ပိုင်တံခွန်ကိုယ်တိုင် ဦးစီးပြီးတည်ဆောက်မယ့်သိမ်ကျောင်းဆောင်အလှူမှာသိန်း(၃၀)စီပါဝင်လှူဒါန်းခဲ့ကြတဲ့နေခြည်ဦးနဲ့ဝတ်မှုံရွှေရည်

ပိုင်တံခွန်ကိုယ်တိုင် ဦးစီးပြီးတည်ဆောက်မယ့်သိမ်ကျောင်းဆောင်အလှူမှာသိန်း(၃၀)စီပါဝင်လှူဒါန်းခဲ့ကြတဲ့နေခြည်ဦးနဲ့ဝတ်မှုံရွှေရည်

ပရိသတ်ကြီးရေ အခု ပြောပြ ပေးမှာကတော့ ပိုင်တံခွန် ကိုယ်တိုင်ဦးစီးပြီးတည်ဆောက်မယ့် သိမ်ကျောင်းဆောင်အလှူမှာ သိန်း(၃၀) စီပါဝင် လှူဒါန်းခဲ့ကြတဲ့ နေခြည်ဦး နဲ့ ဝတ်မှုံရွှေရည် တို့ အကြောင်းလေးပဲ ဖြစ် ပါတယ်။

ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦး တို့ကို ပရိသတ်ကြီးအားလုံး ချစ်ခင်ပြီးသားဖြစ်မှာပါ။ ဝတ်မှုံရွှေရည် ကတော့ ထိပ်တန်း မင်းသမီးဝါရင့်သမ္ဘာရင့် အကယ်ဒမီ သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီးနေခြည်ဦးကလည်း သူ့ရဲ့ထူးချွန် ပြောင်မြောက် လာတဲ့ အနုပညာအရည် အ ချင်းကြောင့် အချိန်တိုလေး အတွင်း မှာ အောင်မြင် တဲ့ နေရာ ကို ရောက်ရှိ လာခဲ့သူ တစ်ယောက်ပါ။

နေခြည်ဦး နဲ့ ဝတ်မှုံရွှေရည် တို့ က “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူတွဲဖက် သရုပ်ဆောင်ခဲ့ကြသလို ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာပြုလုပ်တဲ့Paris Fashin Week နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကော က်မြို့မှာ ပြုလုပ် တဲ့ Kanebo Make Up Base Laun ch ပွဲ တို့ကို လည်း အတူတူ တက်ရောက် ဖူးကြ သူ မို့ အပြင် မှာလည်း တစ်ယောက် နဲ့ တစ်ယောက် ခင်မင် ပြီးသား ဖြစ် ပါတယ်။

ပြည်သူချစ် မင်းသမီးလေးတွေပီပီ ပရိသတ်တွေရဲ့စိတ်ဝင်စားအာ ရုံစိုက်ခြင်း ခံရတဲ့ ဝတ်မှုံရွှေရည် နဲ့ နေခြည်ဦးတို့ကဒီတစ်ခေါက်မှာလည်း ပိုင်တံခွန်ရဲ့ သိမ်ကျောင်းဆောင်အလှူတော်မှာပါဝင်လှူဒါန်းပေးခဲ့ ကြတာကို တွေ့ရ ပါတယ်။

ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦး တို့က ပိုင်တံခွန် ဦးစီးပြီး အလှူငွေကော က်ခံတဲ့ သိမ်ကျောင်းဆောက်အလှူတော်မှာတစ်ယောက်ကိုငွေကျပ်သိန်း (၃၀) စီ ထည့်ဝင် လှူဒါန်း ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦး တို့ကတော့ အရင်ကတည်းက ကုသိုလ်တွေကိုအမြဲမပြတ် ပြုလုပ်ကြ သူတွေဖြစ်ပြီး အနုပညာ ညီအစ်ကို မောင်နှမ တွေရဲ့ အလှူတွေမှာလည်း ပါဝင် အားဖြည့်လှူဒါန်းတတ်စမြဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့ရဲ့ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓု ခေါ်ဆို ပေးနိုင်ဖို့ရန်အတွ က်ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Paing Takhon’s Facebook