးစားနေသူတွေကို အား ပေးခဲ့ပါတယ် ဆိုတဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source: Dailyci News

Tags: