ကချင်ပြည်နယ်သားတစ်ဦး အသက်နဲ့ရင်းပြီး သတင်းပေးပို့လာတဲ့ သတင်းပုံရိပ်များ

အစိုးရ တာဝန်ရှိသူတွေ သိရှိအရေးယူစေနိုင်ဖို့ ကချင်ပြည်နယ်သား တစ်ဦးကိုယ်တိုင် အသက်နဲ့ရင်းပြီး ရယူခဲ့တဲ့သက်သေခံ ပုံတွေ

တောထဲအထိရိုက်ကူးပေးပို့လာတဲ့ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ သတင်းပါ …. ကချင်ပြည်နယ်အတွင်းမှာ တရုတ်များKIAတပ်မဟာ(၈)နှင့်ပူးပေါင်းပြီး တပ်မဟာ(၈)နယ်မြေအတွင်း ခိုလုံနေပြီး ရွေလုပ်ကွက်များကိုအကြောင်းပြကာ တေားတွင်တစ်နေရာတွင် အဆင်မြင့် (ပါကေး) စက်ကြီးများဖြင့် ကျွန်းသစ်များ/တပ်မလန်းသစ်များအား

သစ်တေားပြုန်းတီးအောင် နေစဉ်နှင့်အမျှ လုပ်ဆောင်နေကြသည်ကို ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားသိရှိစေလို၍တင်ပြခြင်း။ သတင်းအနေဖြင့်တင်ပြရခြင်းအကြောင်းမှာ KIAတပ်မဟာ (၈)နှင့်တပ်ရင်း(၅)တို့ပိုင်နက် နယ်မြေနှင့်ထိစပ်နေသည့် မိုးကောင်းမြို့/ဟိုပင်မြို့/မိုးညှင်းမြို့ /ဆင်ဘိုမြို့/ရွေကူမြို့/မြို့လှမြို့ ဖော်ပြပါမြိုများ၏

နယ်နိမိတ်များအားလုံးအတွက် Covid-19 အန္တရာယ်များ အထိန်းအကွတ်မဲ့ ပြန်နန့်လာနိုင်သည့်အတွက် .. သက်ဆိုင်ရာလူကြီးမင်းများအနေဖြင့် လိုအပ်သလိုကူညီဆောင်ရွှက်ပေနိုင်ပါရန်နှင့် အထိန်းအကွတ်မဲ့ဝင်ရောက်ခိုလုံနေသည့် တရုတ်နိုင်ငံသားများအား နှင်ထုတ်ပေးနိုင်စေရေးကူညီဆောင်ရွက်ပေးပါလို့ အန္တရာယ်ကြားက

ပြည်သူများကိုယ်စား တင်ပြရခြင်းဖြစ်ပါသည်။ ဟိုပင်မြို့ဘက်သို့ သွားရောက်၍စားနပ်ရိတ်ခါများ ဝယ်ယူရန် အဆင်မပြေကြသည့်အတွက် ရွှေကူမြို့နယ် သို့မဟုတ် စကိုင်းတိုင်းကသာလမ်းကြောင်းကိုအသုံးပြုပြီး မိုးညှင်းမြို့ဘက်သို့လဲ အသွားအလာများ ပြုလုပ်လျှက်ရှိကြပါသည် ဆောင်းရာသီထဲကစလို့ KIA တပ်မဟာ(၈)နယ် မြေအတွင်းဘက်သို့

ရွှေလုပ်ကွက်များတူးဖော်လုပ်ကိုင်နေကြပြီး မိုးတွင်းကာလမှာလဲ တရုတ်များဟာ သူတို့နိုင်ငံဘက်သို့မပြန်ကြပဲ တောအောင်းနေပြီး နောက်ထပ်လူအသစ်များပါ အစုအဖွဲ့အလိုက်တွေ ထပ်မံခိုးဝင်လာကြပါတယ်။ ကောက်ကွေ့ချောင်း အဖျား(ထာတရန်)ခေါ် ဂျိန်းဖေါ့ကျေးရွာ နှင့်ချောင်းစုန်အနီးတဝိုက်တောတွင်းမှာအ ခြေစိုက်ပြီး

