ချစ်သူနှင့်တွေ့ဖို့ မိုင်၄၀၀ကျော်ခရီးနှင်ပြီးနောက်အရှက်ခွဲအလှောင်ခံခဲ့ရသူအမျိုးသမီး

ချစ်သူနှင့်တွေ့ဖို့ မိုင်၄၀၀ကျော်ခရီးနှင်ပြီးနောက်အရှက်ခွဲအလှောင်ခံခဲ့ရသူအမျိုးသမီး

ပရိတ်ကြီးရေခု​ ပြောပြပေးမှာ ကတော့ ချစ်သူနှင့် တွေ့ဖို့ မိုင် ၄၀၀ ကျော် ခရီးနှင် ပြီးနောက် အရှက်ခွဲ အလှောင်ခံခဲ့ ရသူအမျိုး သမီးအကြောင်း လေးပဲ ဖြစ်ပါတယ်။

ကိုယ်က စိတ်နှစ်ပြီးအလေးအနက်ထားခဲ့ရာမှတစ်ဖက်သားရဲ့ စိတ် ထားဟာ ကိုယ့်ကို အလေးနက်ထားဖို့ နေနေသာသာ လှောင်ပြောင်ဖို့သက်သက် ချဉ်းကပ်ခဲ့တာကို သိလိုက်ရတဲ့အခါ သင်ဘယ်လိုနေမလဲ။

အသက်(၂၄)နှစ်အရွယ် Sophie Stevensonဆိုသူ အမျိုး သမီး ကတော့ ချစ်သူ ဖြစ် နေပြီ လို့ထင်ခဲ့ပြီးကာမှ message တစ်စောင်တည်းနဲ့ ပစ်ခံရ ပြီး အစော်ကားပါ ခံခဲ့ ရပါတယ်။အနေဝေး တဲ့ချစ်သူတွေအဖြစ် Sophie စိတ် ထဲမှာ ထင်ကာ Jesse အပေါ်မှာ စိတ်နှစ်ပြီး သူ နဲ့သမျှ အရာရာကို အလေးထားခဲ့တာပါ။

ဒါကြောင့်လည်းသူမအလေးထားနှစ်သက်ရတဲ့သူကိုတွေ့ဖို့အတွက်ပိုက်ဆံ အကုန်အကျခံပြီးဝေးလှတဲ့ခရီးကို တစ်ယောက် တည်း အရဲစွန့်ကာ ထွက်လာ ခဲ့တာပဲ ဖြစ်ပါတယ်။

တစ်ခါမှ မရောက်ဖူးတဲ့ မြို့မှာ Jesse နေတယ် လို့ ကြားပြီးသားရောက်လာရတာ၊လိပ်စာလည်းအတိအကျမသိဘဲ လေဆိပ်မှာလာကြိုမယ်ဆိုတဲ့ Jesseရဲ့စကားတစ်ခွန်းနဲ့တင် နေထိုင်ရာ Stoke မြို့မှ နယ်သာလန်၊ အမ်စတာဒမ် သို့ လေယာဉ် စီးခဲ့ ပါတယ်။

Stokeနှင့်အမ်စတာဒမ်တို့ဟာမိုင် (၄၀၀) ကျော်ကွာဝေးပြီး လေ ယာဉ်စရိတ် ကတော့ ယူရိုငွေ (၃၅) တောင်ကုန်ကျခဲ့ပါတယ်။လေ ယာဉ်ပေါ် မတက်ခင် ကတောင် ဖုန်းပြော ခဲ့ကြ ပေမယ့် အမ်စတာဒမ်လေဆိပ်ရောက်တော့ Jesse ရဲ့ဖုန်းကို ဆက်သော်လည်း ဖြေ ကြားခြင်း အလျဉ်းမရှိတဲ့အတွက် အချိန်အတော် ကြာအောင် လေ ဆိပ်မှာ တစ်ယောက်တည်း စောင့်ခဲ့ပါသေး တယ်။

ဘယ်လိုမှ မတတ်နိုင်တဲ့ အဆုံးဘွတ်ကင်တင်ထားတဲ့ဟိုတယ်သို့တ စ်ယောက် တည်းသွား ခဲ့ပြီး (၆) နာရီ ကျော်အကြာ တဲ့အခါကျ မှ Jesse ဆီက Snapchat မှ message တစ်စောင် ဝင်လာခဲ့ပါတယ်။“You were pigged. It was a joke” တဲ့။ ဒီ Messageလေးတစ်စောင်ပို့ပြီး Sophieကို block သွားခဲ့တာပါ။

နိုင်ငံခြားတိုင်းပြည် တော် တော် များများရဲ့ ပွဲလမ်းသဘင် တွေ နဲ့ club တွေ၊ bar တွေမှာ လူငယ် တွေကြား ရေပန်းစား တဲ့ ဂိမ်းတစ်ခု ရှိပါတယ်။ ဒါကတော့ အမျိုးသားဟာ နေရာမှာရှိတဲ့ ခပ်ဝဝအမျိုးသမီးတစ်ဦး ကို အရင်ဆုံး ပစ်မှတ်ထား ရပါတယ်။

ခပ်ဝဝ အမျိုးသမီးအနား သို့သဘောကောင်းချင်ယောက် တကယ်ပဲစိတ်ဝင်စား နှစ်သက် သယောင်ဆောင် ပြီး တစ်ဖက် အမျိုးသမီးမှ စိတ်ဝင်စားနေတာသေချာပြီဆိုကာမှလှောင်ပြောင်ကာ ပစ် ထား ခဲ့ကြတဲ့ ဂိမ်းမျိုးပါ။

အခု လည်း Sophie တစ်ယောက် ဂိမ်း ကစားပွဲ တစ်ခု ရဲ့ သား ကောင် ဖြစ်ခဲ့ရ ရှာပါတယ်။ မိန်းမသားဖက်က အလေး ထား မှုကို အလွဲသုံးစား လုပ်ပြီး အခုလိုမျိုးနောက်ကွယ် မှာ လှောင်ပြောင်သယော်နေခဲ့တဲ့ ၊လှောင်ပြောင်ရော် နေတဲ့ အမျိုးသား တွေလည်း အ များကြီး ရှိနေ ကြပါတယ်။

သူ့ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန် ကို လူမှု ကွန်ယက်ပေါ် တင်ပြီး အခြားအမျိုးသမီးတွေ ကို သူ့လိုပဲ အယုံမလွယ် ကြဖို့နဲ့ ဖြစ်လေ့ ဖြစ်ထရှိတဲ့အမျိုးသားတွေ ရဲ့ယုတ်ညံ့တဲ့ စိတ်ထား အကြောင်း ကို လူတွေ သိအောင် ထုတ်ပြောခဲ့ ပါတယ်။ Sophie ရဲ့ post ဟာ လူအများကြား ပျံ့နှံ့သွား ခဲ့ပါတယ်။

အားလုံး နီးပါးသော လူတွေ ဟာ Sophie ဖက်မှ ရပ်တည် ကာ Jesse လိုလူမျိုးအတွက် ဘာမှမခံစား သင့်ကြောင်းဝိုင်းဝန်းအား ပေးစကား ပြောခဲတဲ့ အကြောင်းကို ပရိတ်ကြီး တွက် ပြန်လည်မျှ ဝေလိုက် ပါတယ်။

Credit

Tags: