လူရွှင်တော်တွေ ထဲမှတော့ ကိုဒိန်းဒေါင် ချမ်းသာဆုံးပါ ဆိုတဲ့ ချက်ကြီးနဲ့ပိုးလေး

လူရွှင်တော်တွေ ထဲမှာ ကိုဒိန်းဒေါင် ချမ်းသာဆုံးပါဆိုတဲ့ ချက်ကြီးနဲ့ပိုးလေး

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ လူရွှင်တော်တွေထဲမှာ ကိုဒိန်းဒေါင် ချမ်းသာဆုံးပါ ဆိုတဲ့ ချက်ကြီး နဲ့ ပိုးလေး အကြောင်းလေးပဲ ဖြစ်ပါတယ်။

ကိုဗစ်ကာလ အတွင်းမှာ လူရွှင်တော်ဥက္ကဌ ဒိန်းဒေါင်နဲ့အတူ ပရဟိ တ အလုပ်တွေ လုပ်ဆောင်နေတဲ့ ချက်ကြီးနဲ့ပိုးလေး တို့ကတော့ ပ ရဟိတ လုပ်နေတဲ့ အချိန်မှာတောင် မကောင်းတဲ့ ဝေဖန်မှုတွေ ကြုံလာရတဲ့ အပေါ် သူတို့ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

လူရွှင်တော် အသင်းကတော့ လက်ရှိမှာ သက်ကြီး လူရွှင်တော်တွေနေထိုင်ဖို့အတွက်ဘိုးဘွားရိပ်သာ ဆောက်နေတယ်လို့ သိရပါတယ် ဒါ့အပြင် ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ဆောင် ရွက် နေကြတာပါ။

အချိန်အကြာကြီး ပရဟိတ အလုပ်တွေ လုပ်လာရတဲ့ အချိန်မှာ မိ သားစု စားဝတ်နေရေးကိုလည်း ဘယ်လို ဖြေရှင်းနေရ သလဲဆိုတဲ့အပေါ် ချက်ကြီးက အခုလို ပြောပြခဲ့ပါတယ်။“ ကျွန်တော် အရှင်းဆုံးပြောရရင် လူရွှင်တော်တွေထဲမှာ ကိုဒိန်းဒေါင်အချမ်းသာဆုံးပဲ။ အရင်တုန်းကလို ကျွန်တော်တို့ အလုပ် တွေ မလုပ် ရတော့ ရှားပါးသွားတဲ့အတွက် သို့သော် အဆင်ပြေ အောင်တော့ နေနေ ရတယ်။

ကျွန်တော်ဆို ကွန်ပျူတာကို အရမ်းမက်မောတယ် ဒါပေမယ့် အခု ရောင်းလိုက်ရပြီ။စားဖို့ သောက်ဖို့ကတော့ အရမ်းမခက်ခဲပါဘူး။ပ ရိသတ်တွေရဲ့ ချစ်ခြင်း မေတ္တာ ကြောင့် အဆင်ပြေ သလောက် အ လုပ်လေးတွေ လုပ်လို့ရနေသေးတယ်”လို့ Duwun ကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် လူရွှင်တော် ပိုးလေး ကလည်း သူ့မိသားစု ရဲ့ စားဝတ်နေရေး အခြေအနေ တွေကို ပြောပြရင်း သားပစ်၊မယားပစ် ပရဟိတအလုပ်တွေ လုပ်နေရသူ ဖြစ်တာ ကြောင့် ဝေဖန်မှု တွေ ကြုံလာရတိုင်း စိတ်မကောင်း ဖြစ်မိတယ်လို့ ဆိုပါတယ် ။“တချို့ဆိုရှိတယ် စိတ်မကောင်းစရာတစ်ခုပါ ပရဟိတအလုပ်မှ ဝတ်နိုင်စားနိုင်တယ်ဆိုတာမျိုးပေါ့။

ဒါက အရင်ကတည်းက ကျွန်တော်တို့က ဝတ်နိုင် စားနိုင် ခဲ့တာပါ။ အခု ပရဟိတ လုပ်နေတဲ့ အချိန်မှာတောင် ရွှေလက်ပတ် ၊ ဆွဲကြိုး အကုန် ရောင်းလိုက်ရတယ်။ပြီးတော့ အချိန် အကြာကြီး သားပစ်၊ မယားပစ် နဲ့ အလုပ်တွေ လုပ်နေရတဲ့ အချိန်မှာ မဟုတ်ကဟုတ်ကတွေလာ ဝေဖန် ကြတယ်။

ပြီးတော့ ပရဟိတ လုပ်ငန်း အပေါ်မှာ ကျွန်တော်တို့ တကယ် စိတ်နှစ်ပြီး လုပ်နေတာ ဖြစ်တော့ သူတို့ရဲ့Comment တွေကို တွေ့ရင် တော်တော် စိတ်မကောင်းဖြစ်တယ်။ကျွန်တော်တို့နေရာမှာတစ်ရက်လောက် လာလုပ် စေချင်တယ်။

တစ်ခါတလေ ဝေဖန်တာ တွေ့တော့ ရယ်ချင် မိတာ လောက်ပါပဲ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။အခု လက်ရှိမှာတော့ လူရွှင်တော် အသင်းမှာ ချက်ကြီးက ဘဏ္ဍာရေးမှူးရာထူးနဲ့ ပိုးလေးက အတွင်း ရေးမှူး (၁) ရာထူး ကို တာဝန် ထမ်းဆောင် နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးဒိန်းဒေါင်က ဥက္ကဌ ၊ ကိုအုန်းသီးက ဒုဥက္ကဌ ၊ကိုကံပွင့် က အတွင်းရေးမှူး ၂ ၊ ကိုချစ်ချောက စာရင်းစစ်၊ ကိုမျောက်ရှုံးက စည်းရုံးရေးမှူး၊ကိုစိစိနဲ့ ကိုစူပါ တို့ကတော့ အဖွဲ့ဝင်တွေ၊ ကိုစိန်ပန်းသီး ပြန်ကြားရေး၊ကိုအောင်ချစ် တွဲဖက်ပြန်ကြားရေး စတဲ့ လူရွှင် တော်တွေ ကလည်း အသင်းရဲ့ ရာထူး အသီးသီးမှာ တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။

ဒါ့အပြင် ဒိန်းဒေါင် ဦးဆောင်တဲ့ ချွန်တွန်း ပရဟိတ အဖွဲ့ မှာလည်း ချက်ကြီး နဲ့ ပိုးလေး တို့က ပါဝင်ကူညီ ပေးလျှက် ရှိပါတယ် ဆိုတဲ့အကြောင်း ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source :  Duwun Cele Yatkwat