ခင်ပွန်း ဖြစ်သူက အရမ်း အေးတာကြောင့် အိမ်ထောင်ရေး နဲ့ ပတ်သတ် လာရင် စိတ် ချမ်းသာ ရတယ် ဆိုတဲ့ မေသဉ္ဇာဦး

ခင်ပွန်း ဖြစ်သူက အရမ်း အေးတာကြောင့် အိမ်ထောင်ရေး နဲ့ ပတ်သတ် လာရင် စိတ် ချမ်းသာ ရတယ် ဆိုတဲ့ မေသဉ္ဇာဦး

ပရိတ်ကြီးရေ အခု ပြောပြ ပေးမှာ ကတော့ ခင်ပွန်း ဖြစ် သူက အ ရမ်း အေးတာ ကြောင့် အိမ်ထောင်ရေး နဲ့ ပတ်သတ် လာ ရင် စိတ်ချမ်းသာရတယ်ဆိုတဲ့မေသဉ္ဇာဦး အကြောင်းလေးပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ဝါရင့် သရုပ်ဆောင် အကယ်ဒမီ မေသဉ္ဇာဦး ကဆိုရင် သူမကို အားပေးတဲ့ ပရိသတ်တွေ ရဲ့ ချစ်ခြင်းမေတ္တာတရားတွေနဲ့ အနုပညာ အလုပ် တွေ ကို ဆက်လက် လုပ်ကိုင် နေသူ တစ်ဦးပဲ ဖြစ် ပါတယ်။

သူမဟာ တစ်နေ့ထက် တစ်နေ့ ပိုမို နုပျို လှပ လာပြီး လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက နေ ယနေ့ ထိ နှစ်ပေါင်း များစွာ တိုင်အောင် အနု ပညာ အလုပ် တွေ လုပ်ရင်း ဘဝ ကို ပျော်ရွှင်စွာ ဖြတ်သန်း နေသူတစ်ဦးပဲ ဖြစ် ပါတယ်။

ဒီဘက် ခေတ် တွေ မှာ တော့ အကယ်ဒမီ မေသဉ္ဇာဦး အနေနဲ့ရုပ် ရှင်ကားကြီး တွေမှာ သာမက ဇာတ်လမ်းတွဲ တွေမှာပါ ကျရာ နေ ရာ ကနေ ပါဝင် သရုပ်ဆောင် လာ တာ ကို တွေ့ ရ ပါ တယ်။ ထို့အပြင် မေသဉ္ဇာဦး က သာယာ ပျော်ရွှင် ဖွယ် ကောင်းတဲ့ မိသား စု ဘဝလေး ကို ပိုင်ဆိုင် ထား ရသူ ဖြစ် ပါတယ်။

သူမဟာ သူမရဲ့ ခင်ပွန်း နဲ့ အမှတ်တရ ဓာတ်ပုံ၊ ဗွီဒီယိုလေးတွေကို သူမရဲ့ လူမှု ကွန်ရက် စာမျက်နှာ ကနေ မျှဝေပေးလေ့ ရှိ ပြီး လွန်ခဲ့တဲ့ (၂) လခန့် က ဆိုရင် လည်း သူမတို့ ဇနီး မောင်နှံ ရဲ့ မင်္ဂလာ နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် မှတ်တမ်း ယူ ရိုက် ကူး ထား တဲ့ ဗီဒီယိုလေးတစ်ခုကို သူမရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာတင် ထား ခဲ့ပါ သေး တယ်။

ဒီအင်တာဗျူး လေးမှာတော့ အကယ်ဒမီ မေသဉ္ဇာဦး က သူမ ရဲ့ အိမ်ထောင်ဖက် ခင်ပွန်း ဖြစ်သူက အင်မတန်မှ အနေ အထိုင်အေး ဆေးတဲ့ အတွက် သူမ အနေ နဲ့ စိတ်ချမ်းသာ ရပါတယ် ဆိုပြီး ရင် ဖွင့် ဖြေကြား ပေးခဲ့ တာပဲ ဖြစ် ပါတယ်။

အကယ်ဒမီ မေသဉ္ဇာဦး က မြန်မာပြည် ကို ကိုဗစ်ဒုတိယလှိုင်းအ နေနဲ့ စတင်ရိုက်ခတ်စဉ် အချိန်က ပုပ္ပားဒေသကို ဇာတ်ကား ရိုက် ကူးရန် အတွက် ရောက် ရှိ နေခဲ့ တာပဲ ဖြစ် ပါတယ်။ ဒီလို နဲ့ နိုင်ငံ တွင်းရောဂါ ကူးစက်မှု အခြေအနေ ကြောင့် ရန်ကုန် သို့ ပြန် မလာ နိုင်ပဲ ပုပ္ပားမှာ အချိန်(၃)လခန့် ပိတ်မိ နေခဲ့ပြီး အခုလိုဖြေ လျှော့ မှုတွေ ရှိလာမှသာ ရန်ကုန် ကို ပြန်လာ နိုင်ခဲ့ တာ ဖြစ်တယ် လို့ ဆိုပါတယ်။

အခုလို လအနည်းငယ် ကြာ မှ မိသားစု နဲ့ ပြန်လည် ဆုံ တွေ့ရ တဲ့အပေါ် မှာ မိသားစုဝင်တွေ အနေ နဲ့ အချိန် တစ်ခု ကြာ အနေ ဝေးခဲ့ ပေမယ့် တစ်ဦးကို တစ်ဦး မေတ္တာ မပျက် ပဲ စိမ်းစိမ်း ကားကားကြီး တော့ မခံစား ရပါဘူးလို့ သူမက ဆို ပါတယ်။

