ယောက်ဖဖြစ်သူ သရုပ်ဆောင် မောင်ရဲ့ မင်္ဂလာ သတင်းလေးတစ်ခုကို ပရိသတ်တွေကို အသိပေးလာတဲ့ ဇေသီဟ

ယောက်ဖဖြစ်သူ သရုပ်ဆောင် မောင်ရဲ့ မင်္ဂလာ သတင်းလေးတစ်ခုကို ပရိသတ်တွေကို အသိပေးလာတဲ့ ဇေသီဟ

ပရိသတ်ကြီးကိုအခုပြောပြပေးမှာကတော့ယောက်ဖဖြစ်သူ သရုပ် ဆောင် မောင် ရဲ့ မင်္ဂလာသတင်းလေး တစ်ခုကို ပရိသတ် တွေကို အသိပေးလာတဲ့ ဇေသီဟ ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

အကယ်ဒမီ နန္ဒာလှိုင် ရဲ့တစ်ဦးတည်းသော မောင်လေးဖြစ်တဲ့ သ ရုပ်ဆောင် မောင်ကတော့ ဗီဒီယို ဇာတ်ကားတွေ များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေနဲ့ ပရိသတ်ရဲ့ ချစ်ခင်အားပေး မှုတွေကို ရရှိ ပိုင်ဆိုင်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ မောင်က အနုပညာအလုပ်တွေကိုလုံးဝ ရပ်နား လိုက်ပြီး စီးပွားရေးနဲ့ပညာရေးဘက်ကိုသာအာရုံစိုက်နေခဲ့တာ ဖြစ် ပါတယ်။ မောင် တစ်ယောက် အနုပညာ လောက ကနေ အနား ယူလိုက်ပေမယ့် ပရိသတ်တွေကြားထဲမှာတော့ဒီနေ့ဒီအချိန်ထိ နာမည်ရရှိ နေဆဲဖြစ်ပြီး သရုပ်ဆောင် ရီရီပွင့်ဖြူနဲ့ အချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေ အာရုံစိုက်ခြင်း ခံနေရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့နန္ဒာလှိုင်ရဲ့ခင်ပွန်းဖြစ်သူကိုဇေသီဟက ယောက်ဖဖြစ်သူ သရုပ်ဆောင် မောင် ရဲ့ မင်္ဂလာသတင်းနဲ့ ပက်သတ်ပြီး နီး စပ်လာပြီ ဖြစ် ကြောင်း ကို “ စိန်ဖြိုး ဆီက တစ်ခါ မှ မကြား ဖူးတဲ့ စကား၊ ဒီနေ့ ၄ ကြိမ်ပြောတာ နားထောင်လိုက်ရတယ်။

သူမင်္ဂလာဆောင်ရင် ဘယ်လိုပြင်ဆင်မယ်ဆိုတဲ့အကြောင်းပဲ ပြော နေတယ်၊ နီးနေပြီထင်ပါတယ်။” ဆိုပြီး မောင်နဲ့ ရီရီပွင့်ဖြူကို ချစ်ကြတဲ့ပရိသတ်တွေအတွက် ဝမ်းသာစရာအကြောင်းအရာလေးကို မျှဝေပေးလာပါတယ်။

မောင်နဲ့ ရီရီပွင့်ဖြူ တို့ကတော့ ချစ်သူသက်တမ်း (၇) နှစ်တိုင်တိုင် သစ္စာရှိရှိ ရွှေလက်တွဲ လာခဲ့ကြတဲ့သူတွေ ဖြစ်ပြီး နှစ်ဖက်မိဘတွေကလည်း သဘောတူကြည်ဖြူ နေကြတာမို့ ပရိသတ်တွေကလည်း အမြန်ဆုံး လက်ထပ်စေချင် နေကြတာပါ။

ကိုဇေသီဟ ထင်နေသလိုပဲ မောင် ရဲ့ မင်္ဂလာ သတင်းလေး ကို အမြန်ဆုံး ကြားရပါစေလို့ ဆုတောင်းပေးကြပါဦးနော်။ ပရိသတ်ကြီးတို့အတွက် မောင် ရဲ့မင်္ဂလာသတင်းလေး ကို ပြန်လည် ဝေမျှ ပေး လိုက်ပါတယ်။ ဖတ်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးလည်းကျန်းမာပျော် ရွှင်ပါစေ။ credit