အသည်းကွဲ နေတယ်လို့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သတ်ပြီး ပြတ်ပြတ်သားသား ဖြေရှင်းခဲ့တဲ့ အောင်ရဲလင်း

အသည်းကွဲ နေတယ်လို့ သတင်းတွေ ထွက်နေ တာနဲ့ ပတ်သတ်ပြီး ပြတ်ပြတ် သားသား ဖြေရှင်း ခဲ့တဲ့ အောင်ရဲလင်း

ပရိတ်ကြီးရေ အခုပြောပြ ပေးမှာကတော့ အသည်းကွဲ နေတယ်လို့ သတင်းတွေ ထွက်နေတာနဲ့ပတ်သတ်ပြီး ပြတ်ပြတ် သားသား ဖြေရှင်း ခဲ့တဲ့ အောင်ရဲလင်း အကြောင်းလေးပဲ ဖြစ် ပါတယ်။

သရုပ်ဆောင် အောင်ရဲလင်း ကဆိုရင် နှုတ်ခမ်းနီမလေး တွေရဲ့ အ သည်း တစ်ခုလုံးကို သိမ်းပိုက် ရရှိထားသူ တစ်ဦးပဲ ဖြစ် ပါတယ်။ ဆယ်စုနှစ်တစ်စု ကျော်တိုင် သရုပ်ဆောင် လောကမှာ နာမည်တစ် လုံးနဲ့ ရပ်တည် နေသူ တစ်ဦး ဖြစ်တဲ့ အောင်ရဲလင်း က ကြံခိုင် တဲ့ဘော်ဒီလေး ကိုလည်း ပိုင်ဆိုင် ထားသူ တစ်ဦး ပဲ ဖြစ် ပါတယ်။

အဲ့ဒီ ဘော်ဒီကြောင့်ပဲ ပျိုမဒီလေး တွေက သူ့ကို ကြွေပြီးရင်း ကြွေနေ ရတာလည်း ဖြစ် ပါတယ်။အောင်ရဲလင်း က ပါရမီ ရှိတဲ့ သရုပ် ဆောင်တစ်ယောက် ဖြစ်ရုံမျှမက သီချင်းဆို ကောင်းသူ တစ်ယော က်လည်း ဖြစ်တာကြောင့် အားလပ်ရက်လေး တွေမှာ ဂီတာတီးပြီး သီချင်း ဆိုနေတဲ့ ဗီဒီယိုလေးတွေကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ပရိသတ်တွေ အတွက် ဝေမျှ ပေးလေ့ ရှိတာပဲ ဖြစ် ပါတယ်။

လောလောဆယ် ၊ လတ်တလောမှာ ကတော့ သရုပ်ဆောင် အောင်ရဲလင်းက အချစ်ရေး နဲ့ ပတ်သတ်လို့ အသက် ငယ်ရွယ်သူ မိန်းက လေးတစ်ဦး နဲ့ ချစ်ကြိုက်ခဲ့ပြီး အခုချိန် မှာတော့ အသည်းကွဲ နေရပြီဆိုတဲ့ အကြောင်း ကောလဟာလ တွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ဒီအင်တာဗျုးလေး မှာကတော့ သရုပ်ဆောင် အောင်ရဲလင်း ကိုအသည်းကွဲ သတင်းအပေါ် မေးမြန်း ခဲ့ရာမှာ အဲ့ဒီ အကြောင်းနဲ့ ပတ်သတ်ပြီး ဖြေကြား စရာ မရှိပါဘူး လို့ အောင်ရဲလင်း ဘက်က အတိ အလင်း ဖြေကြား ပေးခဲ့တာပဲ ဖြစ် ပါတယ်။

ဒီရက်ပိုင်း သတင်း ထွက်နေတဲ့ အချစ်ရေးမှာ အသည်းကွဲနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သတ်လို့ အောင်ရဲလင်းက “ဒီလိုပဲ ပေ့ခ်ျ တွေကတော့ သူတို့ ရေးချင် ရာကို ရေးကြ တာပေါ့ ဗျာ။ အဲ့ဒီ အတွက်ကြောင့် ကျွန်တော့်မှာ အဲ့တာနဲ့ ပတ်သတ်ပြီးတော့ ထွေထွေထူးထူးမှတ်ချက် ပေးစရာ မရှိပါဘူးဗျာ။အရင်တုန်း က လည်း အမြဲတမ်း ပြောခဲ့ဖူး သလိုပဲ သူတို့ စိတ်ချမ်းသာရင် ကျွန်တော် အဆင်ပြေပါတယ်၊ ကျေနပ် ပါတယ်။

အခုလို ရေးချင်ရာ ရေးနေကြတဲ့ အပေါ်မှာ ကျွန်တော့်အနေနဲ့တော့ ထွေထွေထူးထူး မှတ်ချက် ပေးစရာ မရှိ ပါဘူး။”လို့ သရုပ်ဆောင်အောင်ရဲလင်း ဘက်က ပြတ်ပြတ်သားသား ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ဒီလို ကောလဟာလတွေ ထွက်လာ ကြတဲ့ အခါ ပရိသတ်တွေရဲ့ ထင်မြင်ချက်ကြောင့် အနည်းနဲ့အများ ထိခိုက် လာမယ့် သူရဲ့ပုံရိပ်နဲ့ ပတ်သတ်လို့ အောင်ရဲလင်းက ဒီလိုကိစ္စတွေကတော့ခတ္တခဏသာ ဖြစ်ပေါ် တတ်တာ ဖြစ်ပြီး အချိန်ကြာကြီး တည်မြဲ နေမှာ မဟုတ်တဲ့ အတွက် သူ့ အနေနဲ့ တော့ ထူးပြီး စိတ်ထဲ မထား ပါဘူးလို့ ဆို ပါတယ်။

