မိုးအောင်ရင် ရဲ့ စကားတစ်ခွန်းကြောင့် ရင်ထဲ ဆို့နင့်အောင် ခံစားရတယ် ဆိုတဲ့ မို့မို့မြင့်အောင်

မိုးအောင်ရင် ရဲ့ စကားတစ်ခွန်းကြောင့် ရင်ထဲ ဆို့နင့်အောင် ခံစားရတယ် ဆိုတဲ့ မို့မို့မြင့်အောင်

ပရိသတ်ကြီးကို အခု ပြောပြပေးမှာကတော့မိုးအောင်ရင်ရဲ့ စကားတစ်ခွန်း ကြောင့် ရင်ထဲ ဆို့နင့်အောင် ခံစား ရတယ် ဆိုတဲ့ မို့မို့မြင့်အောင်ရဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။

အနုပညာဝမ်းစာပြည့်ဝတဲ့ မင်းသမီးကြီးပီပီ ပရိသတ်တွေရဲ့အချစ်တွေကိုသာမက အနုပညာလောကရဲ့ နောက်မျိုးဆက်တွေရဲ့အချစ်တွေကိုလက်ခံရရှိထားပြီး အမေမွှေးလို့ချစ်စနိုးခေါ်ကြတဲ့ အကယ် ဒမီများရှင် မို့မို့မြင့်အောင်ကတော့ မိုးအောင်ရင် ရဲ့ စကားတစ်ခွန်းကြောင့် ရင်ထဲ ဆို့နင့်အောင် ခံစား ရတယ်လို့ ဆိုထားပါတယ်။

မိခင်ဆုံးပါးသွားပြီးနောက်စိတ်ပန်းလူပန်းဖြစ်နေပြီး ကိုဗစ်ကြားမှာရိုက်ကူးရေးတွေကြားလုံးပမ်းနေချိန်မှာသားတစ်ယောက်လိုချစ်ခင်ရတဲ့ မိုးအောင်ရင်တစ်ယောက် အသုတ်လာပို့ရာကနေ သားဖြစ်သူ အသုတ်လိုက်ရောင်းနေတဲ့အတွက် ရင်ထဲမကောင်းကြောင်းနဲ့ သားရဲ့စကားကြောင့် ရင်ထဲဆို့ရပုံကို အခုလိုပဲရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

“ချစ်ခင် လေးစား တန်ဖိုး ထားရ ပါသော ပရိသတ် ကြီးနှင့် We Love သဲသဲတုန် လေးတို့ရှင့် ” မို့” Line ပေါ် မတက်တာကြာတော့ လွမ်းနေ ကြရောပေါ့ ။ ဒီဇင်ဘာလ လောက်က အံသွားနုတ်ထားရတယ်ပိုးသတ်ဆေးတွေသောက်တော့ နုံးချိနေတာပဲပြီးတော့ ကျန်းမာ ရေး စစ်ဆေး မှုယူ ပြီး MRTV-4 က ချစ်လှ စွာသော ဇာတ်လမ်း တွဲကို ပြန်လည် ရိုက်ကူး နေပါတယ်။”

“မိခင် ကလည်းဆုံးသွား ၊ သွားက လည်း နုတ်ထားလို့ အားလျှော့နေပြီး Covid ကိုကြောက်ရတာတစ်မျိုး စိတ်အင်အား ချိနဲ့စွာနဲ့ပဲ ရှူတင်ကို သွားရပါတယ်။ ရှူတင်ရောက်တော့လည်း အနုပညာရဲ့ကုစား မှုကြောင့် သရုပ်ဆောင်မှု ပညာက မနေသာ ပါဘူးအားလုံးအဆင်ပြေပါတယ် ။ ဒီနေ့ တနင်္ဂနွေ နားရက် ဆိုတော့ အိမ်မှာ နားနေတုန်း သားသားMoe Aung Yinက ဖုန်းဆက်လာတယ်”။

“သားသားအသုပ်လာပို့ချင်လို့တဲ့(ပြီးခဲ့တဲ့ သုံးလေးရက်က ဂဏန်းတွေ ပုဇွန်တွေ အများကြီး လာပို့ထားသေးတယ်) သူကပြောတယ် သား အသုပ်လိုက်ရောင်းနေတယ် ရုတ်တရက်ဒီစကားကြားရတော့ မို့ရဲ့ ရင်ထဲမှာ ဆို့သွားတယ် ။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားလေးကို ဒီလို ဘယ်ရောင်း စေချင် ပါ့မလဲ။

မို့က မေးလိုက်တယ် သားလေး ကားနဲ့လိုက်ရောင်းရတာ မြတ်ရောမြတ်ရဲ့လား သူကပြောတယ် အမေမွှေးရယ်ဘယ်မြတ်ပါ့မလဲ မရှုံးရင်ပြီးရောအမေမွှေးသားပရိတ်သတ်နဲ့ထိတွေ့နေချင်တယ်။ (အော် …အမေတူသားပါလား) ”။

“သူကMoe’s Favorite Food ဆိုပြီးအသုပ်စုံ၊ကြက်ကင်နှင့်ဆန်လုံးညိုအုန်းထမင်း ၊ဆိတ်ကင်နှင့် ဆန်လုံးညိုပဲထမင်းတွေ ရောင်းနေပါတယ်။ မို့ရဲ့သားလေးကိုအားပေးကြပါ။ သူကိုယ်တိုင် လိုက်ပို့ပေးတာပါ ။ စားစရာမှာရင် မင်းသားလေး နဲ့လည်း ဓါတ်ပုံအတူ တွဲရိုက်လို့ ရတာ ပေါ့ ။ Covid ကာလမှာ ခန္ဓာကိုယ် ဝမှာကြောက်တဲ့သူတွေအတွက် ဆန်လုံးညို စားဖြစ်အောင် သူက စီစဉ်တာပါ။

သားသား ရောင်းရ ပါစေ။”လို့ ရေးသားပြီး ပရိသတ်နဲ့ ထိတွေ့ နေရတာကို ကြိုက် တဲ့ အမေတူသားဖြစ်သူ မိုးအောင်ရင်ရဲ့ Moe’s Favourite Foodအကြောင်းလေးကို လူမှုကွန်ယက်စာမျက် နှာမှာတင်ရင်း သူ့ရင်ထဲကခံစားချက်လေးကို ပြောပြခဲ့တာပဲဖြစ်ပါတယ် ။ ဒီအကြောင်းလေးကို ပရိသတ် ကြီးတို့ အတွက် ပြန် လည်မျှဝေပေးလိုက် ပါတယ်နော် ။ ပရိသတ်ကြီးလည်း တစ်နေ့တာ ကိုပျော်ရွှင်စွာ ဖြတ်သန်း နိုင်ပါစေ။ source : Shwe Yaung Myanmar