ပရိတ် ပဌာန်း တွေ အမြဲတမ်း ရွတ် ဖြစ်တဲ့ အကြောင်း အရင်း ကို ပြောပြ လိုက်တဲ့ သရုပ်ဆောင် ဆုပန်ထွာ
|ပရိတ် ပဌာန်း တွေ အမြဲတမ်း ရွတ် ဖြစ်တဲ့ အကြောင်း အရင်း ကို ပြောပြ လိုက်တဲ့ သရုပ်ဆောင် ဆုပန်ထွာ
ပရိတ်ကြီး အခု ပြောပြ ပေးမှာ ကတော့ ပရိတ် ပဌာန်း တွေ အ မြဲ တမ်းရွတ် ဖြစ်တဲ့ အကြောင်း အရင်း ကို ပြောပြ လိုက် တဲ့ သ ရုပ် ဆောင် ဆုပန်ထွာ အကြောင်း လေး ပဲ ဖြစ် ပါ တယ်။
ဘာသာ တရား ကိုင်းရှိုင်း တဲ့ မင်းသမီး တစ်ဦး ဖြစ် တဲ့ ဆုပန်ထွာကတော့ ပရိတ် ပဌာန်း နေ့စဉ် ရွတ်ဖတ် ဖြစ် ပုံ နဲ့ မဟာ သမသုတ်မြန်မာပြန် ကို လှူ ဖြစ်တဲ့ ပုံအကြောင်း ကို Myanmar Cele 7 နဲ့ အင်တာဗျူး မှာ အခုလိုပဲ ဖြေကြားခဲ့ ပါတယ်။
“မပန် ကို တစ်ချို့က မေးတယ် မဟာ သမယသုတ် ရွတ်တာ ဘာဆုတောင်း ရလဲ ပေါ့ မပန် က တော့ လိုချင် တာ ရှိ လို့ မဟုတ်ဘူး အေးချမ်း ချင်တယ် ပဌာန်း တွေ ဘာတွေ ရွတ် ရင်း ပီတိ ဖြစ် တဲ့စိတ်လေး လိုချင် လို့ပေါ့ မပန်ဆို ဘာဆု မှ မတောင်း ဘူး ညောင်ဆယ်ပင် အဓိဌာန် ဆိုရင် လည်း ဒီ လို ပဲ ဘုရား တရား လုပ် ရင်းအေးချမ်း တဲ့ ပီတိ လိုချင် လို့ လုပ်တာ ဘာ ဆု မှ မတောင်း ဘူး”
ဓာတ်ကြီး လေးပါး ဆွမ်းကပ်တယ် ဘာတယ် ဆိုရင်လည်း လိုချင်တဲ့ ဆုလေး တော့ တစ်ခုလောက် တောင်းပေါ့ ဒီလိုမျိုးလေး တော့ရတာပေါ့ လူဆို တာက တစ်ခု ရပြီး နောက် တစ်ခု လိုချင်ပြန်ရောလေ မပန် က တော့ အဲ့ဒီလို လိုချင် တဲ့ စိတ် မရှိ ဘူး မရှိ တော့ ပိုအေး ချမ်းတာ ပေါ့”လို့ သူ ပရိတ် ပဌာန်း ရွတ်ဆို ရတဲ့အကြောင်းအရင်း ကို ပြောပြ ခဲ့ တာပါ။
“မပန် ကတော့ ဆွမ်းကပ်တယ် သောက်တော်ရေ လှူ ဆီမီး လှူ အ ခု ဆို ရင် တော့ မဟာ သမသုတ် ရွတ်တယ် ပြီးတော့ အခု မေတ္တာသုတ်လေးကို အပိတ်လေး ရွတ်လိုက်တယ် အရဟံသိဒ္ဒိပုတီလေးစိပ်တယ် အခု ဂုဏ်တော် ကိုးပါးပါ စိတ်တယ် အဓိက ကတေစိတ်အေး ချမ်းတာ ပေါ့”
“အရင် ကတော့ သရဏဂုံတင် ဖြစ်တယ် မိုးလင်းတာ နဲ့မျက်လုံးဖွင့်တာ နဲ့ ရေသောက် ရင် ဖြစ်ဖြစ် ကော်ဖီ သောက် ရင် ဖြစ်ဖြစ် သ ရဏဂုံ လေး ရွတ်ဖြစ် တယ် မဟာသမယသုတ် ကို လည်း Face book မှာ တင်ပေး ဖြစ်တယ် ပါဠိလို ပဲရှိတယ်မြန်မာအသံထွက်မရှိဘူး အဲဒီ့ တော့ ၆ လပိုင်း မှာ မမ ထိုင်ပြီး ရေး တာ ကြည့် ရေးတာ ပေါ့နော် နေရာ ခြားတာလေးက အဆုံး အသေး စိတ် ရေး ပြီး facebook မှာ တင်ပေး တယ်”
” ၆ရက်လောက် ကြာတယ် ရေးရတာ ကလေး တစ်ဖက်နဲ့ဆိုတော့ အခု ဆိုရင် မြန်မာ အသံထွက် လေး ကို လက်ကမ်း စာစောင်လေးလုပ် ပြီး ပေးချင်တယ် ဒါ ကို အိတ်ထဲ ထည့်ထား ရင် အပြင်သွားရင်တောင် ကြုံတဲ့ နေရာ မှာ ထုတ်ပြီး ရွတ်လို့ ရ တယ်”
“အမှန်တော့ မပန် က မွေးနေ့မှာ လို ချင်တာ ပုံနှိပ် တိုက် တွေ က မြန်မာ အသံ ထွက်ကြီးပဲ ဘယ်လို မှ မရိုက် ပေးဘူး ပါဠိ နဲ့ မြန်မာအသံ ထွက်၂မျိုးဆိုရင် ရမယ် ၁မျိုးတည်း ဆိုရင် မရိုက် ပေး ဘူး ပါဠိ လို ပျောက်ပျက် သွားမှာ စိုးလို့ပေါ့ နောက်ဆုံး ကျတော့ ပုံနှိပ်လုပ်ငန်း တစ်ခု က နေရ တယ် ပေါ့ အခု တော့ လှူ နိုင် တော့ မယ်ပေါ့”လို့အင်တာဗျူးမှာ ဖြေဆိုခဲ့တာ တွေ့ခဲ့ ရတာ ကို ပရိတ်သတ်ကြီး အတွက် ပြန်လည် မျှ ဝေပေး လိုက် ပါ တယ်။
Source :Shwe Yaung Myanmar