ခရီးသွားရာဇ၀င်မရှိ၊ ကိုဗစ်လူနာနှင့်ထိတွေ့ခြင်းမရှိသည့် အင်းစိန်မှ အမျိုးသမီး ၁ ဦး ရောဂါကူးစက်ခံရ၊ မည်သို့ ကူးစက်ခံရသည်ကို စုံစမ်းနေ

ခရီးသွားရာဇ၀င်မရှိ၊ ကိုဗစ်လူနာနှင့်ထိတွေ့ခြင်းမရှိသည့် အင်းစိန်မှ အမျိုးသမီး ၁ ဦး ရောဂါကူးစက်ခံရ၊ မည်သို့ ကူးစက်ခံရသည်ကို စုံစမ်းနေဟုဆို

ရန်ကုန်၊ မေ ၁ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိရပြီး စုစုပေါင်း လူနာ ၁၅၁ ဦးရှိလာကြောင်း သိရှိရသည်။ အင်းစိန်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က

ဝေဒနာရှင်သည် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ ၂လမ်း တွင်နေထိုင်သူဖြစ်ပြီး အင်းစိန်ဆေးရုံကြီးမှ စောင့်ကြည့်လူနာတစ်ဦးဖြစ်ကြောင်း၊ ယခုအခါ တောင်ဥက္ကလာပဆေးရုံသို့ လွှဲပြောင်းပို့ဆောင်မည်ဖြစ်ကြောင်း၊ နေထိုင်ရာ ခဝဲခြံ ၂လမ်း နေအိမ်နှင့် လမ်းကို Lock Down ချခြင်း၊ မိသားစုဝင်များကို

Quarantine Center သို့ ပို့ဆောင်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။ “သူက ဘယ်လို ကူးစက်ခံရလဲဆိုတာကို သက်ဆိုင်ရာ ဆေးရုံက စုံစမ်းနေပါတယ်။ ကျနော်က ကျနော်သိရသလောက်တင်လိုက်တာပါ။ သူဘယ်သူတွေနဲ့ Contact ရှိလဲ ဒါတွေလည်း စုံစမ်းနေလောက်ပြီ။

အသေးစိတ်တော့ ကျနော်မသိသေးပါဘူး” ဟု ဦးဝေဖြိုးဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။