ပထမဆုံး အလုပ်ဝင်တဲ့ နေ့မှာတင် ပေါက်ပေါက် ရှာရှာ ဖြစ်ရပ်နဲ့ ကြုံခဲ့ရတဲ့ ဆရာဝန်မလေး

ပထမဆုံး အလုပ်ဝင်တဲ့ နေ့ မှာတင် ပေါက်ပေါက် ရှာရှာ ဖြစ်ရပ် နဲ့ကြုံ ခဲ့ရတဲ့ ဆရာဝန်မလေး

ပရိတ်ကြီးရေအခု ပြောပြ ပေးမှာကတော့ ပထမဆုံး အလုပ်ဝင်တဲ့နေ့ မှာတင် ပေါက်ပေါက် ရှာရှာ ဖြစ်ရပ် နဲ့ ကြုံ ခဲ့ရ တဲ့ ဆရာဝန်မလေး အကြောင်းလေး ပဲ ဖြစ် ပါတယ်။

ဘယ် အလုပ်မဆို ပထမဆုံး အလုပ်ဝင် တဲ့ နေ့က သိပ်ကိုရင်ခုန်စိ တ်လှုပ်ရှားဖွယ် ကောင်းလှပါတယ်။အသက်၂၅ နှစ်အရွယ် ဒေါက် တာမလေး Varanya Nganthavee က တော့ ထိုင်းနိုင်ငံ က ဘန်ကောက် ဆေးရုံ မှာ ပထမဆုံး အလုပ်ဆင်း တဲ့ နေ့မှာတင်ကို တခြားသူ များနဲ့မတူတဲ့ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ အဖြစ် အ ပျက် တစ်ခုနဲ့ ကြုံတွေ့  ခဲ့ပြီး အဲဒီ အဖြစ်အပျက် ကို သူမရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြန် လည် မျှဝေ ခဲ့ ပါတယ်။

အလုပ် စဆင်းစာက ဒေါက်တာမလေး က နားကိုက် ဝေဒနာ ခံစားနေရတဲ့ လူနာတစ်ဦး ကို စမ်းသပ်ရင်း ဝေဒနာရဲ့ ဇစ်မြစ်ကို ရှာဖွေနေခဲ့ပါတယ်။ဆေးရုံ သုံး ဓာတ်မီး နဲ့ လူနာရဲ့ နားထဲ ကို ထိုးကြည့်လိုက်တဲ့ အခါမှာတော့ ဆရာဝန် ဖြစ်တဲ့ သူမ ကိုတောင် ထိတ်လန့်သွားစေမယ့် မြင်ကွင်း တစ်ခုက နေပြီး ဆီးကြို နေခဲ့ ပါတယ်။

လူနာရဲ့ နားထဲမှာ လှုပ်ရှား နေတဲ့ သတ္တဝါ တစ်ကောင်ကို မြင်တွေ့ရခဲ့ပြီး သေချာ ကြည့်လိုက် တဲ့ အခါ မှာ တော့ သတ္တဝါ ကတခြားမဟုတ်ဘဲ အိမ်တိုင်း လိုလို မှာ တွေ့မြင် လေ့ ရှိတဲ့ အိမ်မြှောင် ဖြစ်ပါတယ်။အိမ်မြှောင် တစ်ကောင်လုံး နားထဲ ကို ဝင်အောင် ဘယ်လိုတွေ ခြေသံ ဖျောက် ခဲ့ လဲတော့ မသိ ပေမယ့် လို့ သေချာ တာ က တော့ လူနာ ရဲ့ နားထဲမှာ ရှိနေတဲ့ အိမ်မြှောင်က အသက်ရှင် နေဆဲဖြစ်ပြီး ဟိုဟို ဒီဒီ လျှောက်သွား နေတာကြောင့် နားကိုက်သလိုလို၊နာသလိုလို ခံစား နေခဲ့ ရတာပါ။

ထိတ်လန့် နေလည်းပဲ သူမကို အားကိုးပြီး လာခဲ့တဲ့ လူနာ အတွက် Dr Nganthavee တစ်ယောက် စိတ်အား တင်း ခဲ့ လိုက် ပါတယ်။ နောက်မှာတော့ နားထဲ ကို ပိုးသတ် ဆေး အစက်လေး တွေ ချပေး ခဲ့ပြီး ရှိနေတဲ့ အိမ်မြှောင် ကို ရဲရဲ တင်းတင်း ဆွဲထုတ်ပေးဖို့ စတင်ပြင်ဆင် ခဲ့ ပါတော့တယ်။

အိမ်မြှောင်ကို ထုတ်ရာ မှာလည်း နားအဝ ကနေ ဇာကနာ သွင်းမှာမလို့ လန့် ပြီး နားစည် ရှိရာ ဖက်ဆီ ကို ထိုးဝင် သွား မှာ ကိုလည်း Dr Nganthavee တစ်ယောက် စိုးရိမ် ရ ပြန် ပါသေးတယ်။ဘယ်လို ပဲ ဖြစ်ဖြစ် နောက်ဆုံး မှာတော့ Dr Nganthavee အိမ်မြှောင်ကို အောင်မြင်စွာအပြင်ကို ဆွဲထုတ် လိုက်နိုင်ခဲ့ပါတယ်။

 

ဒါပေမဲ့လည်း အပြင်ရောက်လာတဲ့ အိမ်မြှောင်မှာ အမြီးပြတ် နေခဲ့တာကြောင့် အရင်ကတည်းက အမြီးပြတ် ဖြစ်နေခဲ့ရင် အကြောင်းမဟုတ်ဘဲ နားထဲ ရောက်ကာမှ ပြတ်သွားတယ် ဆိုရင်တော့ စိုးရိမ်ရနိုင်တာကြောင့် နောက် တစ်နေ့မှာ နား ၊ နှာခေါင်း၊ လည်ချောင်းအထူး ကုဆီ သွားပြ ဖို့ ညွှန်ကြား ခဲ့ပါတယ်။

နောက်နေ့ မှာတော့ အမြီးကို လုံးဝ မတွေ့ရဘဲ လူနာရဲ့ နား ဝေဒနာလည်း အရှင်း ပျောက်သွားပြီ ဖြစ်တာကြောင့် သူမလို အလုပ်သင်ဆရာဝန်လေး ကိုလည်း အထက် က ဆရာဝန်ကြီးတွေက ချီးကျူးခဲ့ကြတဲ့အတွက် အရမ်းကို ဝမ်းသာ မိပါတယ် လို့ ဖေ့စ်ဘွတ်ခ် မှာ ရေးထား ပါ သေးတယ် ဆို တဲ့ အကြောင်း ကို ပရိတ်သတ်ကြီး အ တွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : Cele Daily Update News