မိဘတစ်ယောက်လို အစ်မတစ်ယောက်လို့ ချစ်ရတဲ့ နီနီခင်ဇော်အတွက် Surprise အနေနဲ့ တက်တူးထိုးခဲ့တဲ့ ခင်ရတနာစိုး

မိဘ တစ်ယောက်လို အစ်မတစ်ယောက်လို့ ချစ်ရတဲ့ နီနီခင်ဇော်အ တွက် Surprise အနေနဲ့ တက်တူးထိုးခဲ့တဲ့ ခင်ရတနာစိုး

ပရိသတ်ကြီးရေ ခုပြေပြပေးမှာကတော့ မိဘတစ်ယောက် လို အစ် မတစ်ယောက်လို့ချစ်ရတဲ့ နီနီခင်ဇော်အတွက် Surprise အနေနဲ့ တက်တူးထိုး ခဲ့တဲ့ ခင်ရတနာစိုး အကြောင်းလေး ဖြစ်ပါတယ်။

The Voice Myanmar ပြိုင်ပွဲကနေ တဆင့်ပရိသတ်တွေအား ပေးမှု ရရှိလာခဲ့တဲ့ ခင်ရတနာစိုးကတော့ ပြိုင်ပွဲတစ်လျှောက်လုံးမှာ နီနီခင်ဇော် ဦးဆောင် တဲ့ Team NiNi အဖွဲ့ မှာနီနီ သင် ကြားသမျှတွေနဲ့အတူကြိုးစားယှဉ်ပြိုင်ခဲ့တာပါ။နီနီကသူမအတွက် ဆရာကောင်း တစ်ယောက်ဖြစ်ပြီး ပညာတွေလည်းအများကြီး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ခင်ခင်က Surprise အနေနဲ့ နီနီ နာမည်လေးကို သူမရဲ့ လက်မှာတက်တူးထိုးခဲ့တဲ့အကြောင်းပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။မမနီနီကညီမအတွက်မိဘတစ်ယောက်လိုကော ညီအမလိုပါ သဘောကြီးစွာသင်ကြားပေးခဲ့တယ်အဲ့ဒီ အ တွက် ညီမရဲ့ ဆရာတစ်ယောက် အနေနဲ့ကော ညီအမတစ်ယောက်အနေနဲ့ကော မိဘတစ်ယောက် အနေနဲ့ပါ အမြဲအမှတ်တရရှိချင်လို့မနေ့ကရေးဆွဲခဲ့ပါတယ်ဆိုတဲ့ စာသားလေးနဲ့ အတူ သူမရဲတက်တူး လေးကိုလူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပရိသတ်တွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူမ တက်တူးထိုးတာကို ပရိသတ်အများစု က သဘောမကျကြောင်း ဝေဖန်တဲ့မှတ်ချက်တွေ ရေးသားခဲ့ကြတဲ့အတွက်ခင်ခင် ကနောက်ထပ်မထိုးတော့ဘူးလို့ ကတိပေးတဲ့ညအကြောင်း ပရိ သတ် တွေကို ပြန်လည် မှတ်ချက် ပေးခဲ့ ပါတယ်။

ဒီတက်တူးလေးကိုကြည့်ပြီး နီနီ အပေါ် ထားတဲ့ ခင်ခင်ရဲ့ လေးစားချစ်ခင်မှုတွေကို အတိုင်းသားမြင်ရလိမ့်မယ်လို့ထင်လို့ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေလိုက် ပါတယ်။

Source : Yang Chi