(၄)ရက် အကြာက သင်္ဂြိုဟ် ခဲ့တဲ့ ခင်ပွန်း၊ အိမ်ပြန် ရောက် လာလို့ ထိတ် လန့်ဝမ်းသာ သွားတဲ့ဇနီး

(၄)ရက် အကြာက သင်္ဂြိုဟ် ခဲ့တဲ့ ခင်ပွန်း၊ အိမ်ပြန် ရောက် လာလို့ ထိတ် လန့်ဝမ်းသာ သွားတဲ့ဇနီး

ပရိတ်သတ်ကြီးရေ ခုပြောပြချင် တာ ကတော့ (၄)ရက် အကြာက သင်္ဂြိုဟ်ခဲ့တဲ့ခင်ပွန်း၊ အိမ်ပြန်ရောက်လာလို့ထိတ်လန့်ဝမ်းသာသွားတဲ့ဇနီး ဆိုတာပဲဖြစ်ပါတယ်။

ဟွန်ဒူးရပ်စ် နိုင်ငံ၊ El Carmen မှာ ထူးဆန်းတဲ့ သေရွာ ပြန်မှုတစ်ခု ဖြစ်တောင့်ဖြစ်ခဲ ကြုံခဲ့ရ ပါတယ်။ အခင်း ဖြစ်စဉ် ကတော့ ပြီးခဲ့တဲ့ (၄)ရက် က ကွယ်လွန်ပြီ ဆိုပြီး ဈာပန ကျင်းပခြင်း ခံခဲ့ရတဲ့လူတစ်ယောက်က နေအိမ်ကိုဆိုက်ဆိုက် မြိုက်မြိုက် ပြန်ရောက် လာခဲ့တဲ့ ဖြစ်စဉ်ပါ။

သေရွာပြန် အဖိုးအို ရဲ့ အမည် က တော့ Julio ဖြစ်ပါတယ်။ သူ ရဲ့ဇနီး Victoria Sarmient ကတော့ ခင်ပွန်း မရှိ တော့ လို့ လွမ်းဆွတ် ပူဆွေးတဲ့ မျက်ရည်တွေမှ မခြောက်သေးခင်၊ (၄)ရက်အကြာမှာ ခင်ပွန်း ကို အိမ်ရှေ့ မှာ ဆိုက်ဆိုက် မြိုက်မြိုက် တွေ့ ခဲ့ရတာပါ။ ဆိုရရင်မကျွတ် မလွတ်ဘဲ အစွဲကြီးပြီး သရဲ ပြိတ္တာ ဘဝနဲ့ ပြန်ရောက် လာလေသလား ချက်ချင်းအတွေးဝင်ကာ ထိတ်လန့်သွားတယ်လို့ဆို ပါ တယ်။ အသက် (၆၅)နှစ် အရွယ် Julio ဟာ El Carmen ပြင်ပကွင်းပြင်တစ်ခုမှာ ပြီးခဲ့တဲ့တစ်ပတ်လောက်က ပျောက်ဆုံးသွားခဲ့တာပါ။

ဇနီးဖြစ် တဲ့ Victoria ဟာ အိမ်နီးနား ချင်း တွေ နဲ့ အတူ ကယ် ဆယ်ရေး အဖွဲ့တွေနဲ့ ရှာဖွေခဲ့ ပေမယ့်ပြန် မတွေ့ခဲ့ပါဘူး။ ဒီဇင်ဘာ (၃၀)ရက်မှာ ခင်ပွန်းရဲ့မှတ်ပုံတင် တွေ၊ ဓာတ်ပုံ တွေယူပြီး ရဲစခန်း မှာလူပျောက်တိုင်ပါတယ်။ အဲဒီနောက်မှ ရဲစခန်းကတော့ မိုင်(၃၀) ဝေး တဲ့ Hospital de Occidente ဆေးရုံမှာ အမည်မသိအမျိုးသားတစ်ဦးရဲ့အလောင်းရောက်နေကြောင်း၊အသက် အရွယ် အားဖြင့်တော့ Julio ရဲ့အရွယ် လောက် ဖြစ်ပြီး၊ Julio လို့ ယူ ဆ ရကြောင်း ဆိုပါတယ်။

ဒါကြောင့် Victoria က ဈာပန ဝန်ဆောင်မှု အဖွဲ့တွေနဲ့ ဘော်ဒီကိုရွာအထိခက်ခက်ခဲခဲသယ်ယူခဲ့ပါတယ်။သူမဟာဈာပန အတွက် ပေါင်(၃၂၀) နဲ့ ညီမျှ တဲ့ လမ်ပီရက်စ် ငွေ (၁၀၅၀၀)အထိ ကုန်ကျခဲ့ ပြီး၊ နောက်တစ်ရက် မှာ ကောင်း မွန် စွာ သဂြိုဟ် ခဲ့ ပါ ပေး ပါတယ် သို့သော်လည်း နောက်ထပ် (၄) ရက် အကြာ မှာ ခင်ပွန်း က ပြန်ရောက် လာခဲ့တာပါ။

ဆိုရ ရင်တော့ အလောင်း ချင်းမှား၊ အမှတ် မ ထင် လွဲပြီး တခြားအ လောင်း တစ်ခုကို သဂြိုဟ် မိခဲ့တာ ဖြစ်ပါတယ်။ Julio ဟာ ထရီနီဒက် နယ်စပ် အနီးက ကွင်းပြင်မှာ ဒဏ်ရာ နာမကျန်း အနေ အထားနဲ့လဲကျနေတာကို ဒေသခံ တွေက တွေ့ ခဲ့တာဖြစ် ပါတယ်။ သူရဲ့အဆို အရ သူဟာ လမ်းလျှောက် ထွက်စဉ် အမောဖောက်ပြီး လဲကျ ခဲ့ကြောင်း၊ အဲဒီမှာ ခြေထောက် တွေက ဒဏ်ရာ ရ သွားလို့ ပြန် မထနိုင်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာမှာပင် အစာရေစာ မရှိဘဲ (၃)ရက်ကြာ လျှောင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ တော့ မှ Hospital de Occidente က လည်း သူတို့ ပေး အပ်လိုက်တဲ့ဘော်ဒီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၇)ကဆုံးပါးခဲ့တဲ့ ကိုဗစ်ဝေဒနာ ရှင် တစ်ဦးလို့ ပြောခဲ့တာပါ။ ဆေးရုံ သေစာရင်း မှာလည်း Julio ရဲ့ အချက် အလက်တွေကို ထည့်သွင်းထားတာကို အံ့သြဖွယ် တွေ့ရပါတယ်။

ဝန်ထမ်းတွေကလည်း သေသူစာ Julioရဲ့ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်ကြည့်တော့ တူညီနေလို့အမှတ် မှားခဲ့တာလို့လည်း ရှင်းပြပါတယ်။ ဘာပဲ ဖြစ်ဖြစ် Victoria ကတော့ ခင်ပွန်းကို ပြန်ရ လို့ ဝမ်းသာနေပါတယ် ဆိုတာကို ပရိတ်သတ်ကြီး အတွက်ပြန်လည်မျှဝေ ပေး လိုက် ပါတယ်။

source : You Know What

Tags: