အလုပ်သမားတွေကိုကူညီမှုအတွက်(၇)နှစ်အရွယ်မှာပဲလစာရခဲ့တဲ့ကောင်လေး

အလုပ်သမားတွေကို ကူညီမှုအတွက် (၇)နှစ်အရွယ်မှာပဲ လစာရခဲ့တဲ့ကောင်လေး

ပရိသတ်ကြီးတို့ကို အခု ပြောပြပေးမှာကတော့ အလုပ်သမားတွေကိုကူညီမှု အတွက် (၇)နှစ် အရွယ်မှာပဲ လစာရခဲ့တဲ့ ကောင်လေးရဲ့အကြောင်းပဲ ဖြစ်ပါတယ်။

မြင်ရင်ကူညီတတ်တဲ့စိတ်ထားရှိတဲ့ ကလေးငယ်လေး တစ်ယောက်ဟာ သူ့အိမ်ကိုဆောက်ပေးနေတဲ့အလုပ်သမားတွေကိုဝင်ကူညီပေး ခဲ့တဲ့ အတွက် အိမ်ဆောက်ကုမ္ပဏီ ကနေ ပေးတဲ့လစာကို အသက် (၇)နှစ် အရွယ်မှာ ရခဲ့တာ ပဲဖြစ်ပါတယ်။ ယူကေ၊ ဝေါချက်စတာမှာ နေတဲ့ ယူအန် ဆိုတဲ့ ခုနှစ်နှစ် သားလေး ကို လစာပေးခဲ့တာက Roki အဆောက်အဦးနဲ့ ထိန်းသိမ်းမှု ကုမ္ပဏီကပဲဖြစ်ပါတယ်။

အိမ်ကိုဆောက်ဖို့ အပ်ထားတဲ့အတွက် လာဆောက်ပေးတာဖြစ်ပေမဲ့ ယူအန်က အိမ်ရှင်လိုမနေခဲ့ပါဘူး။ သူ နိုင်တဲ့ဘက်ကနေ အလုပ် သမားတွေကို ဝင်ကူညီခဲ့ပြီး တကယ့်ပရော်ဖက်ရှင်နယ် အလုပ်သ မား တယောက်လို ပြုမှုခဲ့ ပါတယ်။

လုပ်ခဲ့တဲ့ အလုပ်တွေကတော့ ဖောင်ဒေးရှင်းဆောက်ချိန်မှာ ကွန်က ရစ်တွေကိုအထက်နဲ့အောက်သယ်ပေးတာ၊အုပ်ချပ်တွေခွာပေးတာ၊ အလုပ်ကို ကြိုးကြိုး စားစား လုပ်ပြီး၊ မသိ နားမလည် တာတွေကို အရှုံးမပေးဘဲ ကြိုးစားတာတွေအတွက်လို့ လစာပေးချေမှတ်တမ်းမှာပါပါတယ်။

သူနဲ့တွဲလုပ်ခဲ့တဲ့ အလုပ်သမားကြီးတွေက ဆောက်လုပ်ရေးသမား၊ လျှပ်စစ်ပညာရှင် နဲ့ ပိုက်ပြင် ဆရာတွေ ပါပါတယ်။ အကုန်လုံး က ယူအန်ကို ထောက်ခံချက် ပေးခဲ့တဲ့ အတွက် ကုမ္ပဏီ ကနေ အလုပ် ပြီးချိန်မှာ ဘောင်ချာသဘောမျိုး Pay Clipနဲ့ လစာပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကောင်းတဲ့မှတ်ချက်တွေပဲပေးတာ မဟုတ် ပါဘူး။ အလုပ် လုပ် နေတုန်း ရေသေနတ် နဲ့ ပစ်တာ တွေ၊ မီးဆလိုက် နဲ့ ထိုးဆော့တာတွေ ရှိတဲ့ အတွက် အဲဒါတွေ ကတော့ အလုပ် သမား ကောင်း တစ်ယောက်ရဲ့စံတွေမဟုတ်ဘူးလို့လည်း မှတ်ချက် ပါရှိ ပါတယ်။ကုမ္ပဏီက ပေးခဲ့တဲ့ လစာ ကတော့ ပေါင် (၂၀) လို့ သိရပါတယ်။ ကလေးတစ်ယောက်အတွက်မနည်းတာက မြန်မာငွေ လေးသောင်းနီးပါလောက် ရှိတာပါပဲ။

(၇)နှစ်သားအရွယ် မှာပဲ လစာရဖူးသွားတဲ့ ယူအန်ကတော့ သူ့အိပ် မက်က ဖာရာရီကား အကောင်းစားကြီးစီးတဲ့ ဆောက်လုပ်ရေး အ လုပ်သမား ဖြစ်ချင်တယ် လို့ ဆိုပါတယ်။ တကယ့်ကို အလုပ် လုပ်ချင်စိတ် ရှိတဲ့ ကလေးပါလို့ ယူအန်ရဲ့အမေဖြစ်သူ ပေါ်လာက ဆိုခဲ့ပါတယ်။ ဒီအကြောင်းလေးကို ပရိသတ်ကြီးတို့ အတွက် ပြန်လည် ဝေမျှပေး လိုက် ပါတယ် ။ ဖတ်ရှုပေးခဲ့ကြတဲ့ ပရိသတ်ကြီး လည်း ကျန်းမာပျော်ရွှင်ပါစေနော်။ credit