ငယ်ငယ် ကတည်း က ကွဲကွာ သွား တဲ့အဖေ ကို ပြန်မတွေ့ချင် တော့ဘူး၊ရုပ်ရှင် မဆန်ချင် ဘူးလို့ ပြောလာတဲ့ စည်သူဝင်း

ငယ်ငယ် ကတည်း က ကွဲကွာသွား တဲ့အဖေ ကိုပြန်မတွေ့ချင်တော့ဘူး၊ရုပ်ရှင် မဆန်ချင် ဘူးလို့ ပြောလာတဲ့ စည်သူဝင်း

ပရိတ်ကြီးရေ ခုပြောပြပေးမှာကတော့ ငယ်ငယ်ကတည်းကကွဲကွာသွားတဲ့ အဖေကို ပြန်မတွေ့ချင် တော့ဘူး၊ ရုပ်ရှင်မဆန်ချင် ဘူးလို့ ပြောလာတဲ့ စည်သူဝင်း အကြောင်းလေး ဖြစ်ပါတယ်။

MRTV 4 ဇာတ်လမ်းတွဲတွေ ကနေတစ်ဆင့်ပရိသတ် အားပေးမှုရရှိ ထားတဲ့မင်းသားတစ်လက်ဖြစ်တဲ့ စည်သူဝင်းကတော့ငယ်ငယ်ကတည်းက ကွဲကွာသွားတဲ့အဖေကိုပြန်မတွေ့ချင်တော့ဘူး၊ ရုပ်ရှင် မဆန်ချင် ဘူးလို့ အင်တာဗျူး တစ်ခုမှာ ဆိုထားပါတယ်။

“ကျွန်တော်က Broken family ဆိုတော့ အဖေ ကတော့မရှိဘူး အဖိုးနဲ့အဖွားက ပြန်မွေးစားထားတဲ့ သဘောပေါ့မှတ်ပုံတင်ထဲကမိဘနာမည် ကတော့အဖိုးအဖွားနာမည်ပေါ့အဖေအရင်းကတော့မရှိတော့ဘူး ကွဲသွားတာကြာပြီ ကျွန်တော် မွေးပြီး ကွဲသွား တာဆိုတော့ မမြင်ဖူးလိုက်ဘူး ”

“ကျွန်တော့် ဘဝမှာ အမေရယ် ကျွေးမွေး ပြုစုခဲ့တဲ့ အဖိုးနဲ့ အဖွားရယ် ကျွန်တော့် အစ်ကိုရယ် ဒီ၄ယောက်ပဲပေါ့နော် အဖေကတော့ရှိပါသေးတယ် တွေ့လည်း မတွေ့ချင်ပါဘူး ရုပ်ရှင်လည်း မဆန်ချင်ဘူး ကျွန်တော်က ၅တန်းနှစ် ကျမှ အဖိုးနဲ့ အဖွားလို့ သိတာ အမေကို အစ်မပဲ သိထားတာ ငယ်ငယ်က ပေးမသိထားဘူး ”

“ကျွန်တော့်ရဲ့ အသက်၂၅ ရှိနေပြီ မျက်နှာချင်းဆိုင်လည်းမတွေ့ဖူးဘူး နာမည်တောင်မှအရင်းမသိဘူး အဲ့ဒီတော့ မတွေ့ ချင်တော့ဘူး ကိုကြီး ကလည်းမတွေ့ချင် တော့ဘူး ဘယ်လို အခြေ အနေ မျိုးပဲဖြစ်ဖြစ် ပြန် ရောက်ရောက် လောလော ဆယ် ဖီလင် ကတော့ မရှိ ဘူး ပေါ့ လောလော ဆယ်တော့ မိသားစု ကောင်းကောင်း မွန်မွန် နေထိုင်ဖို့ပဲ ရှိပါတယ်”

“အဖိုးနဲ့အဖွား ကတော့ မေတ္တာကြီး ပါတယ် ငယ်ငယ်က တည်းကလို အပ်တာမရှိအောင်ထားခဲ့တယ် အဲဒီ့အတွက် ကျေးဇူးတင်တယ် အဲ့ဒီအတွက် မလို ချင်တော့ တာလေ။ ဒီအတိုင်း လေးက ကောင်းတယ် ” လို့ Sunday နဲ့အင်တာဗျူး မှာဆိုထားပါတယ်။

