ချစ်ဇနီးလေး မရှိတော့တဲ့ နောက်ပိုင်း ပင်စင်လစာနဲ့ ထမင်းဆိုင်ကနေချိုင့်ဆွဲ စားရင်း ဖြတ်သန်း နေရတဲ့ ဘဝအခြေအနေကို ပြောပြခဲ့တဲ့ လူရွှင်တော်ကြီး ဦးချစ်စရာ

ချစ်ဇနီးလေး မရှိတော့တဲ့ နောက်ပိုင်း ပင်စင်လစာနဲ့ ထမင်းဆိုင်ကနေချိုင့်ဆွဲ စားရင်း ဖြတ်သန်း နေရတဲ့ ဘဝအခြေအနေကို ပြောပြခဲ့တဲ့ လူရွှင်တော်ကြီး ဦးချစ်စရာ

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ချစ်ဇနီးလေးမရှိတော့တဲ့ နောက်ပိုင်း ပင်စင်လစာ နဲ့ ထမင်းဆိုင် က နေ ချိုင့်ဆွဲ စားရင်း ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေကို ပြောပြခဲ့တဲ့ လူရွှင်တော်ကြီး ဦးချစ်စရာ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးတို့ရေ အင်မတန်မှ ရယ်စရာကောင်းတဲ့ပြက်လုံးလေးတွေ နဲ့ ပရိသတ်တွေ ရယ်မော လာအောင် သရုပ်ဆောင် ပြနိုင် တဲ့ ဟာသ မင်းသားကြီး ချစ်စရာကိုပရိသတ်တွေ မှတ်မိ ဦးမယ် ထင်ပါတယ်။

ချစ်စရာကဆိုရင် အရင်ဗီဒီယို တစ်ခေတ်မှာ ဇာတ်ကား များစွာ ရို က်ကူးခွင့် ရခဲ့ရုံမျှမက အငြိမ့်ပွဲ တွေမှာလည်း အလွန်အတွေ့ရများတဲ့ လူရွှင်တော်ကြီး တစ်ယောက်ပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အသက်အရွယ် ကြီးမြင့်လာသည် ကြောင့်တစ်ကြောင်း၊ကျန်းမာရေး အခြေအနေကြောင့်တစ်ကြောင်း ဦချစ်စရာအနေနဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းခြင်း မရှိတော့တာက နှစ်အနည်းငယ် ကြာမြင့် ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေး မှာတော့ ဟာသမင်းသားကြီး ချစ်စရာကသူ့အ နေနဲ့ ပင်စင်လစာကို ချွေတာသုံးစွဲပြီး ဘဝ ဖြတ်သန်းနေရတယ်ဆိုတဲ့ အကြောင်း ရင်ဖွင့် ဖြေကြား ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဦးချစ်စရာက ဇနီးဖြစ်သူ ကွယ်လွန်ပြီးကတည်းက ချက်ပြုတ်ပေးမယ့် သားသမီး ကျောထောက် နောက်ခံ မရှိ တဲ့ အတွက် စားရေးသောက်ရေး အတွက် ထမင်းဆိုင်ကနေ ချိုင့်ဆွဲပြီး စားသောက်နေရတယ်လို့ ဆိုပါတယ်။

သူကိုယ်တိုင်ကလည်းထမင်း၊ဟင်းချက်ပြုတ်ရတာကိုယခင်တည်းက ဝါသနာပါခြင်း အလျဉ်း မရှိခဲ့တာကြောင့် မချက်တတ်၊မပြုတ်တတ်နဲ့ ဒုက္ခရောက်နေမည့်အစား ကိုယ့်ဝမ်းတစ်ထွာအဆင်ပြေစေဖို့အတွက် အခုလို ချိုင့်ဆွဲထမင်း၊ ဟင်းကို ထမင်းဆိုင် ကနေမှာယူ စားသောက် နေရတာ ဖြစ်တယ် လို့လည်း ဦးချစ်စရာ က ရှင်းပြပါတယ်။

သူမှာယူနေတဲ့ ထမင်းဆိုင်က သူ့နေအိမ် အနီးအနားက “ခရေရိပ်” လို့ အမည်ရတဲ့ ထမင်းဆိုင်တစ်ဆိုင် ဖြစ်ပြီး ဆိုင်ရှင်နဲ့လည်းရင်းနှီးတာကြောင့် ဦးချစ်စရာရဲ့ကျန်းမာရေး အခြေအနေနဲ့ ကိုက်ညီမယ့်အစားအသောက် တွေကိုသာ ဆိုင်ဘက်က စီစဉ်ပေးလေ့ရှိတယ်လို့ ဦးချစ်စရာရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

“အခုစားနေတာကတော့ လပေးပေါ့နော်၊ တစ်လကို ၇သောင်းပေးရတယ်။ဒါပေမယ့်လည်း ဆိုင်ရှင်နဲ့လည်း ရင်းနှီး ပြီးသား ဆိုတော့ ကိုယ့်ကို ဂရုစိုက်ပါတယ်။မတည့်တာတွေ၊ငန်တာတွေကိုလည်း သူတို့ဘက်က တတ်နိုင် သလောက် ရှောင်ပေးတယ်။

တက်စာတွေဖြစ်တဲ့ပြည်ကြီးငါးတို့၊ငါးသလောက်တို့ချက်ရင်လည်းသူတို့က ထည့်မပေးဘူး။ဦးက မျက်စိလည်းဒုက္ခဖြစ်ထားဖူးတယ်၊ ဆီးချိုသွေးချိုကလည်း ရှိတော့ ဦးနဲ့မတည့်တဲ့အာဟာရတွေဆိုရင် သူတို့က ထည့်မပေးပါဘူး။တည့်တဲ့ ဟာတွေပဲ ထည့်ပေး ပါတယ်။ ကောင်းပါတယ်။

