အမြန်လမ်းပေါ်မှာ အသက်အန္တရာယ် နဲ့ ကြုံလိုက်ရတဲ့ အဆိုတော် သရုပ်ဆောင် ထွန်းထွန်း

အမြန်လမ်းပေါ်မှာ အသက်အန္တရာယ် နဲ့ ကြုံလိုက်ရတဲ့ အဆိုတော် သရုပ်ဆောင် ထွန်းထွန်း

ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ အမြန် လမ်းမ ပေါ်မှာ အသက်အန္တရာယ်နဲ့ ကြုံလိုက်ရတဲ့ အဆိုတော် သရုပ်ဆောင် ထွန်းထွန်းရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အမြန်လမ်းမပေါ်က ရည်ရွယ်ချက် ရှိရှိ လူသတ်ကြသူများ အမြန်လမ်းမိုင်တိုင် (226) ဝန်းကျင်

မနေ့က 9.1.2021ရက် ည(10:30) အချိန်တွင်ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ အဆိုတော် သရုပ်ဆောင် Example ကိုထွန်းထွန်း မောင်းနှင် လာသော Alphard အဖြူရောင် ယာဥ် သည် အမြန်လမ်းမိုင်တိုင် 226အရောက် အတက်အဆင်း လမ်းပျောက် သည့် နေရာ တွင် (​ခန့်မှန်း) အရှည် ခြောက်ပေ အချင်းငါးလက်မ ခြောက်လက်မ ရှိသော သစ်လုံး တစ်လုံးအား အမြန်လမ်းမ လမ်းအလယ်တွင် ကန့်လန့် ပိတ်ထားမှုအား

ရုတ်တရက် တွေ့ရှိလိုက်ရသဖြင့် ကီလို၁၀၀အရှိန်ဖြင့် ကိုထွန်းထွန်းမောင်းနှင် လာသော ယာဥ်မှာ သစ်လုံးကို ရသလောက် ရှောင်တိန်းရင်း ကားဘယ်ဘက်ဘီး ၊ကားဝမ်းဗိုက်တို့နှင့် တိုက်မိ သဖြင့် ကားဘီးပေါက် ဂီယာဘောက် ကွဲတိုက် ကောက်ကွေးပြီး ကား အောက်ပိုင်းတစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက် မိခဲ့ပါသည်။

ထိုအချိန် ကားမရပ် ဘဲ ရှေ့ဘီး အပေါက်ဖြင့် လေးဖာလုံ လောက်ဆက် မောင်းနှင်ပြီးမှ ကားရပ်ကာ ရှေ့ဘီးမြန်မြန်လဲပြီး ကားဆက် မောင်းလာခဲ့ပါတာပဲ ဖြစ်ပါတယ်။ ကားပေါ်စီးနင်း လိုက်ပါ လာတဲ့ အမျိုးသား (၂) ယောက်လုံး ဒဏ်ရာ ရရှိမှု မရှိခဲ့ပေမဲ့ အမြန်လမ်း မိုင်တိုင် 230 အရောက် တွင် ကားမှာ မောင်းလို့ မရတော့ပဲ စက်သေသွား ခဲ့ပါတယ်။

ည (10.55) မိနစ်တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီး မနက် အ ရေးကြီး အလုပ်ကိစ္စ တစ်ခုရှိကြောင်း နှင့် လမ်းမှ သစ်လုံးအား အ ရှိန်နှင့် တက်နင်းမိကြောင်း ဖုန်းဆက် အကူအညီ တောင်းလာပါသဖြင့်အသင်းမှအရေးပေါ် ကယ်ဆယ်ရေးယာဥ်တစ်စီးဖြင့်ချက်ချင်း ထွက်ခွါ၍ အရေးပေါ် သွားရောက် ကူညီခဲ့ ရပါတယ်။

ည (12:00) နာရီအချိန်တွင် ကားပျက်နေသည့် အမြန်လမ်း မိုင် တိုင် (230) သို့ ရောက်ရှိပြီး မောင်းမရတော့သည့်ယာဥ်အား က ရိန်းဖြင့်ရွှေ့ပြောင်းသယ်ဆောင်ပြီး ကိုထွန်းထွန်းကိုတော့မျိုးဆက် သစ်မြတ် ပါရမီ အသင်းမှ ကယ်ဆယ်ရေး ယာဥ်ဖြင့် မန္တလေး သို့ ပို့ဆောင် ကူညီပေးခဲ့ ရပါတယ်။

လူကြီးမိဘများအနေဖြင့်လည်းအမြန်လမ်းမပေါ်တွင် လူသားချင်း ကိုယ်ချင်းစာစိတ်မရှိပဲ ဝမ်းတစ်ထွာအတွက် အစုလိုက်အပြုံလိုက် မိသားစုလိုက်သတ်ဖို့ ဝန်မလေးတဲ့သူတွေ အသင့်ရှိနေကြတယ်ဆိုတာကို သတိပေးရင်း အမြန်လမ်းပေါ်မှ ခရီးသွားလာ နေကြသောမိဘပြည်သူများ အားလုံး အန္တရာယ် ကင်းစွာ ဖြင့် လိုရာ ခရီး ကို ချောချောမွန်မွန် ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက် ရပါတယ်။

ပရိသတ်ကြီးတို့အတွက် ကိုထွန်းထွန်း ရဲ့ အသက်အန္တရာယ် နဲ့ ကြုံလိုက်ရတဲ့ အဖြစ်အပျက်ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ပရိ သတ်ကြီးလည်း အန္တရာယ်ကင်းစွာနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ကြပါစေနော်။မိတ္ထီလာမြို့ ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မျိုးဆက် သစ် မြတ် ပါရမီ အသင်း 09799204106၊ 09-4 02684996🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏*K3*သွေးသစ္စာထီလာမြေ

source : shwe yaung myanmar