ဝင်ငွေ စီမံခန့်ခွဲတာနဲ့ ပတ်သတ်ပြီး“ကျွန်တော်က ကပ်စေးနည်းတဲ့ထဲမပါဘူး အရမ်းကြီးသုံးတဲ့ အထဲ လည်း မပါဘူး။အိမ် စရ်ိတ် ၆ သိန်းဖယ်ပြီး ကျန်တာ အမေတို့ လိုတာဖြည့်ဆည်း ပေးတယ်ပိုတာကတော့ မိဘက ကျွန်တော့် ဘာသာ စီမံ ခန့်ခွဲခွင့်ပေးတယ် အကျီဝယ်တာတို့ ဘာတို့ အပြင် လှူတာဒါန်း တာလည်း အကျုံးဝင်သေးတယ်”

“ကိုကြီးကတော့ နိုင်ငံခြားမှာနေတာ ပေါ့ အနုပညာ တော့ဝါသနာမပါဘူး ကျွန်တော်တို့ မိသားစုက ပြန်တည့်မတ်လာတာပဲရှိပါသေးတယ် ကြွယ်ဝချမ်းသာ နေတာ မဟုတ်ဘူး။ အလယ် အလတ်တန်းစား သာမန် မိသားစုပဲပေါ့။ မိဘကိုပိုကြည့်ချင်တယ်လှူစေတန်းစေချင်တယ်။ဖြစ်နိုင်ရင် အမေတို့ကို ကမ္ဘာတောင် ပတ်စေ ချင်တယ်။ကိုယ်တွေ ကိုထားခဲ့တာထက် ပိုထားနိုင်ချင်တယ် ကျွန်တော်တို့နေခဲ့ရတာထက် ပိုမြင့်တဲ့ ဘဝရောက်အောင် ညီအစ်ကို ၂ယောက်လုံးကြိုးစားနေတယ်”

“ကျွန်တော်တို့က ရုန်းကန်ရတဲ့ မိသားစုထဲမှာပါတာကိုး မိဘတွေကလည်း သာမန်ဘပဲဆိုတော့ လောလောဆယ်ညီအစ်ကို၂ယောက် လုံးကြိုးစားနေကြတယ်။အမေဆိုရင် လည်းဘန်ကောက်ရောက်ဖူးတယ်စင်ကာပူတွေဘာတွေလည်း ခေါ်သွားမယ်ပေါ့တခြားခရီးတွေလည်းခေါ်သွားဖို့ရှိတယ်။လူကြီးဆိုတော့လဲ ကျန်းမာရေး ကလည်း ရှိသေးတယ်လေ မြန်မာနိုင်ငံ အတွင်းတော့ ခေါ်သွားဖြစ်တယ်”

“အမေကတော့ Oversea တော့ မတောင့် တဘူးမြန်မာ နိုင်ငံအတွင်း ဆိုရင်တော့ အမေ ပါတယ် ကျွန်တော် မွေးထား တဲ့ ခွေးလေးပါတယ်ပေါ့”လို့ ဆိုထား ပါတယ်။

“ကျွန်တော်က အရမ်းကြီး ခံစားချက် မရှိဘူး ဆိုပေမယ့် ကြီးလာတဲ့ အခါ ငါတို့ သားသမီး ငါတို့လို မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားတယ် ယောက်ျား ကောင်းတစ်ယောက် ပီသရမယ်။ တာဝန်ယူ လို စိတ်ပြည့်ဝရမယ် ကိုယ့်သားသမီးကို သူများနဲ့ မကြီးပြင်း စေရဘူးပေါ့ ဒါကျွန်တော့်ဘဝနဲ့ ရင်းပြီးရခဲ့တဲ့ သင်ခန်းစာပေါ့ ကလေးကိုမိတကွဲ ဖတကွဲနဲ့ မကြီးပြင်း စေဘူး”

“မသေချာရင် အိမ်ထောင် မပြုဘူး သေချာမှ မိသားစု ဘဝ တည် ဆောက်မယ် သေတပန်သတ်တစ်ဆုံး ကောင်းကောင်း နေသွားချင်တယ် ဒါကျွန်တော့် ဆန္ဒပဲ အရမ်းကြီးချမ်းသာဖို့ထက်မိသားစုဘဝလေးပြည့်စုံနေဖို့ပဲလိုတယ် ကိုယ့်လိုမဖြစ်အောင်ကြိုးစားသွားမယ် ”လို့သူ့ဆန္ဒကို ရင်ဖွင့်ခဲ့ပြီး ဇာတ်လမ်းတွဲတွေကို စိပ်စိပ်လေးမရိုက်ပေးနိုင်တဲ့အတွက်လည်း ပရိသတ်ကိုတောင်းပန်ပါတယ်။လို့ဆိုတာ ကို ပရိတ်ကြီးတွက် ပြန်လည် မျှဝေပါတယ်။

Source – Sunday