ကျန်းမာရေးဝန်ထမ်းများအတွက် ဒေါ်လာ ၃၁ သန်းလှုခဲ့သူ စစ်မှု့ထမ်းအဖိုးအို အသက်တရာပြည့် – ဘုရင်မကြီးကလဲ ရာထူးတိုးချီးမြင့်

ကျန်းမာရေးဝန်ထမ်းများအတွက် ဒေါ်လာ ၃၁ သန်းကျော် မတည်ပေးခဲ့သည့် ဗြိတိန်စစ်မှုထမ်းဟောင်းအဘိုးအို အသက် (၁၀၀) ပြည့်၊ ဘုရင်မကြီးက ရာထူးတိုးချီးမြှင့်

COVID-19 ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် တိုက်ပွဲဝင်နေသော ဗြိတိန် ကျန်းမာရေးဝန်ထမ်းများအတွက် ရန်ပုံငွေ ပေါင် ၂၅.၃ သန်း (ဒေါ်လာ ၃၁.၇ သန်း) အထိ မတည်ပေးခဲ့သည့် စစ်မှုထမ်းဟောင်း အဘိုးအို Tom Moore သည် ယနေ့ ဧပြီ (၃၀) ရက်တွင် အသက် ၁၀၀ ပြည့်မြောက်သွားပြီဖြစ်သည်။

ဗြိတိန်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အနားယူခဲ့သူ Tom Moore အား အဲလိစဘတ်ဘုရင်မကြီးက ဂုဏ်ယူဝမ်းမြောက်ကြောင်း စာတစောင်နှင့်အတူ ဗြိတိန်စစ်တပ်ဖောင်ဒေးရှင်းကောလိပ်၏ ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးအဆင့်သို့ ရာထူးတိုးချီးမြှင့်လိုက်သည်။ Tom Moore သည် သူ၏နေအိမ်ခြံဝင်းအတွင်းရှိ

ဥယျာဉ်ကို တနေ့လျှင် ၁၀ ပတ်နှုန်းဖြင့် စုစုပေါင်း အပတ် ၁၀၀ လမ်းပတ်လျှောက်ပြခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများအတွက် ပေါင်ငွေ ၁၀၀၀ ရန်ပုံငွေမတည်ရန် ရည်ရွယ်ထားခဲ့သည်။ သူ၏ရည်မှန်းချက်ကို ရန်ပုံငွေမတည်ရေးဝက်ဘ်စာမျက်နှာတခုဖြစ်သည့် JustGiving တွင် ဧပြီ (၁၀) ရက်နေ့ကလွှင့်တင်ခဲ့ရာ

(၂၄) နာရီအတွင်း မူလရည်မှန်းချက် ပြည့်မြောက်သွားခဲ့သည်။ ဆက်လက်ပြီး ရက်အနည်းငယ်ကြာပြီးနောက် ပေါင် (၁) သန်းအထိ မတည်ပေးနိုင်ခဲ့သည်။ အဆိုပါလှုပ်ရှားမှု၏ နောက်ဆုံး ၁၀ ပတ်လမ်းလျှောက်ခြင်းကို ဧပြီ (၁၇) ရက်နေ့တွင် ပြီးမြောက်ခဲ့ပြီး စုစုပေါင်းရန်ပုံငွေ ဒေါ်လာ (၃၁.၇) သန်း မတည်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Tom Moore ၏ အသက် (၁၀၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒုတိယကမ္ဘာစစ်အတွင်းအသုံးပြုခဲ့သည့် Spitfire တိုက်လေယာဉ်တစီး၊ Hurricane တိုက်လေယာဉ်တစီးနှင့် ဗြိတိန်လေတပ်မှ ဟယ်လီကော်ပတာများ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းအတွက် ဆုမွန်ကောင်းတောင်းပေးသူများထံမှပေးပို့သည့်

ထောင်ပေါင်းများစွာသော ပို့စ်ကတ်များကို ဒုတိယကမ္ဘာစစ် စစ်ပြန်ဟောင်းများအိမ်ရာအနီးရှိ Bedford ကျောင်းဟောခန်းတွင် ခင်းကျင်းပြသပေးထားသည်။ Tom Moore သည် ယော့ခ်ရှားနယ် ကေလီဇာတိဖြစ်ပြီး မြို့ ပြအင်ဂျင်နီယာတဦးဖြစ်ကာ ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားချိန်တွင်မှ စစ်တပ်ထဲဝင်ခဲ့သည်။ သူသည် အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် စစ်ဘက်တာဝန်များကိုထမ်းဆောင်ခဲ့သည်။ ဝီရ Ref; Mail Online

Add a Comment

Your email address will not be published. Required fields are marked *