မြင့်မြတ်ရဲ့ အကြောင်းတွေကို ဖွင့်ဟ လာတဲ့ ဆရာဖြစ်သူ ဂျွန်လွင်

မြင့်မြတ်ရဲ့ အကြောင်းတွေကို ဖွင့်ဟ လာတဲ့ ဆရာဖြစ်သူ ဂျွန်လွင်

ပရတ်သတ်ကြီး ရေ အခု ပြောပြ ပေးမှာ ကတော့ မြင့်မြတ် ရဲ့ အ ကြောင်း တွေကို ဖွင့်ဟ လာတဲ့ ဆရာဖြစ်သူ ဂျွန်လွင်​ဆိုတာလေးပဲဖြစ်ပါတယ်။

ဂျွန်​လွင်​ က​တော့ ​သူ့ရဲ့​မော်​ဒယ်​​ အေဂျင်​စီ က​ နေ ​မော်​ဒယ်​ သရုပ်​​ဆောင်​စတဲ့ အနုပညာရှင်​​ တွေ အများအပြားကို ​မွေးထုတ်​​ ပေး​နေတဲ့သူပဲ ဖြစ်​ပါတယ်​။ လတ်​တ​လော လူ​ပြောများ​နေတဲ့ မြင့်မြတ်​အ​ကြောင်းနဲ့ ပတ်​သတ်​ပြီး ဂျွန်​လွင်​ က​တော့ Myanmar Cele 7 နဲ့ အင်​တာဗျူးမှာ အခုလိုပဲ ဖွင့်ဟထားပါတယ်​။

“ဟို​နေ့ကယုန်​​လေးနဲ့ video callပြောရင်းမြင့်မြတ်​နဲ့​တွေ့​တော့ မင်းအ​ဖေနဲ့ပြဿနာ ဘယ်​လို ဖြစ်​တာလဲလို့​တောင်​​ မေးလိုက်​​သေးတယ်​ သူက​တော့ သား အဖ အချင်း ချင်း နားလည်​မှု လွဲတာပါတဲ့ ကျွန်​​တော်​ ဆရာ့ကို လာကန်​​တော့မလို့ပဲ ကိုဗစ်​ကာလကြီးလာတာ ဆရာမကြိုက်​မှာ စိုးလို့ဆိုပြီး ဖုန်းထဲ က​နေ​တောင်​ လက်​အုပ်​​လေး ချီပြီးကန်​​တော့ လိုက်​​သေးတယ်​။

ကျွန်​​တော်​အတွက်​ ဒါနဲ့လည်း အဆင်​​ပြေပါတယ်​ လက်​​ဆောင်​​တွေနဲ့လာ ကန်​​တော့ စရာ မလိုဘူး ပန်းသီး တစ်​ လုံး နှစ်​ လုံး နဲ့ လည်းရတယ်​ ကျွန်​​တော့် အလုပ် ​ကလည်း အဆင်​​ ပြေတယ်​ ဘာမှ မလို အပ်​ဘူး ကျွန်​​တော်​​တောင်​ သူများကို ပြန်​​ပေးချင်​​ နေတဲ့ အချိန်​ မှာ သူတို့ရဲ့ သိတတ် ​မှုကို ကျ​တော့ ကိုယ့် အ​နေနဲ့ ပီတိ ဖြစ်​ရ တာ​ပေါ့ မြင့်မြတ်​ ဆိုတာလည်း ကျွန်​​တော့်တပည့် အရင်း​ ခေါက်​​ခေါက်​​ပေါ့ ကျွန်​​တော်​ က​တော့ သူတို့​နေရာ တစ်​​နေရာမှာ ပြုံးပန်း ပွင့်​ နေတာ ကိုပဲမြင်​ချင်​တယ်​

လူ​တွေက သူနဲ့ အလုပ်​ လုပ်​ ရတာ အဆင်​ မ​ပြေဘူး ဆိုရင်​ ကိုယ်​ရဲ့သား သမီး​ တွေကို မ​ကောင်း လာ​ပြောသလို ခံစားရတယ် ​ကျွန်​​တော်​ကကိုယ့်တပည့်​တွေ​ အောင်​မြင်​တယ်​ ဆိုတာကိုပဲလိုချင်​တယ်​ ကျရှုံး သွားတာ မမြင်​ ချင်​ဘူး တစ်​ချို့ကအိမ်​​ထောင်​ ကျတယ်​ အ သက်​ကြီးလို့စွန့်လွှတ်​ သွားတယ်​ ဒါက​တော့ သက်​သက်​​ပေါ့​နော်​ မြင့်မြတ်​က ငယ်​ငယ်​ ကတည်းက အလိုက်​ သိတတ်​တယ်​။

အင်းစိန်​က​နေ ကျွန်​​တော့်သမိုင်းက အိမ်​ကို လာတယ်​ ရုံးသွားတယ်​ သင်​တန်း​တွေ ဘာ​တွေ တက်​တယ်​ ပြီးရင်​ မပြန်​ဘူး ကျွန်​​တော်​ တို့အလုပ်​​တွေ ကို ဝိုင်းလုပ်​​ ပေးတာ​ တွေ ရှိ တယ်​ ကျွန်​​ တော်​ ညပြန်​​တော့မှ အင်းစိန်​ပြန်​ပို့​ ပေးကြတယ်​ အရမ်းလိမ္မာ ယဉ်​​ကျေးတဲ့ က​လေး​တွေ” “မ​နေ့ က​တောင်​​ ပြောလိုက် ​​သေးတယ်​ မင်း ယုန်​​လေးတို့နဲ့ တချိန်​လုံး​ ပေါင်း​နေတာ သူတို့က လူပျို လူလွတ်​​တွေ