ဒီလို ကောလဟာလ တွေအပေါ် အောင်ရဲလင်းက အနုပညာသမား တစ်ယောက် အတွက် ကောင်းသတင်း သာ မက မကောင်း တဲ့ သ တင်းမျိုးလည်း ထွက်သင့်တယ်လို့ ယူဆတဲ့အတွက်သူ့ အကြောင်းရေးတဲ့ သူတွေနဲ့ ပတ်သတ် လို့ အမှန်အတိုင်း ရေးကြ သူတွေရော၊ မဟုတ် မမှန် ပြောဆို ရေးသား ကြသူ တွေကို ပါ ကျေးဇူး တင်ပါတယ် လို့ အောင်ရဲလင်း က ဆို ပါတယ်။

အခုလို အသည်းကွဲတယ်ဆိုပြီး ကောလဟာလတွေ ထွက်ပေါ် လာခဲ့တဲ့ အပေါ် မှာ သူ့ရဲ့ ဖြေချင်းချက် တစ်စုံတစ်ရာ ထွက်ပေါ်လာခြ င်းမရှိတာ နဲ့ ပတ်သတ်လို့ “ တကယ်လို့ အဲ့ကိစ္စကို ဖြေရှင်းနေမယ် ဆိုရင် ကျွန်တော့် အနေနဲ့တော့ ကလေးဆန် နေမယ်လို့ ထင်တယ်။အားလုံးလည်း သိနေတာပဲ၊ ကျွန်တော်က ကလေးမဟုတ်ဘူးလေ။

အဓိကတော့ ကျွန်တော် ယုံကြည်တာ တစ်ခု က ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်၊မကောင်းတာ လုပ်ရင် မကောင်းတာဖြစ်မယ်။အဲ့တာ ကြောင့် ဘယ်လိုပဲ သူများတွေ ပြောပြော၊ဘယ်လို ပဲ သူများ တွေ ဝေဖန်သည် ဖြစ်စေ ကျွန်တော့်ဘက် က ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ အနုပညာသမားတွေ ဆိုတာ ကောင်းတာလ ည်း ရှိရမယ်၊ ကျွန်တော် ဆိုရင်တော့ မကောင်းတာ က ပိုများ တာပေါ့နော်။

အဲ့ဒီလို မကောင်း တဲ့အကြောင်းတွေ အများဆီကို ပေါ်ပေါက် လာခဲ့ ရင်လည်း ကျွန်တော်တို့ ဘက်က သည်းခံ ရမှာ ပေါ့နော်။ ဒီကိစ္စနဲ့ပတ်သတ်လို့ လည်း ကျွန်တော် က ကလေး တစ်ယောက် မဟုတ်တဲ့ အတွက် ကျွန်တော့်ဘက် ကတော့ ဖြေရှင်း မှာ မဟုတ်ပါဘူး။” လို့ ပြောကြား လာပါတယ်။

အခြားသော အနုပညာရှင်တွေ ကဆိုရင် အခုလို သူတို့နဲ့ပတ်သတ်တဲ့ ကောလဟာလ သတင်းမျိုး လူမှုကွန်ရက်မှာ လှုပ်လှုပ် ရှားရှားဖြစ်လာတဲ့အခါ ကိုယ်တိုင် ဖြေရှင်းကြတဲ့ အပေါ်မှာ လည်း အောင်ရဲလင်းက“အခုလို ကိစ္စမျိုးတွေ ဖြစ်လာ ရင် သူတို့ တွေ လှုပ်လှုပ်ရှားရှား ဖြေရှင်း နိုင် ကြတဲ့ အတွက် လည်း သူ တို့ ကို ကျွန်တော်လေးစား ပါတယ်။

ကျွန်တော် ကိုယ်တိုင်ကတော့ အေးအေး ဆေးဆေးပဲ နေတတ်တာပေါ့နော်။လှုပ်လှုပ် ခပ်ခပ် ဆို ကျွန်တော်က သိပ်ပြီး တော့ Idea မရဘူး။ ဒါကြောင့်ပဲ ကျွန်တော့် ဘက်က မဖြေရှင်း တာပါ”လို့ ဆိုပါတယ်။ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် အောင်ရဲလင်း ကတော့ဆိုရင် အခု လတ်တလော ထွက် ရှိလာတဲ့ အသည်းကွဲ သတင်း နဲ့ ပတ်သတ်လို့ မှတ်ချက်တစ်စုံတစ်ရာ မပေးချင်သလို ရှေ့ဆက် လ ည်း ဖြေရှင်းသွားဖို့ မရှိဘူးလို့ ပြောကြား လာကို ပရိတ်ကြီး အတွ က် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : MC