ပါတ်လွှစက်ကြီးများနှင့် သစ်တောတွင်း ကျွန်းသစ်များ/တပ်မလန်းသစ်များကို ခွဲစိတ်ပြီး စက်လှေတစ်ချို့နှင့် ကောက်ကွေချောင်းအတိုင်း စုန်ဆင်းကာ ဧရာဝတီမြစ်ဘက်မှ ဗန်းမော်မြို့ဘက်သို့ နေတစ်ဓူဝ သယ်ယူပို့ဆောင်နေသည်ကို သိရှိနေရပါတယ် ကောက်ကွေ့ချောင်းအတိုင်းစုန်ဆင်းလာခဲ့လျှင် ရင်း(၅)နယ်မြေလွန်ရင် မြို့လှမြို့ ကိုရောက်ပါတယ်

၎င်းမြို့လှမြို့ဟာ ကချင်ပြည်နယ် အစိုးရ၏ အုပ်ချုပ်မှုအောက်မှ မြို့တစ်မြို့ပါ။ ဌာနဆိုင်ရာ အဖွဲ့များ နှင့် ကာကွယ်ရေးမှ စစ်တပ်များလဲတပ်စွဲပြီးရှိထားပါတယ် သို့ပေမဲ့ တပ်မဟာ(၈)နဲ့တရုတ်များမှ ပါကေးပျဉ်များတင်လာသည့်စက်လှေများဟာ မြိုလှမြို့ကိုကျော်ဖြတ်သည့်အခါ ကိုယ်ပျောက်ဆေးတွေများ သုံးလာသည့်နယ် မမြင်ရလို့များလား

တော့မသိရပါ ဒေသခံပြည်သူများက မြင်ရပြီး ကာကွယ်ရေးမှစစ်တပ်နှင့် ပြည်ထဲရေးမှ ရဲတပ်ဖွဲ့ များဟာ စွန့်အနားမကြားများအတိုင်း မမြင်ချင်ရောင် မကြားချင်ရောင်ဆောင်နေကြသည့်ဖြစ်ရပ်များဟာ သဘောရိုးတော့ဖြစ်မည်မထင်ပါ မကြာသေးမှီ 25.4.2020ရက်အတောအတွင်းက ရန်းဖောင်ခေါ် သစ်ခိုးကားအမျိုးအစားကတစ်စီးနှင့်

ဘက်ကက်ခေါ် လမ်းဖောက်ရန်စက်ကြီးတစ်စီး စုစုပေါင်း(၂)ဟာဆိုရင် မြို့လှမြို့ ရဲတပ်ရင်းအရှေ့တည့်တည့်မှ KIA တပ်မဟာ(၈)နယ်ဘက်သို့ ကျွန်းပါကေးခွဲသားများနှင့် တပ်မလန်းသစ်များ တောတွင်းမှခိုးထုတ်နိုင်ရန် ဖြတ်သန်းသွားသည်ကို သိသိကြီး နှင့်ဖြတ်သန်းခွင့်ပြုလိုက်သည်ကို ပြည်သူများ မျက်မြင်ဖြစ်ပါသည်။

ဖြတ်သန်းသွားသည့် စက်ကြီးများဟာ KIA လက်နက်ကိုင်များနှင့် ပါတ်သက်နေသည့်အတွက် ဒေသခံများလဲ ဘာမှမပြောရဲကြပဲ ကြည့်နေကြရသည့် အခြေနေများ ဖြစ်နေသည့်အတွက် လူနေမှု့ဘဝများ လုံခြုံမှုမရှိသည့် အခြေအနေများရင်ဆိုင်နေကြရသည့်အတွက် လုပ်ငန်းပိုင်းနှင့်ဆက်နွယ်နေသည့် ခိုးဝင် တရုတ်နိုင်ငံသားများအား

ငြိမ်းချမ်းသောနည်းများဖြင့် မောင်းထုတ်ပေးကြပါဦးလို့တောင်းဆိုလိုက်ရပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့်အနီးကပ်ဆုံးဖြစ်တဲ့မြို့များဟာ ဒေသန္တရ အမိန့်ထုတ်ခါ covid-19 အန္တရာယ်များအား ကြိုတင်ကာကွယ်မှုတစ်ရပ်အနေဖြင့် သူ့နယ်မြေကိုယ့်နယ်မြေများအား ရပ်မိရပ်ဖများနှင့် ဘော်လန်တီယာများစုစည်းကာ မြို့ကို