ယခင်က အိမ်မှာ အတူ နေစဉ် ကလည်း မိသားစု ဝင်တွေ အားလုံးက ကိုယ့် အလုပ်နှင့် ကိုယ် အလုပ်ရှုပ် နေ သည် က များ ပြီး အား လပ်ချိန်မှာ အားလုံး ဝိုင်းထိုင် ပြီး စကား ပြောကြ တာ မျိုးတောင် မရှိ ကြပါဘူးလို့ မေသဉ္ဇာဦး က ဆို ပါတယ်။

ခွဲနေခဲ့ ရ ချိန်မှာ လည်း ဒီဘက် ခေတ် နည်းပညာ ရဲ့ အသီး အပွင့်တွေ ဖြစ်တဲ့ မိုဘိုင်းလ်ဖုန်းတွေ၊ ဗွီဒိယိုကောလ်တွေနဲ့ မျက်နှာ ချင်းဆိုင် စကား ပြောနိုင်တာ ဖြစ်တဲ့ အတွက် သူမအတွက်တော့ပုပ္ပါးမှာ နေထိုင် ရတာ အဆင်ပြေ ခဲ့တယ်လို့ သိရ ပါတယ်။

အခ ရက်ပိုင်း အတွင်းမှာ အမျိုးသားနဲ့ ရိုက်ကူး ထား တဲ့ ဓာတ်ပုံလေးတွေ ကို သူမရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာ မှာ တင်ပေး ဖြစ်ခဲ့ တဲ့အပေါ်အကယ်ဒမီမေသဉ္ဇာဦးက “ကိုယ်တွေက အဲ့လို ပဲ၊ သူများတွေကလိ-ကလိ ဖြစ်အောင် လုပ်ရတာ ကို ဝါသနာ ပါတယ် [ရယ်လျက်]။သူများတွေ မနာလို ဖြစ်အောင် အဲ့လို လုပ် တတ်တယ်။

ဖေဖော်ဝါရီလ ဆိုရင် လည်း အဲ့လိုပဲ ၊ အမျိုးသား ဘာဝတ် ထားလ ည်း ဆိုတာ ကိုယ်က ကြည့်လိုက်တယ်။ ပြီးရင် ကိုယ်က လိုက် ဝတ်ပြီး သူဝတ်ထား တဲ့အရောင် ကို ဆင်တူ ဝတ်တယ်ပေါ့နော်။ သူများတွေကို သက်သက် စတာ ပါ။

အမျိုးသားကလည်း အနေအေး တော့ ဘာမှမပြောဘူး။” လို့ ရယ်ရယ်မောနဲ့ ရင်ဖွင့် ပြောပြခဲ့ ပါတယ်။ မေသဉ္ဇာဦးတို့ ဇနီးမောင်နှံကအခု ဆိုရင် အိမ်ထောင် သက်တမ်း (၂၆) နှစ် ပြည့်ပြီ ဖြစ် ပြီး ခင်ပွန်းဖြစ်သူနဲ့ အိမ်ကပေးစားလို့ ယူထားတာမဟုတ်ပဲ ကိုယ်တိုင်ချစ်လို့ လက်ထပ်ခဲ့တာဖြစ်တဲ့ အတွက် အိမ်ထောင်ရေးက သာယာစိုပြေပါတယ်လို့ မေသဉ္ဇာဦးက ဆိုပါတယ်။

လင်မယားနှစ်ယောက် က တစ်ယောက် နဲ့ တစ်ယောက် ရန်ဖြစ်ရန် ရှာတာ မျိုး မရှိပဲ အကယ် ၍ ပြဿနာ တက်ကြ ပြီ ဆိုရင် တောင် သူမဘက်ကပဲ အသံကျယ်ကျယ် နဲ့ ရန်ရှာလေ့ ရှိ ကာ ခင်ပွန်း ဖြစ်သူကတော်ရုံ ဆို သူမ ကို နိုင်အောင် မပြော နိုင်တဲ့အတွက် ရန်ဖြစ်လို့ကောင်းတဲ့လူမျိုးမဟုတ်ဘူးလို့ မေသဉ္ဇာဦး က ရယ်ရယ် မောမော နဲ့ ရှင်းပြ ပါတယ်။

သူမကလူတစ်ကာကို ပြောဆို ဆက်ဆံ ရာမှာ လည်း တစ်ဖက် လူကို စိတ်ဆင်းရဲမခံ စေချင် ပဲ တစ်ဦးနှင့် တစ်ဦး ပြဿနာ တက်ကြပြီဆိုရင်တောင်စရာလို့တွေးမယ့်အစားစိတ်ချမ်းသာ စေဖို့အ တွက် ရယ်စရာအဖြစ်သာဖြေတွေး လေ့ရှိတယ်လို့ မေသဉ္ဇာဦးကဆို ပါ တယ်။

ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျုးလေးမှာတော့ အကယ်ဒမီ မေသဉ္ဇာဦးက သူမရဲ့ လက်ရှိ မိသားစုအခြေ အနေ နဲ့ အ နေ အေး တဲ့ သူမရဲ့ခင်ပွန်းသည်ကြောင့် သာယာအေးချမ်းတဲ့ အိမ်ထောင်သည်ဘဝတစ်ခုကိုရရှိ ထားတဲ့အကြောင်း အမှတ်တရ အကြောင်းအရာလေးတွေဖြည့်စွက် ပြီး အရွှမ်းဖောက် ဖြေကြား သွား ပေးခဲ့တာဆိုတာ ပရိတ်သတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

Source : MC