ဓညင်းကုန်းက ဈေးသူ ဈေးသားတွေရဲ့ အလှူ ငွေတွေ နဲ့ ဘုန်းကြီး ကျောင်းနဲ့ သီလရှင်ကျောင်းတွေကို လှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်

ဓညင်းကုန်းက ဈေးသူ ဈေးသားတွေရဲ့ အလှူ ငွေတွေ နဲ့ ဘုန်းကြီး ကျောင်းနဲ့ သီလရှင်ကျောင်းတွေကို လှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်ကြီးရေ အခုတစ်ခေါက်ပြောပြပေးသွားမှာကတော့ဓညင်းကုန်းက ဈေးသူ ဈေးသားတွေရဲ့ အလှူငွေတွေနဲ့ ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်းတွေကိုလှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်နော်။

ဒိန်းဒေါင် ကတော့ ပြည်သူချစ် အနုပညာရှင် တစ်​ယောက် ဖြစ်ပြီးတော့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေနဲ့ ရုပ်ရှင်လောကမှာအောင် မြင်မှု ရရှိနေသူ တစ်ယောက်ပါပဲ။

ချွန်တွန်း ပရဟိတ အမည်နဲ့ ပရဟိတ အလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်လျက်ရှိတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်ကတော့ ပရိသတ်တွေသာဓုခေါ်ဆိုရမယ့် အလှူလေးတစ်ခုကိုထပ် မံ ပြုလုပ်ခဲ့ ပြန်ပါပြီ ။ အမှန်တကယ် လိုအပ်နေတဲ့နေရာတွေကိုပဲ ရှာဖွေ လှူဒါန်းပေး နေတဲ့ ဦးဒိန်းဒေါင် ရဲ့ ပရ ဟိတ စိတ် ကတော့ တကယ်ကို လေးစားစရာပဲ ဖြစ်ပါတယ်။

ဒီနေ့ (၇.၁.၂၀၂၁)ရက်နေ့ မှာ ဓညင်းကုန်း ဈေးသစ် ဈေးသူ ဈေးသားများရဲ့စေတနာနဲ့ဘုန်းကြီးကျောင်း သီလရှင်ကျောင်း ဘိုးဘွားရိပ်သာ မိဘမဲ့ကျောင်းများသို့ ပြန်လည်လှူဒါန်းခဲ့ပြီး ပရိသတ်တွေသာဓုခေါ် ဆိုနိုင်ဖို့ အတွက် အလှူပုံရိပ် လေးတွေကို လူမှု ကွန်ရက် စာမျက်နှာကနေတဆင့် မျှဝေပေးလာခဲ့ပါတယ်။

တစ်ကမ္ဘာလုံးရှိ ပြည်သူများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာကြစေရန်အတွက်လည်း ဒိန်းဒေါင်က ဆုတောင်းမေတ္တာများပို့သခဲ့ ပါသေးတယ်။ ပရိသတ်ကြီးလည်း ဒိန်းဒေါင်နဲ့ဓညင်းကုန်း ဈေးသူ၊ ဈေးသားတို့ရဲ့အလှူလေးကို ထပ်တူကုသိုလ်ယူနိုင်ကြစေဖို့အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်းသာယာ ပျော်ရွှင်စရာနေ့ရက်လေးတွေ ပိုင်ဆိုင် နိုင်ကြပါစေ။ credit