နားနှင့်ပတ်သက်ပြီး တခုခု ခံစားနေရရင် ဒါလေးဖတ်သွားလိုက်ပါ

နားနှင့်ပတ်သက်ပြီး တခုခု ခံစားနေရရင် ဒါလေးဖတ်သွားလိုက်ပါ

ပရိသတ်ကြီးကို အခု ပြောပြ ပေးမှာကတော့ နားရောဂါပတ်သက်ပြီး ခံစားရတဲ့ ရောဂါများ သက်သာစေမယ့် နည်းလမ်းများ ဖြစ်ပါတယ်။

ရွက်ကျပင်ပေါက်(သို့)ကြောင်လျှာသီး မီးကင်အရည်ညှစ် ခပ်နွေးနွေး နားထဲထည့်ပါ။နားကိုက်လျှင် ရွက်ကျပင်ပေါက် (သို့)ကြောင် လျှာသီး မီးကင် အရည်ညှစ် ခပ်နွေးနွေး နားထဲ ထည့်ပါ။

ညနေကြရင် ဆားခါးကို လဘက်ခြောက် ဖန်ရည်နဲ့ဖျော် နားထဲထည့်။ဘေးစောင်းပြီး ပြန်သွန်ထုတ် ၅-ကြိမ်ခန့် ပြုလုပ်လိုက်ပါ။နားကိုက်လျှင် မုန့်ညင်းဆီကို ကြွေဇွန်း တွင်ထည့် မီးအပူပေးပြီး ခပ်နွေးနွေး လောင်းထည့် ပေးပါ။

နားအူလျှင် ရွက်ကျပင်ပေါက်ရွက်ကို မီးကင်ပြီး ညှစ်၍ ရသော အ ရည်ကို နားအတွင်းသို့ ထည့်ပါ။နားလေးလျှင် ကြောင်ရှာသီးကို မီး အုံးပြီး အရည်ညှစ်ယူပါ။ထို့နောက် နားအတွင်းသို့ တစ်နေ့ ၂-ကြိမ်ထည့် ပေးပါ။

နားပင်လျှင် ကြောင်ရှာသီးကိုပြုတ်ပြီး သံပုရာသီးညှစ်၍ သုတ်စားပါ။နားပြည်ယိုလျှင် ကြိတ်မှန်ရွက် အရည်နှင့် အုန်းဆီရောကာ နား ကျပ်ပေးပါ။နားပြည်ယို၍ကိုက်နေလျှင်ငဖြူကြီး(မုရိုးပင်) အရွက်ရင့်ရင့်ကို ထောပတ် သုတ်၍ မီးကင်ပြီး အရည်ညှစ် ယူကာ နားအ တွင်း သို့ ထည့်ပေးပါ။

နားလေ ထွက်လျှင် ကြက်သွန်နီဥ အရည်ညှစ် ထည့်ပေးပါ။နားအူနားလေထွက်လျှင် တရုတ်စံကားပွင့် ကို နားတွင်း ပိတ်ဆို့ထားပါ။ အပွင့်ကို ပြုတ်ပြီး အသုတ်သုတ် စားပါ။

နားအူနားအုံကိုက်လျှင် သင်္ဘောရွက်ကို မီးအုံ၍အတို့အမြုပ်လုပ်၍ စားပေးလိုက်ပါ။နားအတွင်းပိုးကောင်၀င်လျှင် ခရမ်းကစော့သီးကို မီးချို့ အခိုးခံ ပေးပါ။ မုန့်ညင်းဆီ ဖြင့် နားကျပ် ပေးလိုက်ပါ။

ဦးကြည်လွင်မြင့်(မုဒြာ)

Tags: