ကိုဗစ်ကာကွယ်ဆေးဝယ်ယူ ရရှိရေး အတွက်ငွေကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု

ကိုဗစ်ကာကွယ်ဆေးဝယ်ယူ ရရှိရေး အတွက်ငွေကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု

 

ပရိတ်သတ်ကြီးရေ ခုပြောပြမှာကတော့ ကိုဗစ် ကာကွယ်ဆေးဝယ် ယူရရှိရေးအတွက် ငွေကျပ်သိန်း(၂၀၀)လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစုအကြောင်းလေးပဲဖြစ်ပါတယ်။

ထပ်ဆင့်အကယ်ဒမီခိုင်သင်းကြည်ကတော့အနုပညာအလုပ်တွေကိုဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပြီးပရိသတ်တွေ ရဲ့အား ပေးချစ်ခင်မှုတွေ ကိုလည်း ရရှိထားတာဖြစ်ပါတယ်။

မခိုင်လေးကပျော်ရွှင်စရာမိသားစုဘဝလေး ကိုလည်း ပိုင်ဆိုင်ထားပြီးဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်လည်းရှိလို့သူမအတွက် အဖော်ရ နေတာ ဖြစ်ပါတယ်။

မခိုင်လေး အနေနဲ့ သမီးလေး တစ်ယောက်ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက် ရဲ့ မိခင် ဖြစ်ပေမယ့် လည်း သူမရဲ့ အရွယ်တင် နုပျိုမှုက အံ့အားသင့် လောက်အောင်ပဲ ဖြစ်ပါတယ်။

မခိုင်လေး က ကျန်းမာရေး လိုက်စားသူဖြစ်တာကြောင့် ခန္ဓာကိုယ်လေး ကလည်းအဆီပိုမရှိဘဲကျစ်လစ် လှပနုပျိုနေဆဲဖြစ်ပါတယ်။အလှူအတန်းတွေဆိုရင်လည်း မိသားစုလိုက် စိတ်တူ ကိုယ်တူအမြဲပြုလုပ်လေ့ရှိပါတယ်။

အခုလည်း ကိုဗစ် ကာကွယ်ဆေးဝယ်ယူ ရရှိရေး ရန်ပုံငွေအတွက် ချစ်ရတဲ့ဖေဖေနဲ့ အတူ ငွေကျပ်သိန်းနှစ်ရာ ကိုရက်ရက် ရောရော လှူဒါန်းခဲ့ကြောင်း ကို ပုံလေးနဲ့ အတူ ကိုဗစ် ကာကွယ် ဆေးအလှူလည်းဖြစ်ပါတယ်။

မခိုင်လေး အဖေ မှ သိန်းတစ်ရာ မခိုင်လေးမိသားစု မှသိန်းတစ်ရာလှူဒါန်းပါတယ်။ မြန်မာနိုင်ငံကြီးနှင့်ကမ္ဘာကြီး ကိုဗစ်ရောဂါ အမြန်ဆုံးကင်းစင်ပပျောက်ပါစေဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးလည်း သာဓု ခေါ်နိုင်စေ ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ source : swelsone Ne