မင်းက က​လေးနဲ့မိန်းမ ရှိတာ က​လေး​ တွေနဲ့​ နေ​လေ ကွာ ဆို​တော့​တောင်​ ကျွန်​​တော်​တို့ က တစ်​ခါတစ်​​လေ​ တွေ့ ဖြစ်​တာ ကိစ္စ ရှိ လို့လာရင်းဆုံတာတဲ့ အဲဒီ့လို​ပေါ့ ​ဟော့​ဟော့ ရမ်းရမ်းဆိုတာ မြင့်မြတ်​တို့မှာမရှိဘူး“ကိုယ့်​အေဂျင်​စီ​ အောက်​မှာ လာသင်​ရင်း ​အောင်​မြင်​သွားတဲ့ သူ​တွေ ရှိတယ်​ ကျရှုံး သွားတဲ့ လူ​တွေ ရှိတယ်​ ဘာမှ ဖြစ်​မလာတဲ့သူ​တွေရှိတယ်​ ဘယ်​သူပဲဖြစ်​ဖြစ်​ ကိုယ့်​ အေဂျင်​စီ​ ရောက်​လာရင်​ ကိုယ့်​ ကျောင်းသား ကိုယ့် သားသမီး ဖြစ်​သွားတယ်​​လေ။

အဲဒီ့ထဲကမှတချို့တပည့်​တွေဆိုရင်​ ကိုယ့်ကိုမသိတတ်​တဲ့ အလိုက်​ ကန်းဆိုးမသိတဲ့ သူ​တွေရှိတယ်​​လေ ဒါကို ကျွန်​​တော့် အ​နေနဲ့လည်း သင်​​ပေးစရာ မလိုဘူး​လေ စစ​တွေ့ချင်း က​တော့ ကျွန်​​တော်​လည်း​ဒေါသထွက်​ သွားတယ်​ အ​ဖေကို ဒီလို လုပ်​ ရလား​ ပေါ့ ကျွန်​​တော်​လည်းအလုပ်​ရှုပ်​​ နေ​တော့ သူ့ကိုလည်းမဆက်​ဖြစ်​လိုက်​ဘူး ​နောက်​ကျ​တော့လည်း ​သြော်​မိသားစု​အ​ရေးဒါမျိုး​တွေရှိမှာပဲ ကိုယ်​လည်းဝင်​ပါစရာမလိုဘူး​လေ။

ငယ်​ငယ်​ကတည်းက သူ​ အေဂျင်​စီ​ ရောက်​လာကတည်းက ခိုင်းတဲ့အတိုင်းလုပ်​တယ်​ စကား သိပ်​မ​ပြောဘူး အက သင်​တန်း တက်​ဆိုရင်​တက်​တယ်​ မ​ဟော်​ဂနီနဲ့တွဲရိုက်​ ဆိုရင်​ ရိုက်​တယ်​ ကလန်​ကဆန်​ထဲမှာမပါဘူး ယောက်​ယက်​​တွေခက်​ ကလပ်​​တွေသွား ​သောက်​စား မိန်းမ​တွေရှုပ်​ ဒီလိုဟာ​ တွေနဲ့ သူနဲ့ဘာမှမဆိုင်​ဘူး သူကအခုလည်းဂိမ်း​တော့​ကစား မှာပဲ မိန်းမ လိုက်​စား တာ​တွေဘာ​တွေ​တော့ ကျွန်​​တော်​ မကြားမိဘူး

ရိုက်​ကွင်း​ကိုနောက်​ကျတယ်​ဆိုတဲ့ အသံကြားရ​ ပေမယ့် ရိုက်​ကွင်း​ရောက်​ပြီ ဆိုတာနဲ့ တစ်​ဆုံး လုပ်​တတ်​ တဲ့ စိတ်​ဓာတ်​​ လေး​တော့ ရှိတာ​ပေါ့ ဒါ​ပေမဲ့ ဘယ်​လိုပဲ ဖြစ်​ ဖြစ်​ သူ့က​လေး​ တွေရဲ့ ဘဝ ကိုပါ ​ကောင်း​ကောင်း စီမံ​ ပေးနိုင်​ရင်​​ ကောင်းတာ​ပေါ့

“အမှန်​​တော့ သူငယ်​ချင်း​တွေနဲ့ စုစုရုံးရုံး​ သောက်​စား​နေတဲ့ Live ​တွေမြင်​ရင်​ ကျွန်​​တော်​သိပ်​မကြိုက်​ဘူး ကိုယ်​ကမိသားစုနဲ့ဆို​တော့ ​အေး​အေးချမ်းချမ်း မိသားစု တည်​​ထောင်​​စေချင်​တယ်​ က​လေးဆိုတာကလည်း အသက်​ကြီးလာရင်​ဘဝ တိုးတက်​ဖို့ အတွက်​ ရှိတယ်​​လေက​လေးငယ်​​သေး​တော့ မိသားစုကိုဂရုစိုက်​ဖို့​ တောင်​​ပြောလိုက်​​ သေးတယ်​”လို့ မြင့်မြတ်​နဲ့ပတ်​​ပြီးသူ့ရင်​ထဲရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်း​ဖြေဆိုခဲ့ တာကို ပရိတ်သတ်အတွက် မျှဝေ ပေးလိုက်ပါတယ်ပါတယ်​။

Shwe Yaung Myanmar ( Writer – LLA )