သူတို့ဆီက ချိုင့်ဆွဲ စားတာ ပေါပေါသီသီ စားရ ပါတယ် ။”လို့ ဦးချစ်စရာက ပြောပြ ပါတယ်။ ထမင်းဆိုင်ကနေ တစ်ရက်ကို မနက်တစ်နပ်၊ ညတစ်နပ် ချိုင့်ဆွဲ ပို့ပေးပြီး ဒီလိုစားရတာကို တစ်ခါတစ်လေ တော့လည်း ငြီးငွေ့ မိတယ်လို့ ချစ်စရာက ဆိုပါတယ်။

“မငြီးငွေ့ဘူးလားဆိုတော့ တစ်ခါတစ်လေ တော့လည်း ငြီးငွေ့တာပေါ့။အဲ့တာကိုမှ မစားပဲ နေရင်တော့လည်း ကိုယ်ပဲ ငတ်ရုံ ပဲရှိမှာ။ အဲ့တော့ အငတ်လည်း မခံနိုင်ဘူး။ဝင်သလောက်ပေါ့နော်။ အာဟာ ရ ဖြစ်သလောက်၊ အရသာရှိ သလောက်တော့ စားရ တာပေါ့လေ။

တစ်ခါ တစ်လေ တော့လည်း ကိုယ်စားချင်တဲ့ ဟင်းလေး နဲ့ တိုက် တိုက် ဆိုင်ဆိုင်ဖြစ်သွားတဲ့ အခါများ ကျရင်တော့ စားလို့ ကောင်းတာပေါ့လေ။အသုတ် လေးရယ်၊ ဆီပြန် ဟင်းလေးရယ်၊ ငါးပိရည်လေးကလည်း ကောင်းပြီ ဆိုရင်တော့ ပိုပြီး စားလို့ မြိန်တာပေါ့။

တစ်ခါတစ်လေများ ကိုယ်မစား ချင်တဲ့ ဟင်းလေး နဲ့ သွားပြီး ကြုံ ကြိုက် မိပြီဆိုရင်တော့ ချိုင့်ဆွဲဟင်းတွေကို တူမလေးတွေကိုကျွေးပြီး တစ်ခါ တစ်လေလည်း အပြင်ထွက် စားရ တာပေါ့ ။ အဲ့တာက တော့ အကြိမ် များလာရင် မကောင်းဘူးလေ။

အကြိမ် များလာရင် ဘတ်ဂျက် ထိခိုက်တယ်။”လို့ ဦးချစ်စရာ က ရ င်ဖွင့် ပြောပြ ခဲ့ပါတယ် ။ ချိုင့်ဆွဲ အတွက် တစ်လကို ၇သောင်းနှုန်းနဲ့ လကုန် ပြီးလို့ လ ဆန်း တစ် ရက် ၊ နှစ် ရက် ဆို ရင် ပိုက်ဆံ ရှင်းပေးလိုက်ရပြီဖြစ်ပြီး ပင်စင်လစာလေးနဲ့ ဒီလိုပဲချွေတာပြီး စား သောက်နေရတယ်လို့ ချစ်စရာက ဆိုပါတယ်။

ချစ်စရာက ဇနီးဖြစ်သူရဲ့ မိသားစု ပင်စင် အနေနဲ့ ၆သောင်း လစဉ်ရရှိပြီး သူကိုယ်တိုင် ကလည်း အနုပညာ လောကထဲကိုမဝင်ခင်က ရန်ကုန် တက္ကသိုလ် အဝေးသင် ဌာန မှာ ဝန်ထမ်းဘဝနဲ့ မျက်လုံးမကောင်းလို့ ဆေးပင်စင်ယူခဲ့ရသူတစ်ဦးဖြစ်တာကြောင့် သူရဲ့ ဆေး ပင်စင်က အခုနောက်ပိုင်း ထပ်တိုးတဲ့ ပမာဏနဲ့ဆို ၁ သိန်းလောက်ရတယ်လို့ ဆိုပါတယ်။

ဒီလိုပဲ ကွယ်လွန် သွားပြီဖြစ်တဲ့ ဇနီးဖြစ် သူရဲ့ မိသားစုပင်စင်လစာလေးရယ်၊ သူ့ရဲ့ ဆေးပင်စင်ရယ် စုစုပေါင်း ၁၆၀၀၀၀ ကျပ်ကို လ စဉ်ကြေးပေးသင့် တာတွေ ပေးပြီး ကျန်ရှိတဲ့ ငွေကို မိမိရဲ့ ဆေးဖိုး ဝါးခအတွက် စုဆောင်း ထားလေ့ရှိတယ်လို့လည်း ချစ်စရာက ရင် ဖွင့် ပြောပြပါတယ်။

ပရိသတ်တို့ရေ သရုပ်ဆောင် ဦးချစ်စရာက အခုလို သူရရှိထားသ မျှ ပင်စင် လစာလေးနဲ့ အဆင်ပြေအောင် နေနိုင်တယ် ဆိုတာ မလို အပ်တဲ့နေရာမှာ မသုံးမဖြုန်းပဲ သင့်တော်သလို စီမံသုံးစွဲ နိုင်လို့ အ ဆင်ပြေနေရခြင်း ဖြစ်တယ်လို့ ပြောကြားရင်း ဒီအင်တာ ဗျူးလေး ကိုအဆုံးသတ်ဖြေကြားပေးခဲ့ပါတယ်ဆိုတဲ့အကြောင်းကို ပရိသတ် ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Mc