ဘဝတစ်ပါးသို့ ကူးပြောင်း သွားတဲ့ (၇) ရက် သားသမီး တွေကိုရည်စူးပြီး ဂေဟာက သားသမီး တွေနဲ့ အတူတူ နှစ်ဦး ဆွမ်းကပ် အလှူလေး ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ဘဝတစ်ပါးသို့ ကူးပြောင်း သွားတဲ့ (၇) ရက် သားသမီး တွေကိုရည်စူးပြီး ဂေဟာက သားသမီး တွေနဲ့ အတူတူ နှစ်ဦး ဆွမ်းကပ် အလှူလေး ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးကို အခု ပြောပြ ပေးမှာကတော့ ဘဝတစ်ပါး သို့ ကူး ပြောင်းသွား တဲ့ (၇) ရက် သားသမီး တွေကို ရည်စူးပြီး ဂေဟာကသားသမီးတွေနဲ့ အတူတူ နှစ်ဦး ဆွမ်းကပ် အလှူလေး ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

တစ်ချိန်က ပရိသတ်တွေရဲ့အသည်းစွဲ မင်းသမီလေးခိုင်နှင်းဝေက ကိုယ်ကျိုးကိုမကြည့်ပဲ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို စွမ်းစွမ်း တမံ လုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပရဟိတလုပ် ငန်းတွေနဲ့ မိဘမဲ့ကလေးငယ်လေးများအတွက်လည်း ဂေဟာလေး ဖွင့်လှစ် ထားပြီး တစ်ဖက်မှာလည်းမိသားစုအတွက် ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

အဆင်းရောအချင်းပါပြည့်စုံတဲ့ခိုင်နှင်းဝေကတော့ သူမရဲ့ ဝန်ထမ်း တွေအတွက်လည်း ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ပြီး ယုံ ကြည်အားထားခြင်းခံရသူ တစ်ယောက်ဆိုလည်းမမှားပါဘူး။ စိတ် ထားလေးကောင်းသလို အလှူရေစက်လက်နဲ့မကွာ လှူဒါန်းတတ်တဲ့ ခိုင်နှင်းဝေ က ဒီကနေ့မှာလည်း သူမရဲ့ ဂေဟာက သားသမီးတွေနဲ့အတူတူ ရေစက်ချ အလှူလေး တစ်ခု ပြုလုပ် ခဲ့ကြောင်း ပြောလာပါတယ်။

ခိုင်နှင်းဝေက “ဘဝတပါးကိုကူးပြောင်း သွားသော ခုနှစ်ရက် သား သမီးအလှူရှင် များအားရည်စူး၍ သံဃာအပါး (၂၀၀)အား ဆွမ်း၊ ခဲဘွယ်၊ အလှုငွေများကပ်လှုပူဇော်ခြင်းကို ကျမတို့ “ခိုင်”မိသားစု နှင့် ခုနှစ်ရက် သားသမီး အလှူရှင်များမှ နှစ်ဦး အလှူ အဖြစ်

ရေစက်ချ လှူဒါန်း ကုသိုလ်ယူ အမျှဝေ ခဲ့ပါတယ်ရှင့်” ဆိုပြီး သူမတို့ မိသားစုရဲ့ ကုသိုလ်လေး ကို မျှဝေပေးလာပါတယ်။ ခိုင်နှင်းဝေကတော့ သူမရဲ့ဂေဟာက ကလေးတွေနဲ့အတူတူ အလှူလုပ်ရေစက်ချခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီး လည်း ခိုင်နှင်းဝေတို့ မိသားစုရဲ့ နှစ်ဦး အလှူလေးကို ထပ်တူ သာဓုခေါ်ဆိုနိုင်ရန် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်နော်။ ဖတ်ရှု ပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေ လို့ ဆုတောင်း ပေးလိုက်ပါတယ်။ credit

Add a Comment

Your email address will not be published. Required fields are marked *