ကင်ဆာဝေဒနာကို နှစ် အတော် ကြာ ခံစားနေရရှာတဲ့ လူရွှင်တော်ကြီး ဦးစိန်ရိုးရဲ့ ကျန်းမာရေး အခြေအနေ

  1. ကင်ဆာဝေဒနာကို နှစ် အတော် ကြာ ခံစားနေရရှာတဲ့ လူရွှင်တော်ကြီး ဦးစိန်ရိုးရဲ့ ကျန်းမာရေး အခြေအနေ

ပရိတ်သတ်ကြီးရေ ခုပြောပြမှာ ကတော့ ကင်ဆာ ဝေဒနာ ကို နှစ်အတော်ကြာခံစားနေရရှာတဲ့လူရွှင်တော်ကြီဦးစိန်ရိုးရဲ့ ကျန်းမာရေး အခြေအနေလေးပဲဖြစ်ပါတယ်။

ဝါရင့်လူရွှင်တော်ကြီး ဦးစိန်ရိုးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာပိုး စတွေ့ခဲ့ချိန်က စလို့ ကျန်းမာရေး မကောင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကင်ဆာအခြေအနေ နဲ့ ပတ်သက်ပြီးတော့ ခွဲစိတ်ကုသဖို့ ကိုလည်း သဘောမတူတာကြောင့် အိမ်မှာပဲဆေးကုသနေရတယ်လို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ သားမက်ဖြစ်သူ ဦးဝင်းမြင့်က ပြောပြခဲ့ပါတယ်။

“အဖေက ပူတဲ့ဒဏ်ကို ခံနိုင်ရည်ရှိတယ်၊ နည်းနည်းလေး အေးလာလို့ရှိရင် သူနေလို့မရ တော့ဘူး ရင်ဘတ်ထဲကနေ ကြပ်လာတာပေါ့နော်။ လွန်ခဲ့တဲ့(၃)နှစ်လောက်က ရောဂါစဖြစ် တုန်းကတော့ အစာ အိမ်နဲ့အူလမ်းကြောင်းမှာကင်ဆာရောဂါစတွေ့ တယ်ပေါ့။သွေးအန် လို့ ဆေးရုံ ပို့လိုက် ရတာပေါ့။

အဲဒီ အချိန်မှာ စဖြစ် တာ ခွဲစိတ်မယ် ဆို တော့အဖေက မှန်ပြောင်း အကြည့် မခံတော့ဘူး။လည်ချောင်း အရမ်းနာတယ် ဆိုတော့ အိမ်မှာပဲ ဆေးကု နေရတယ်။ပြီးတော့ အောက်ဆီဂျင်အားပြုတဲ့ ဓာတ် ဆားရည်လေးတွေ လာလှူ ပေးတဲ့ အလှူရှင်တွေ ရှိတော့အဲဒါ ကိုပဲ အ မြဲတိုက်ဖြစ်တယ်။

သွေးအန်တာ ကလည်း ပျောက်တယ်၊ ကျန်းမာရေး ကလည်းနည်းနည်းပြန်ကောင်းလာတယ်။ဒါပေမယ့် တစ်လ၊ နှစ်လ လောက် ထ မင်းမစားတော့ဘူး။ Ensure တို့ ကြက်ပေါင်းရည် တို့ကိုတော့ တိုက်နေရပါတယ်” လို့ ဆိုပါတယ်။

ဦးစိန်ရိုး ဟာ ကျန်းမာရေး မကောင်း ပေမယ့် အလုပ် တွေပြန်လုပ်ချင်တဲ့ စိတ်ကတော့ တက်တက် ကြွကြွ ရှိနေ တုန်းပဲလို့ ဦးဝင်းမြင့်က ပြောပါတယ်။ ဦးစိန်ရိုးဆီကို သတိတရ လာတဲ့ ဧည့်သည် တွေရှိရင်လည်း အမြဲတမ်း ပျော်နေတတ် တယ်လို့ သူက ဆိုပါတယ်။

“အဖေက အခုဆို အသက်(၈၇) နှစ်ဖြစ်လာပြီ။သူ့ အသက်အရွယ်နဲ့ အဆင် ပြေမယ့် အစား အသောက်တွေ ကျွေးရ တယ်။ထွေထွေ ထူးထူးကတော့ အဖေက လူကသာ မထနိုင်တာသွားချင်တဲ့ စိတ်ရှိတယ်၊ လာချင်တဲ့ စိတ်ရှိတယ်၊ စိတ်ကတော့ မာတယ်။

သူ့ဆီကို ဧည့်သည်တွေ လာရင် အဖေက ပျော်တယ်။ သဘောတွေကျနေတာက မလားဆို ကမယ်၊ ဆိုမလားဆိုလည်းဆိုမယ်။စကား ပြောရင်လည်းလေ တစ်လုံးနဲ့ တစ်လုံးက ပျက်ပျက်သွားတယ်။ပြီးတော့ အဖေ့ တပည့် လူရွှင်တော်တွေ ကလည်းအဖေ့ ဆီ ခဏခဏ လာလည်ကြတော့ သူပျော်ရတာပေါ့လေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ဦးစိန်ရိုး ကတော့လူရွှင်တော်လောကမှာ နှစ်ပေါင်းများစွာနဲ့အောင် မြင်လာခဲ့တဲ့ လူရွှင်တော်ကြီး တစ်ဦးဖြစ်ပါတယ်။ စိန်ရိုး၊ တိမ်ညွှန့် ဟာသညီနောင်ဆိုပြီးတော့လည်းပရိသတ်အများစုရဲ့ အားပေးမှုကို ခံခဲ့ရဖူးပါတယ်။

ပရိတ်သတ်ကြီးအတွက် ကင်ဆာဝေဒနာကို နှစ်အတော်ကြာ ခံစားနေရရှာတဲ့လူရွှင်တော်ကြီး ဦးစိန်ရိုးရဲ့ကျန်းမာရေးအခြေအနေလေး အကြောင်းကိုပြန်လည်မျှဝေလိုက်ပါတယ်။ပရိတ်သတ်ကြီးလဲ သာ ယာပျော်ရွှင်တဲ့ နေ့ရက်လေး ဖြစ်ပါစေ။

source : Shwe Yaung Myanmar