မိန်းမဖြစ်သူလေယာဉ်မယ်လေးကို သိပ်ချစ်လွန်းလို့ သူမြန်မာပြည်ပြန်ရောက်မယ့်အချိန်ကို တစ်ညလုံးမအိပ်ဘဲ လေဆိပ် ရှေ့မှာသွားထိုင်စောင့်ခဲ့တဲ့ နိုင်းဝမ်း

မိန်းမဖြစ်သူလေယာဉ်မယ်လေးကို သိပ်ချစ်လွန်းလို့ သူမြန်မာပြည်ပြန်ရောက်မယ့်အချိန်ကို တစ်ညလုံးမအိပ်ဘဲ လေဆိပ် ရှေ့မှာသွားထိုင်စောင့်ခဲ့တဲ့ နိုင်းဝမ်း

ပရိတ်သတ်ကြီးရေ အခု ပြောပြ ပေးမှာ ကတော့မိန်းမဖြစ်သူ လေ ယာဉ်မယ်လေးကို သိပ် ချစ်လွန်းလို့ သူမြန်မာပြည်ပြန်ရောက်မယ့်အချိန်ကို တစ်ညလုံး မအိပ်ဘဲလေဆိပ်ရှေ့မှာ သွားထိုင်စောင့်ခဲ့တဲ့ နိုင်းဝမ်း ဆိုတာပဲ ဖြစ်ပါတယ်။

အဆိုတော်နိုင်းဝမ်းဟာဆိုရင်တေးသီချင်းကောင်းများစွာနဲ့ အောင် မြင် ကျော်ကြား နေတဲ့ ပရိသတ် အချစ်တော် တေးသံရှင် တစ်ဦးပဲဖြစ်ပါတယ် ။ အချစ် သီချင်း ကောင်းလေး တွေကို ဖန်တီးတတ်တဲ့ နိုင်းဝမ်းက ပရိသတ်တွေရဲ့နှစ်ခြိုက် အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ် ။

လက်ရှိမှာ ကတော့ နိုင်းဝမ်းတစ်ယောက်သူအရမ်းချစ်ရတဲ့ ချစ်သူလေးနဲ့ထိမ်းမြား လက်ထပ်ပြီး သာယာ ပျော်ရွှင်တဲ့ ဘဝလေး တစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။နိုင်းဝမ်းက ချစ်သူလေးနဲ့ (၁၀)နှစ်ကျော်ကြာ လက်တွဲခဲ့တာကြောင့်သူတို့စုံတွဲလေးက အပြန် အလှန် နားလည်မှု ရှိပြီး အရမ်း ချစ်ကြတာ ဖြစ်ပါတယ် ။

Covid ကာလဖြစ်တာကြောင့်နိုင်းဝမ်းတို့ ဇနီးမောင်နှံက မင်္ဂလာလက်မှတ် ကိုသာ ရေးထိုးပြီးနှစ်ကိုယ်တူဘဝကိုတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်မယ်လေးကို မိန်းမတော်ထားရတဲ့ နိုင်းဝမ်းကတော့ အခုလည်း ချစ်ဇနီး အိမ်အပြန်အလာကိုတစ်ညလုံးမအိပ်ဘဲ လေဆိပ်မှာ သွားစောင့်ခဲ့တာ ဖြစ်ပါတယ် ။

နိုင်းဝမ်းက “မိန်းမကို သိပ်ချစ်လွန်း တော့လည်း သူအလုပ် ပြီးလို့ဖယ်ရီနဲ့ အိမ်ပြန် မလာစေချင်လို့ တစ်ညလုံး မအိပ်ပဲ မိန်းမ မြန်မာပြည်ပြန်ရောက်မယ့်အချိန်ကို ဘယ်သူမှ မရှိတဲ့လေဆိပ်ကြီးရှေ့မှာလာထိုင် စောင့်နေ တတ်တာမျိုး

 

လေယာဉ်ပျံကြီး မြေပေါ် မဆင်းလာ မချင်းစိတ်ပူပန်နေမိတဲ့ဖီလင်က ပြောပြ လို့တောင် မတတ်ဘူး ဒီခံစားချက်လေးနဲ့ သီချင်းလေးတစ်ပုဒ် လောက် ရေးကြည့် ဦးမှ ပါလေ”ဆိုပြီးဇနီးသည်ကို ဘယ် လောက်ထိ ချစ်ကြောင်း ပြောပြထားတာ ကို ချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည် မျှဝေပေးလိုက် ပါတယ်နော်။

Source and Photo Credit-Kyaw Zin Latt