ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရန် အတွက် နာရေး ကူညီမှု အသင်း (ရန်ကုန်) မှ ကျပ်သိန်းတစ်ရာလှူဒါန်းခဲ့ကြောင်း ပြောကြားလာတဲ့ ဦးကျော်သူ

ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရန် အတွက် နာရေး ကူညီမှု အသင်း (ရန်ကုန်) မှ ကျပ်သိန်းတစ်ရာလှူဒါန်းခဲ့ကြောင်း ပြောကြားလာတဲ့ ဦးကျော်သူ

ပရိသတ်ကြီးကို အခုတစ်ခေါက် ပြောပြပေးမှာကတော့ ကိုဗစ်ကာ ကွယ်ဆေး ဝယ်ယူရန် အတွက် နာရေး ကူညီမှု အသင်း(ရန်ကုန်)မှ ကျပ်သိန်းတစ်ရာ လှူဒါန်းခဲ့ကြောင်း ပြောကြား လာတဲ့ ဦးကျော်သူဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါ တယ်နော်။

ဦးကျော်သူလို့ပြောလိုက်တာနဲ့ ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေနဲ့ အတူ အောင်မြင်မှုတွေရရှိထားပြီး ပရဟိတအလုပ်တွေမှာလည်း တစိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ကို ပြေးမြင်ယောင် မိကြမှာပဲ ဖြစ်ပါတယ်နော်။

ဘာသာတရားကိုလည်းအထူးရိုသေကိုင်းရှိုင်းသူ တစ်ယောက် ဖြစ် ပြီး အလှူအတန်းတွေကိုလည်း တတ်နိုင် သလောက် ပါဝင် လှူဒါန်းပေးတာတွေကိုတွေ့ရပါတယ်။ ဦးကျော်သူတော့အနုပညာရှင် တစ် ယောက်အဖြစ် အကယ်ဒမီဆုတွေကိုရရှိထားကာ ဇာတ်ကားပေါင်းများစွာရိုက်ကူးထားတဲ့အပြင် ပရဟိတအလုပ်တွေမှာလည်း ကိုယ် ကျိုးစွန့်တဲ့သူ့ရဲ့မွန်မြတ်တဲ့စိတ်ထားကြောင့်လည်း ပရိသတ်တွေက အခု အချိန်ထိကို လေးစား ချစ်ခင် နေကြတာပါ။

အများပြည်သူတွေအတွက် ပရဟိတ အလုပ်တွေကို ကိုယ်ကျိုးစွန့်လုပ်ဆောင်နေတဲ့(ရန်ကုန်)နာရေးကူညီမှုအသင်းရဲ့ဥက္ကဋ္ဌ ဦးကျော်သူဟာ အခုဆိုရင် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေအ တွက် သိန်းတစ်ရာကိုလှူဒါန်းခဲ့ကြောင်း သူရဲ့အကောင့်လေးမှာ ဝေ မျှလာတာပဲ ဖြစ်ပါတယ်။

တကယ်ကို မြန်မာနိုင်ငံသား တစ်ယောက် အနေ နဲ့ ကြည်နူး ပီတိ ဖြစ်စရာ ပုံရိပ် လေးပါ ပဲနော် ။ ပရိသတ်ကြီး လည်း ကြည့်ရှု ပြီး ဂုဏ်ယူ ဝမ်းမြောက် သာဓု ခေါ်နိုင်စေရန် အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဖတ်ရှုပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်းတစ်နေ့တာကို အေးချမ်း ပျော်ရွှင်စွာ ဖြတ်သန်း နိုင် ကြပါ စေနော်။

source : cele zone