အမျိုးသမီးနှစ်ယောက်ကို တစ်ချိန်တည်းတစ်နေရာတည်းမှာ လက်ထပ်ခဲ့တဲ့ အမျိုးသား

အမျိုးသမီးနှစ်ယောက်ကိုတစ်ချိန်တည်းတစ်နေရာတည်းမှာ လက် ထပ်ခဲ့တဲ့ အမျိုးသား

ပရိသတ်ကြီးကို အခုပြောပြပေးမှာကတော့အမျိုးသမီးနှစ်ယောက်ကို တစ်ချိန်တည်းတစ်နေရာတည်းမှာလက်ထပ်ခဲ့တဲ့ အမျိုးသားဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

လက်ထပ် မင်္ဂလာပွဲ ဆိုတာက နှစ်ဖက်မိဘ အသိုင်းအဝိုင်း အပြင် လက်ထပ်ထိမ်းမြားရတဲ့ ဇနီးမောင်နှံအတွက်ပါ ကောင်းမွန်တဲ့ နေ့ထူးနေ့မြတ် တစ်ခုပါ ။ လူတိုင်း နီးပါး လက်ထပ်လေ့ ရှိတဲ့ ဓလေ့ကတော့ နှစ်ယောက်တည်း လက်ထပ်တဲ့မင်္ဂလာပွဲမျိုးပါ ။ ဒါပေမဲ့အခုပြောပြချင်တဲ့ မင်္ဂလာပွဲကတော့ လူသုံးယောက် တစ်ပြိုင်နက်တည်း လက်ထပ်တဲ့ မင်္ဂလာပွဲ တစ်ခုပဲ ဖြစ်ပါတယ်။

အဖြစ်အပျက် ကတော့ အမျိုးသား တစ်ယောက် ဟာ အမျိုးသမီးနှစ်ယောက်ကိုအရမ်းချစ်ပြီးဘယ်သူနဲ့မှမခွဲချင်တာကြောင့် နောက် ဆုံးမှာ အဆိုပါ အမျိုးသမီး နှစ်ယောက် စလုံးကို လက်ထပ် ခဲ့တာပဲဖြစ် ပါတယ်။ အဆိုပါ အမျိုးသား ကတော့ အိန္ဒိယနိုင်ငံ၊Chat tisgarhပြည်နယ်ရှိအသက်၂၄နှစ်အရွယ်Chandu Maur ya ပဲ ဖြစ်ပါတယ်။

Chandကတော့ လယ်ယာမြေ အနည်းငယ် ပိုင်ဆိုင်တဲ့ လယ်သ မားတစ်ဦး ဖြစ်သလို အလုပ်ကြမ်းသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ပြီးခဲ့တဲ့၂၀၁၈နှစ် အစောပိုင်းတုန်းက Chandu ဟာ Tokpal ဒေသမှာ လမ်းမီး တိုင် တွေ စိုက်ရတဲ့ အလုပ် ကို သွားရောက် လုပ်ကိုင် ခဲ့ပါတယ်။ ဒီလိုနဲ့ အသက်၂၁ နှစ် အရွယ်ရှိ နယ်ခံအမျိုးသမီးလေး Sundari နဲ့ ချစ်ကြိုက်ခဲ့ ကြပါတယ်။

၂ နှစ်ကျော် တွဲလာ ခဲ့ပြီး နောက် ပိုင်း မှာ တော့ Chandu ဟာ Sundari နဲ့လက်ထပ်ဖို့ အစီအစဉ်တွေတောင်ဆွဲခဲ့ကြပါတယ်။ဒီလိုနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အစောပိုင်းမှာတော့ Chandu ဟာ Tikralohnga ရွာက အမျိုးတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို သွားရင်းနဲ့ အသက်၂၀ အရွယ် Haseena Baghel ကို စိတ် ဝင်စား ခဲ့မိပါတယ်။

Chanduပြောပြပုံအရဆိုရင်တော့ Haseenaဟာသူ့ကို တစ် ဖက်သတ်ကြီး ရေလာ မြောင်းပေး အရမ်း လုပ်လွန်းလို့ သူ့အနေနဲ့ Haseenaကို မြင်မြင်ချင်း ချစ်မိခဲ့ပါတယ်။ ဒါပေမယ့်တစ်ဖက်မှာလည်း Sundariနဲ့ တွဲနေတာကြောင့်Chanduဟာ Has eena ကို သူ့ရဲ့ ဖုန်းနံပါတ်ပေးပြီး ရွာကိုပြန် သွားခဲ့ ပါတယ်။

ဒီလိုနဲ့ သိပ်မကြာခင်အချိန် အတွင်းမှာ Haseenaဟာ Chan duရဲ့အိမ်အထိလိုက်လာပြီးChanduနဲ့အတူတူနေချင်ကြောင်း ပေါ်တင်ကြီးကိုပြောခဲ့ပါတယ်။ ဒီသတင်းကိုကြားသွားတဲ့ Sund ari ကလည်း Chandu အိမ်အထိ လိုက်လာ ခဲ့ပါတယ်။

ဒီလိုနဲ့နောက်ဆုံးမှာတော့ Chanduဟာနှစ်ယောက်စလုံးကို အိမ်ပေါ်ခေါ် တင်ထားခဲ့ပြီး သူနဲ့အတူတူ နေခိုင်းခဲ့ တာကို Sundari ကော၊ Haseenaကေ ာသဘောတူခဲ့ပါတယ်။ ဒါပေမဲ့Chan du ရဲ့အိမ်ဟာ ဒီလိုမျိုးကြီး ရေရှည်နေရင် ပတ်ဝန်းကျင် အတွက် အဆင်မပြေတာကြောင့် Chanduကို တစ်ယောက်ယောက်အား သေသေချာချာ ရွေးပြီး လက်ထပ် ခိုင်းခဲ့တာ ပဲဖြစ်ပါတယ်။

ဒါပေမယ့် Chandu ဟာ Sundari ရော Haseena ကိုကော ဘယ်သူ့ကိုမှ လက်မလွှတ်ချင်တာကြောင့် နှစ်ယောက် စလုံး ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မင်္ဂလာပွဲ ကိုလည်း သုံးဖက်မိဘ အ သိုင်းအဝိုင်းတွေ ရှေ့မှာတင် လက်ထပ်ပွဲကျင်းပပြီး မင်္ဂလာဆောင် ခဲ့ပါတယ်။ဒီအကြောင်းလေးကို ပရိသတ်ကြီးတို့အတွက် ပြန်လည် ဝေမျှ ပေးလိုက် ပါတယ်။ ပျော်ရွှင်စရာ နေ့ရက်လေး တွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။ credit : Shwe Mon