အခက်အခဲတွေ ဒုက္ခ တွေကို ဘယ်သူမှ မရိပ်မိအောင် ကြိတ်ခံစားနေရကြောင်း ပြောပြလာတဲ့ ကင်းကောင်ရဲ့သားလေး ရဲမွန်အောင်

အခက်အခဲတွေ ဒုက္ခ တွေကို ဘယ်သူမှ မရိပ်မိအောင် ကြိတ်ခံစားနေရကြောင်း ပြောပြလာတဲ့ ကင်းကောင်ရဲ့သားလေး ရဲမွန်အောင်

ပရိသတ်ကြီးရေ ခုပြောပြပေးမှာကတော့အခက်အခဲတွေ ဒုက္ခတွေကို ဘယ်သူမှမရိပ်မိအောင် ကြိတ်ခံစားနေရကြောင်းပြောပြလာတဲ့ ကင်းကောင်ရဲ့သားလေး ရဲမွန်အောင်ဆိုတာပဲဖြစ်ပါတယ်။

ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ကင်းကောင်ရဲ့ သားဖြစ်သူ ရဲမွန်အောင် ကတော့ သူ့ရဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစားချက်အချို့ကိုလူမှုကွန်ရက် စာမျက်နှာကနေတဆင့် ရေးသားဖော်ပြထားပါတယ် ။

သူ့ရဲ့ စိတ်ပိုင်း ဆိုင်ရာ အဆင် မပြေမှုတွေ အတွက် နောင်တ ရနေတဲ့ကြောင်းနဲ့အတူအချိန်အတော်ကြာ ဟန်ဆောင်နေခဲ့ကြောင်းတွေကိုအခုလိုရင်ဖွင့် လာခဲ့ပါတယ်။ အခက်အခဲတွေ၊ဒုက္ခတွေ အကျပ်အတည်းတွေ ၊ ဆုံးရှုံးမှုတွေ ဆိုတာ ကို နှစ်နဲ့ချီပီး ခံစား နေရတော့ ပျော်ရွှင်ဆိုတာ မေ့နေတတော်တော်ကြာနေပီ။

ကိုယ့်ရဲ့ ပျော်ရွှင်မှု တွေ ဟာ အတင်းလုပ် ယူထားတဲ့ ဟန်ဆောင်မှုတွေ ဖြစ်တာ ကြောင့် ကိုယ့်အထက် အရာရှိ တစ်ယောက် ကလွန်ခဲ့တဲ့၂လလောက်က ရဲမွန်အောင် အဆင် ပြေလားလို့ မေးရဲမွန် က​တော့ ဖြစ်နိုင်ရင် အဆင်ပြေလားလို့ မမေးပါနဲ့ဗျာ။

မညာချင် တာနဲ့ မပြေပါဘူး ဆရာရယ်လို့ ဖြေလိုက်မိတာ ခုချိန်ထိနောင်တ ရ လို့ မဆုံးဘူး လို့ လည်း သူ့ရဲ့ စိတ် ခံစား ချက် တွေကိုပရိသတ်တွေကို ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ် ။

ကိုယ့် ဖြစ်တည်မှု တစ်ခု အတွက် သူတစ်ပါး ပါ စိတ်မကောင်းဖြစ်သွား ရတာ စိတ် မကောင်းဆုံးဘဲ ဖြစ်လို့ ခင်ရင် မမေး ကြ ပါနဲ့လို့လည်း တောင်းဆိုထားပါ သေး တယ် ဆို တာကို ပရိတ် သတ်ကြီးတွက် ပြန်လည် မျှဝေ လိုက် ပါတယ်။ သူ့ရဲ့ သူငယ်ချင်း မိတ်ဆွေ အချို့ ကတော့ ရဲမွန် အတွက် အားပေး စကားလေးတွေ မှတ်ချက်ရေးသားခဲ့ကြပါတယ် ။ Source : Ye Mon Aung