ခြိမ့်ကေကို ကို လွှတ်ပေးခဲ့တဲ့ အတွက် သက်ဆိုင်ရာတာဝန်ရှိလူကြီးတွက် ကျေးဇူးတင်လိုက် တဲ့ ဒိန်းဒေါင်နဲ့ ယုန်လေး

ခြိမ့်ကေကို ကိုလွှတ်ပေးခဲ့တဲ့ အတွက်သက်ဆိုင်ရာတာဝန်ရှိလူကြီးတွက်ကျေးဇူးတင်လိုက် တဲ့ ဒိန်းဒေါင်နဲ့ ယုန်လေး

ပရိတ်ကြီးရေ ခု​ပြောပြပေး မှာကတော့ ခြိမ့်ကေကို ကိုလွှတ်ပေးခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိ လူကြီးတွက် ကျေးဇူးတင်လိုက်တဲ့ ဒိန်းဒေါင်နဲ့ ယုန်းလေး ဆိုတာပဲဖြစ်ပါတယ်။

သဘာဝ ဘေးအန္တာရယ် ဆိုင်ရာ ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်ခံထားရ တဲ့ ခြိမ့်ကေ ကို အပြင် ပြန်ရောက်လာပြီ ဖြစ်တယ်လို့ လူရွှင်တော်ဒိန်းဒေါင်နဲ့ သရုပ်ဆောင်ယုန်လေး တို့က သူတို့ရဲ့လူမှုကွန်ရက် စာ မျက်နှာက နေဇန်နဝါရီလ (၁၁)ရက်နေ့က အသိပေး ရေးသားလာကြပါတယ်။

 

အခုလို မျှမျှ တတ ဆောင်ရွက်ပေးခဲ့တဲ့ အတွက်လည်း သက်ဆိုင် ရာ တာဝန်ရှိ သူတွေ ကို ကျေးဇူးတင်ကြောင်းကိုစကားဆို ထားပါ သေးတယ်။ “ငှက်ပျောသီး အပြင် ပြန်ရောက် ပါပြီ။ တာဝန် ရှိသူ များအား လုံးကို အထူး ကျေးဇူး တင်ပါသည်ခင်ဗျာ”လို့ ဒိန်ဒေါင်ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာပါ။ ပြီးတော့ ယုန်လေး ကလည်း “ ကဲ ကျွန်တော့် IDOL လေး အပြင် ပြန်ရောက်ပါပြီ။ အချုပ်က လွတ်ပါပြီ။

မျှတစွာဆောင်ရွက်ပေးပါသော သက်ဆိုင်ရာ လူကြီးများအားလုံးကိုအထူးကျေးဇူးတင်ပါသည်”လို့ ရေးသားထားပါတယ်။ခြိမ့်ကေကိုကတော့ ကိုဗစ်ကာလ အတွင်း ခွင့်ပြုချက် မရှိပဲ လူစုလူဝေး နဲ့ ဒီဇင်ဘာလ(၃)ရက်နေ့ကပြုလုပ်တဲ့ မွေးနေ့ပွဲတစ်ခုမှာ သီဆို ဖျော် ဖြေ ခဲ့တာ ကြောင့် သဘာဝ ဘေး အန္တရာယ် ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅/၃၀(က) အရ အမှုဖွင့် ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ ဒိန်းဒေါင်ရဲ့စကားကို နားထောင်ပြီး ဇန်နဝါရီလ (၄) ရက်၊ လွပ်လပ်ရေးနေ့မှာ သွားရောက် အဖမ်းခံခဲ့ ပါတယ် ။ သူ အဖမ်းခံရတဲ့ အချိန်မှာ အနုပညာရှင် အသိုင်း အဝိုင်း က လည်း ခြိမ့်ကေကို ဘက်က ဝန်းရံ ပေးကြတာကို တွေ့ရသလိုပြန်လွတ်လာတဲ့အချိန်မှာလည်း အနုပညာရှင်တွေသာမက ပရိသတ်တွေ ကလည်း ခြိမ့်ကေကို အ တွက်ဝမ်းသာနေတဲ့ အကြောင်းကို ပရိတ်သတ်ကြီး တို့ အတွက်ပြန် လည်မျှဝေလိုက်ပါတယ်။

Source :Credit Pyi Myanmar