တောတွင်းရှိ ရေကန် တစ်ခုထဲ ကျနေတဲ့ အမျိုးသားကို ကယ်ဖို့လ က်ကမ်း ပေးခဲ့တဲ့ တောရိုင်းမျောက်ဝံကြီး

တောတွင်းရှိ ရေကန် တစ်ခုထဲ ကျနေတဲ့ အမျိုးသားကို ကယ်ဖို့လ က်ကမ်း ပေးခဲ့တဲ့ တောရိုင်းမျောက်ဝံကြီး

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာ ကတော့ တောတွင်းရှိ ရေကန်တစ်ခုထဲ ကျနေတဲ့အမျိုးသားကိုကယ်ဖို့ လက်ကမ်းပေးခဲ့တဲ့ တောရိုင်းမျောက်ဝံကြီး အကြောင်းပဲ ဖြစ်ပါတယ်။

မျိုးတုန်း ပျောက်ကွယ်လုနီးပါး တိရစ္ဆာန်မျိုးစိတ်တွေကို ကာကွယ်ပေးတဲ့ နေရာ Borneo ကျွန်းက သစ်တော တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ တောရိုင်း မျောက်ဝံကြီး တစ်ကောင် က ရေကန် တစ်ခုထဲ ရောက်နေတဲ့ အမျိုးသား တစ်ယောက် ကို ကူညီဖို့ ကြိုးစား နေတဲ့ အချိန် အခိုက်အတန့်ကို အမိအရ ဓာတ်ပုံ ရိုက်ခဲ့တာ ဖြစ်ပါတယ်။

ပုံထဲမှာ နူးညံ့တဲ့ တောကောင်ကြီးက လက်တစ်ဖက်ကို ထောက်ပြီး ကျန်လက်တစ်ဖက်နဲ့ ရေထဲက အမျိုးသားကို အပေါ် ဆွဲတင် ပေးဖို့ လက်ကမ်းပေး နေတာ ဖြစ်ပါတယ်။ရေကလည်း ဘယ်လောက်နက်လဲဆိုရင် အဲ့ဒီ အမျိုးသားရဲ့ ရင်ဘတ်အထိ မျောက်ဝံတွေ အ တွက် အန္တရာယ် ရှိတဲ့​ မြွေတွေကို ရေထဲ ဆင်းပြီး ရှာဖွေ ဖယ်ရှား ပေးနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံဆရာ Anil Prabhakaက Borneo ကျွန်းရဲ့ သစ် တောထဲ သူငယ်ချင်းတွေနဲ့ လေ့လာရေးအပျော်ခရီး ရောက်လာတဲ့ ချိန် ပုံမှန်မဟုတ်တဲ့ ဒီအဖြစ် အပျက်ကို အမှတ်မထင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မျောက်ဝံကြီးက အဲ့ဒီ အမျိုးသား ဘာလုပ် နေလဲဆိုတာ စောင့်ကြည့် နေခဲ့ ပြီးမှ ရေကန် အနားကို ကပ်သွားပြီး လက်ကမ်း ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသားက နောက်ဆုတ်လိုက်ပြီး တောကောင်ကြီးရဲ့လက်ကို ဖမ်းမဆွဲဘဲ ငြင်းဆန်ခဲ့ ပါတယ်။ဓာတ်ပုံ ဆရာ က ဘာလို့ ငြင်းဆန် ခဲ့လဲလို့ မေးကြည့်တဲ့ အခါ မှသူက ဘာပဲ ဖြစ်ဖြစ် သူကတောရိုင်း တိရိစ္ဆာန် တစ်ကောင် ပဲလေ။ငါတို့ ရင်းနှီး ကျွမ်းဝင်မှုလည်းမရှိဘူး။ဒါပေမယ့် သူတို့ကိုကူညီကာ ကွယ်ပေးရမယ်။သူတို့ကလည်း သူတို့အတွက် လုပ်နေမှန်း ကောင်းကောင်းသိပုံရပါတယ်လို့ အမျိုးသားက ပြန်ပြောခဲ့ပါတယ်။

လေ့လာချက် အရ မျောက်ဝံ တွေက လူသား တွေနဲ့ အနီး စပ်ဆုံး တိရစ္ဆာန်မျိုးစိတ် ဖြစ်ပြီး မြင့်မားတဲ့ အသိဉာဏ်နဲ့ အာရုံ ခံစားမှုရှိသူတွေ ဖြစ်ပါတယ်။သူတို့က အင်ဒိုနီးရှား ရဲ့ အထင်ကရနဲ့ အရေး ကြီးတဲ့ မျိုးစိတ်တွေပါ။မျောက်ဝံတွေ ထိန်းသိမ်းစောင့်ရှောက်ရေးပရဟိတ အဖွဲ့ Borneo Orangutan Survival Fou ndation ကိုတော့ (၁၉၉၁) ခုနှစ်က တည်ထောင် ခဲ့တာဖြစ်ပါတယ်။

ဖောင်ဒေးရှင်းက အဖွဲ့ဝင်(၄၀၀)ကျော်နဲ့အတူ လက်ရှိမှာ မျောက်ဝံ (၆၅၀) နီးပါး ကို ထိန်းသိမ်း စောင့်ရှောက် နေသလို သစ်တောပြန် လည် ထူထောင်ရေး၊ လယ်ယာ၊သစ်တော စိမ်းလန်းရေး၊ ရပ်ရွာလူထူစွမ်းရည်မြှင့်တင်ရေး၊ ပညာရေးနဲ့ မျောက်ဝံတွေရဲ့ ကျန်းမာရေး စောင့် ရှောက်မှုတွေ လုပ်ဆောင် နေတဲ့ အဖွဲ့အစည်း တစ်ခု လည်းဖြစ်တယ်လို့သိရပါတယ်ဆိုတဲ့ အကြောင်းကိုပရိသတ်ကြီးအတွက်ပြန်လည်မျှဝေ ပေးလိုက် ပါတယ်။

Credit

Tags: