ရဟန်းခံခဲ့တဲ့ ဘုန်းကြီး ကျောင်းလေးမှာ သိမ်ကျောင်း ဆောက်ဖို့အတွက် ငွေသိန်း(၁၀၀) မတည် လှူဒါန်းခဲ့တဲ့ ပိုင်တံခွန်

ရဟန်းခံ ခဲ့တဲ့ ဘုန်းကြီး ကျောင်းလေး မှာ သိမ်ကျောင်း ဆောက်ဖို့အတွက် ငွေသိန်း(၁၀၀) မတည် လှူဒါန်း ခဲ့တဲ့ ပိုင်တံခွန်

ပရိတ်ကြီးရေ အခု ပြောပြ ပေးမှာကတော့ ရဟန်းခံခဲ့တဲ့ ဘုန်းကြီး ကျောင်းလေး မှာ သိမ်ကျောင်း ဆောက်ဖို့ အတွက်ငွေသိန်း(၁၀၀) မတည် လှူဒါန်း ခဲ့တဲ့ ပိုင်တံခွန် အကြောင်းလေပဲ ဖြစ် ပါတယ်။

သရုပ်ဆောင် မော်ဒယ်လ် မင်းသားချောလေး ပိုင်တံခွန် က တော့ မွန်မြတ်တဲ့ အလှူဒါန အတွက် သူကိုယ်တိုင် အလှူပြုရင်း ပရိသတ်တွေကို ပါ လှုံ့ဆော်လိုက် ပြန် ပါတယ်။

ဒါကတော့ ”ကျနော် က ဒီဘုန်းကြီးကျောင်းလေး မှာ ဆံချ ပြီး ရ ဟန်းဘဝ ရခဲ့တာပါ။ အဓိက က ကျောင်းလေး က ဆင်းရဲ တဲ့ အ တွက် ဒီ နေရာ မှာ သာသနာ လုပ်ငန်း တွေ လုပ်ပေး ချင် တဲ့ ဆန္ဒကြောင့် တခြားကျောင်း မှာ မဝတ်ပဲ ကျနော် ဒီမှာ ရဟန်း ဝတ် ခဲ့တာပါ။

ဒီဘုန်ကြီးကျောင်းလေး က အလှူရှင် အရမ်းနည်းပါး တဲ့ အပြင် ရ ဟန်း နေဖို့ အဆောင် ၊ ထမင်းစားဆောင် ၊ တရားချတဲ့ အဆောင်၊ စာသင်ဆောင်၊ ရဟန်း တွေ အတွက် အရေး ကြီးဆုံး ဖြစ် တဲ့ သိမ်ကျောင်းဆောင် ရယ် လို့ ကျောင်းဝင်း ထဲမှာ မရှိ ပါဘူး။ သိမ် မရှိတော့ တခြား ဘုန်းကြီးကျောင်း မှာ ကျနော် သိမ်ဝင်ရပါတယ်။

ဆရာတော် ကလည်း မေတ္တာကြီးမားသလို ဘယ်သူ့ဆီမှာ မှ အလှူလည်း မခံခဲ့ပါဘူး။ကျ​နော် က ရဟန်းအဖြစ် နဲ့ ဒီကျောင်းလေး မှာ တစ်ရက်ပဲ ကုသိုလ်ရေးတွေ လုပ်ဖြစ် ခဲ့တယ် ။

ပြီးတော့ မှ တယောက်တည်း တရား အားထုတ်ချင် လို့ မြဝတီမြို့ ကို ထွက်သွား ပြီး သစ်တံခါး ဆရာတော်ဘုရားကြီး ဆီမှာ ရဟန်းဘဝ နဲ့ ကုသိုလ်ရေး တွေ လုပ်ပြီး တရား အားထုတ် ခဲ့ပါတယ်။

မြဝတီမသွား ခင်မှာလည်း ဆရာတော် ကို ပြောခဲ့ ပါတယ် တပည့် တော် လူထွက်လာရင် ဒီကျောင်းကို အစစ အရာရာ ပြည့်စုံအောင် မတည်ပြီး လှူဒါန်းပေး မယ်လို့ တယောက်တည်း မနိုင်ရင်လည်း ပ ရိသတ် တွေ ကိုလည်း နိဗ္ဗာန်ဆော် ပေးမယ် လို့ ပြောခဲ့ ပါတယ်။

အခု ဒီဘုန်းကြီးကျောင်းလေး အတွက် ပထမအနေနဲ့ သိမ်ကျောင်း တိုက်ကို အရင်ဆုံး ဆောက်လုပ် လှူဒါန်း ပေးခြင်း တဲ့အတွက် ကျနော် ကစပြီး အလှူငွေကျပ် သိန်းတစ်ရာ မတည် လိုက်ပါတယ်။

ပရိသတ်တွေ ကိုလည်း သံသရာ မှာ ကျနော်နဲ့ ရေစက် အတူတူ ပါအောင် ငွေ ၁၀၀၀ / ၁၀၀၀၀ ကစ ပါဝင် လှူဒါန်း ပေးပါ လို့ နိဗ္ဗာန် ဆော်ပါရစေခင်ဗျာ ” ဆိုပြီး ရေးသား တင်ပေး လာတာကို ပရိတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Daily Myanmar News