လော့ဒေါင်းချ ပြီး နေ/ည ကင်းများစောင့်ပြီး စီစစ်နေချိန်မှာ မြို့လှမြို့ ဘက်လမ်းကြောင်းမှ တပ်မဟာ(၈)မှ မြို့နယ်မှူး/တိုက်နယ်မှုး ခွဲမှူး ဗိုလ်မှူး အစရှိသည့် ပါဝါများနှင့် အသုံးပြုကာ တရုတ်များကို ဆိုင်ကယ်များဖြင့် တင်ဆောင်ကာ ဖြတ်သန်းလေ့ရှိနေပါသည် လူမှု့ရေးအရ ကိုယ်ချင်းစာစိတ်များဖြင့် နယ်မြေဒေခံများကို ဖြတ်သန်းခွင့်ပြုပေးနိုင်သော်လဲ

သူတို့နှင့်အတူ လိုက်ပါလာကြသည့် တရုတ်လူမျိုးများကိုတော့ ဒေသခံများအနေဖြင့် ခွင့်မပြုချင်ကြပါဘူး ဒေသခံများအနေဖြင့် တားဆီးမည်ဆိုပါလျှင်လဲ ပြည်ထဲရေးမှ ရဲးတပ်ဖွဲ့များ ကာကွယ်ရေးမှ စစ်တပ်အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်ခြင်းများ မရှိမှု့ကြောင့် ဒီအတိုင်းပဲ ခွင့်ပြုပေးနေကြရပါသည် သတင်းပေးသူများထံမှ သိရှိရသည့် ပြောပြချက်များအရ

တောတွင်းခိုးဝင်ခိုလှုံနေကြသည့် တရုတ်တစ်ချို့ဟာ အပြင်းဖျားများ ဖျားနာနေကြသည်ဟု ပြေားပြလာသည့်အတွက် ဒေသခံများ အရမ်းစိုးရိမ်နေကြရပါသည် ၄င်းမြို့လေးသည်အစိုးရ၏ လက်လမ်းမမှီသည့် မြို့လေးတစ်မြို့ဖြစ်ပြီး ဆေးရုံသာရှိပြီး ဆရာဝန်မရှိသည့်တွက် အန္တရာယ်အနီးကပ်ဆုံးဖြစ်နေတဲ့ မြို့လှမြို့ လေးတစ် မြို့မို ပြစ်မထားပေးကြပါနဲ့လို့

အနူးအညွတ်တောင်းဆိုလိုက်ရပါသည် ။ပုံများနှင့်တစ်ကွ ပေးပို့တင်ပြပေးလိုက်ပါသည် အန္တရယ် များကြားက ပုံများယူလာပေးသူကိုလဲ လေးစားလျှက်ပါ စက်ကြီးများနှင့် တူးဖော်လုပ်ကိုင်နေကြသည့် လုပ်ကွက်များဘက်သို့ သွားရောက်ရိုက်ကူးရန်အန္တရယ်အရမ်းများသည့်အတွက် နားလည်ပေးစေချင်ပါသည်။ လုပ်ငန်းနှင့်ဆက်စပ်ပြီး ကချင်ပြည်နယ်ကြီးတစ်ခုလုံး

Covid-19 အန္တရာယ်များ တစ်ပြည်နယ်လုံး တစ်နိုင်ငံလုံးကို ဒုက္ခမပေးနိုင်ဘူးလို့ ဘယ်သူမှအာမမခံပေးနိုင်သည့်အတွက် ပြည်နယ်မှတာဝန်ရှိသူများ အရေးပေါ်အခြေအနေအဖြစ် ကူညီအရေးယူနိုင်ဖို့ ကူညီပေးပါဦးလို့တင်ပြတောင်းဆိုက်လိုက်ပါသည်။ သတင်းပေးပို့သူ – ကချင်ပြည်နယ်သားတစ်ဦး ZN.H 🇦🇺