ခေတ်နဲ့သစ်ရဲ့ (၄) နှစ်ပြည့် မွေးနေ့မှာ သူတို့လေးတွေ ကြိုက်တဲ့ကာတွန်း အရုပ်လေး နဲ့ ပျော်စရာ အမှတ်တရတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ ချစ်သုဝေနဲ့လင်းလင်း

ခေတ်နဲ့သစ် ရဲ့ (၄) နှစ်ပြည့် မွေးနေ့ မှာ သူတို့လေးတွေ ကြိုက်တဲ့ကာတွန်း အရုပ်လေး နဲ့ ပျော်စရာ အမှတ်တရတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ ချစ်သုဝေ နဲ့ လင်းလင်း

ပရိသတ်ကြီးရေ အခု ပြောပြ ပေးမှာကတော့ ခေတ်နဲ့သစ် ရဲ့ (၄) နှစ်ပြည့် မွေးနေ့မှာ သူတို့လေးတွေ ကြိုက်တဲ့ ကာတွန်းအရုပ်လေးနဲ့ ပျော်စရာ အမှတ်တရတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ ချစ်သုဝေ နဲ့ လင်းလင်း တို့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ပြည်သူချစ် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ အိမ်ဂေဟာလေး ကတော့ အရမ်းကို ချစ်စရာ ကောင်းတဲ့ သ မီးလေး တွေကြောင့် အမြဲလိုလို ရယ်မော သံတွေနဲ့ ဆူညံ နေရတာ ပဲဖြစ်ပါတယ်။ လတ်တလော မှာတော့ လင်းလင်း နဲ့ ချစ်သုဝေ က ခေတ်လေး၊ သစ်လေး တို့နဲ့ အတူ အိမ်မှာပဲ နေရင်း ဖောင်ဒေးရှင်း အလုပ်တွေကို ဦးစီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ ကတော့ ချစ်စရာ ကောင်းပြီး ကြည်နူးစရာ တွေ အ ပြည့်ပါတဲ့ လင်းလင်း နဲ့ ချစ်သုဝေ တို့ရဲ့ မိသားစုလေး ကို ချစ်ခင် စွာနဲ့ အားပေး နေကြတာပဲ ဖြစ်ပါတယ်။မနေ့က ဇန်နဝါရီလ (၁၉) ရက် နေ့ကတော့ အမြွှာလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ် တို့ရဲ့ မွေးနေ့ရက်မြတ် လေးပဲ ဖြစ်ပါတယ်။

ချစ်သုဝေက သူမရဲ့ သမီးလေးတွေ မွေနေ့မှာ သူမ ကိုယ်တိုင်လုပ်ထားတဲ့မွေးနေ့ ကိတ်လေးဖန်တီးခဲ့သလို ဖေဖေလင်းလင်းကလည်း သမီးနှစ်ယောက် အတွက် သူတို့လေးတွေကြိုက်တဲ့ totoro ကာ တွန်းအရုပ်လေးတွေနဲ့ အမှတ်တရတွေ ဖန်တီး ပေးခဲ့တာမို့ ခေတ်နဲ့သစ်ရဲ့ မွေးနေ့လေးက ပျော်စရာတွေနဲ့ ကုန်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

​ခေတ်လေးနဲ့ သစ်လေး ကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် အရွယ်ရောက်ကြီးပြင်းလာခဲ့တာ အခုဆိုရင် (၄) နှစ်တောင်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ် တို့ရဲ့ မွေးနေ့ အမှတ် တရ ပုံရိပ် လေး တွေကို ကြည့်ပြီး သဘောကျ နေကြမယ်ထင်တဲ့ အတွက် ပရိသတ်ကြီး အတွက်လည်း ပြန်လည် မျှဝေ ပေး လိုက်ပါတယ်။

Source: Cele Connections