ကိုယ်ပိုင် လစာလေးနဲ့ ကျောင်းရဲ့ လိုအပ်ချက် တွေ ကို ဖြည့်ဆည်း ခဲ့တဲ့ ကျောင်းအုပ်ကြီး

ကိုယ်ပိုင် လစာလေးနဲ့ ကျောင်းရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းခဲ့တဲ့ ကျောင်းအုပ်ကြီး

ပရိတ်ကြီးရေ အခု ပြောပြ ပေးမှာကတော့ ကိုယ်ပိုင် လစာလေး နဲ့ ကျောင်းရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းခဲ့တဲ့ ကျောင်းအုပ်ကြီးအကြောင်း လေးပဲ ဖြစ် ပါတယ်။

ကျေးလက် ဒေသ မှာ ရှိ တဲ့ အိန္ဒိယ အစိုးရကျောင်း တွေရဲ့ အခြေ အနေက စိတ်မကောင်းစရာပါ။ဆရာရော တပည့်ပါ သင်ကြားရေးနဲ့ ပတ်သက် ပြီး အခက်အခဲ တွေ ရှိတဲ့အပြင် လျှပ်စစ်မီး မရှိတာ၊ ကျောင်း ခေါင်မိုးတွေ မိုးယိုတာ၊ပရိဘောဂ ပစ္စည်းတွေ ကျိုးပဲ့ နေတာ စတဲ့ အခက်အခဲတွေ ကို ရင်ဆိုင် နေရ ပါတယ်။

ဒါပေမဲ့ Tamil Nadu ပြည်နယ် က ကျောင်းအုပ် ဆရာမကြီးတစ်ဦး ကတော့ ဒါတွေ အားလုံး ကို သူတစ်ယောက် တည်း ဖြေရှ င်း ခဲ့ကြောင်း storypick သတင်းအရ သိရ ပါတယ်။ ဆရာမကြီးက ကလေးတွေ အတွက် ပိုကောင်းမွန် တဲ့ သင်ကြားရေး ပတ် ဝန်းကျင်ကို ပေးနိုင်ဖို့ သူမကိုယ်တိုင် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဆရာမကြီး နာမည် ကတော့ N Poonkodi ဖြစ် ပါတယ်။

Denkanikottai Taluk ခရိုင် ရှိ Karukakollai ရွာ က Panchayet Union မူလတန်းကျောင်း မှ ဖြစ်ပါတယ်။ကျောင်းအုပ်ဆရာမကြီး Poonkodiက မိုးရွာတိုင်း စာသင်ခန်း နှစ်ခန်းထဲမှာ ရေယိုစိမ့်တဲ့ အတွက် သူမက စ်ိတ်ပျက် နေခဲ့တာပါ။

ဆရာမကြီးက အစိုးရက ကျောင်းပြင်ဖို့ဆိုပြီး ချပေးတဲ့ ရူပီး ၁ သိ န်းကို အသုံးပြုခဲ့ ရုံတင်မကဘဲ သူမရဲ့အိတ်ထဲ ကပါ ရူပီး ၃၇၀၀၀ စိုက်ထုတ်ပြီး စာသင်ခန်းထဲက နံရံတွေ ကို ပြင်ဆင် ဆေးခြယ်ဖို့ ရ င်းနှီး မြှုပ်နှံ ခဲ့တာ ဖြစ် ပါတယ်။

Panchayet Union မူလတန်းကျောင်း ကို တော့ ၂၀၀၅ – ၂၀၀၆ ခုနှစ်မှာ ဆောက်လုပ် ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းမှာတော့ ကျောင်းအုပ် ဆရာကြီး Poonkodi တစ်ဦး သာ ဆရာ အဖြစ် ရှိပြီး ကျောင်းသား အယောက်၂၀ ရှိ ပါတယ် ။ အခု ဆိုရင် တော့ ကျောင်းကို ပြန်လည် ပြင်ဆင် ပြီးပြီ ဖြစ် ပါတယ်။

ကျောင်း စာသင်ခန်း တွေကိုလည်း ဆေးသုတ် ပြီးပြီ ဖြစ်ပြီး မျက် နှာစာ မှာတော့ အင်္ဂလိပ် နဲ့ တမီလ်ဘာသာစကား စာလုံးလေးတွေ၊ အမြှောက်ဇယားတွေ၊ နိုင်ငံခေါင်းဆောင်ကြီးတွေ ရဲ့ ပုံရိပ်တွေ ကိုခြယ် မှုန်းထားပါတယ်။ ဒါတွေ အားလုံး ကတော့ ကလေး တွေ ရဲ့အနာဂတ်ကို သူမ ငွေစုနိုင်ဖို့ ထက် ပိုတန်ဖိုးထား တဲ့ ကျောင်းအုပ်ဆရာမကြီး Poonkodi ရဲ့စေတနာတွေ ဖြစ်ပါတယ် ဆိုတာ ပ ရိတ်ကြီး အ​တွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : ShweMom

Tags: