သမီလေး လိုချင်တဲ့ ဝတ်စုံကို ၂နှစ်ခန့် ငွေစုပြီး ဝယ်ပေး ခဲ့တဲ့ သူ တောင်းစား ဖခင်တစ်ဦးရဲ့မေတ္တ

သမီလေး လိုချင်တဲ့ ဝတ်စုံကို ၂နှစ်ခန့် ငွေစုပြီး ဝယ်ပေး ခဲ့တဲ့ သူ တောင်းစား ဖခင်တစ်ဦးရဲ့မေတ္တာ

ပရိသတ်ကြီး ကို အခု ပြောပြ ပေးမှာကတော့ သမီလေးလိုချင်တဲ့ဝတ်စုံကို၂နှစ်ခန့် ငွေစုပြီးဝယ်ပေးခဲ့တဲ့ သူတောင်းစား ဖခင်တစ်ဦးရဲ့မေတ္တာဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

မိဘတွေရဲ့ သား ၊ သမီးအပေါ်ထားတဲ့ မေတ္တာကတော့ ဘယ်အရာ နဲ့မှ နှိုင်းယှဥ်လို့ မရပါဘူး။ ဒါကြောင့်လည်း မိဘမေတ္တာကို အနှိုင်းမဲ့မေတ္တာ လို့တောင် တင်စားခေါ်ဆိုကြတာပါ။ သား၊ သမီးအပေါ် အနှိုင်းမဲ့ မေတ္တာနဲ့ချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ ဖြစ်ရပ်ကို အွန်လိုင်းပေါ်မှာ လူပြော များနေ ကြပါတယ်။

အိန္ဒိယမှာ ဖြစ်ခဲ့တာ လို့ သိရ ပါတယ်။GMB Akash သူကဒီအကြောင်းကို လူမှုကွန်ယက် စာမျက်နှာမှာ တင်ခဲ့တာပါ။ ဖခင်အ မျိုးသားရဲ့ နာမည်ကတော့ Kawsar Hossain ပါ။ သူများဆီကနေ တောင်းရမ်းပြီး စားသောက် နေရတဲ့ သူတောင်းစား ပါ။ ဒါပေမယ့် သမီး ဖြစ်သူ အရမ်း လိုချင် နေခဲ့တဲ့ အဝါရောင် ဝတ်စုံလေးကိုတော့ နှစ်နှစ်လောက် ငွေစုပြီး ဝယ်ပေးခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ်၊ ကျွန်တော်က သူတောင်းစားတစ်ယောက်ပါ။ လွန်ခဲ့တဲ့(၁၀)နှစ်လောက်ကအထိ ဒီလိုဘဝမျိုးကိုရောက်မယ်လို့ ကိုယ့် ကိုယ်ကိုမထင်မိခဲ့ဘူး ွေးချယ်စရာမရှိတော့လို့ဒီလိုဘဝကို ရောက် ခဲ့တာပါ” လို့ ပြောခဲ့ ပါတယ်။ ဘတ်စ်ကားစီးရင်း အက်စီးဒင့် ဖြစ် ရပ်တစ်ခုနဲ့ ရင်ဆိုင် ခဲ့ရ ပါတယ်။

ဒီဖြစ်ရပ် ကြာင့်ပဲ မသန်မစွမ်း ဖြစ်ခဲ့ ပါတယ်။ အငယ်ဆုံး သားကဆိုရင် ကျွန်တော့်ကိုအမြဲမေးတယ်။ ဖေ့ဖေ့လက်တစ်ဖက်က ဘယ် ရောက်သွားလဲလို့။ ပြီးတော့ သမီး Suma iya ကကျွန်တော့်ကို ကျွေး​နေရတာ။ သမီးဘယ်လောက် ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ရ လဲ သိတယ်။

ဒါကြောင့်ပဲ ကျွန်တော့အတွက် ဝန်မပိုစေချင်လို့ လမ်းတကာလှည့်ပြီး တောင်းစားဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ဆိုပါတယ်။ သမီးဖြစ်သူက သူတောင်းရမ်းနေတာကိုမြင်သွားတဲ့ အချိန်ကဆိုရင် ဘဝမှာ အရှက်ရဆုံး အချိန် ပဲလို့ ပြောပါတယ်။ ကလေးတွေ အတွက် ဘာ ကိုမှကောင်းကောင်းမဖြည့်ဆည်းပေးနိုင်ပေမယ့် တစ်ရက်မှာတော့ သူတောင်းရမ်း လို့ ရတဲ့ ငွေနဲ့ သမီးအတွက် အဝတ်အစား ကောင်းတစ်ထည် ကိုတော့ ဖြစ်အောင် ဝယ်ပေးခဲ့ ပါတယ်။

ဒါဟာ နှစ်နှစ်အတွင်းမှာသမီးအတွက်ပထမဆုံးဝယ်ပေးတဲ့ အဝတ် အစားလို့ သိရပါတယ်။ သိတတ်လိမ္မာတဲ့ သမီးလေးက အဝတ် အ စားကို မလိုချင်ဘူး ပြောပေမယ့် Hossain ကအတင်းဝယ်ပေးခဲ့တာပါ။ ဝယ်လာတဲ့ အဝတ်အစားအသစ်ကို သမီးကို ပေးဝတ်ပြီး သားအဖ နှစ်ယောက် ပန်းခြံထဲမှာ ကစားခဲ့ပါတယ်။

တစ်ချိန်လုံး ဆင်းရဲသား သူတောင်းစား နဲ့ သူတောင်းစားရဲ့ သမီးအဖြစ် နေလာရပေမယ့် ဒီလိုနေ့လေးမှာတော့ သမီးဖြစ်သူကို မင်း သမီးလေး တစ်ပါးလို ထားချင်ခဲ့ပါတယ်။ အမြဲတမ်း ကြုံဖို့ မဖြစ်နိုင်တဲ့ ဒီလိုပျော်စရာနေ့လေးကို အမှတ်ရနေစေဖို့ အတွက် အမှတ် တရ ဓာတ်ပုံ ရိုက်ချင် ခဲ့ပါတယ်။

ဒါကြောင့်ပဲ အိမ်နီးချင်း တစ်ယောက်ဆီက ဖုန်းငှား ပြီး သမီးဖြစ်သူကို ဓါတ်ပုံ ရိုက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုးဖခင်တစ်ယောက် ရဲ့ မေတ္တာကြီးမား တဲ့ အကြောင်း လေးကို ပရိသတ်ကြီးအတွက် ပြန်လည် ဝေမျှ ပေးလိုက် ပါတယ်။ ဖတ်ရှု ပေးခဲ့တဲ့ ပရိ သတ်ကြီး လည်း တစ်နေ့တာ ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင် ပါစေ။credit