တာဝန်မဲ့သတို့သားကြောင့်မင်္ဂလာပွဲလာတဲ့ဧည့်သည်နဲ့လက်ထပ်ခဲ့ရတဲ့သတို့သမီး

တာဝန်မဲ့ သတို့သားကြောင့် မင်္ဂလာပွဲလာတဲ့ဧည့်သည်နဲ့ လက်ထပ်ခဲ့ရတဲ့ သတို့သမီး

အခုကတော့ အိန္ဒိယက မင်္ဂလာပွဲတစ်ခုမှာ ဖြစ်သွားတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်ကို စာဖတ်သူတွေကို ပြောပြပေးမှာပါ။ ဒီဖြစ်ရပ် က တော့ အိန္ဒိယနိုင်ငံ Karnataka ပြည်နယ်၊ Tarikere မြို့က ရွာလေး တစ်ရွာ မှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

အိန္ဒိယမှာ ဆိုရင် မင်္ဂလာပွဲ နဲ့ ပတ်သက်လာရင် အယူသည်း ကြပါတယ်။ မင်္ဂလာပွဲကို ဒီနေ့ ကျင်းပမယ် ဆိုရင် အပျက်အစီးမခံပဲ ရ အောင် မဖြစ် ဖြစ်တဲ့ နည်းနဲ့ ကျင်းပတာ မျိုးတွေ ရှိပါတယ်။ အခု ပြောပြ ပေးမယ့် ဖြစ်ရပ် ကတော့ လက်ထပ်ခါနီးမှ တာဝန် မယူပဲ ပျောက်သွားတဲ့ သတို့သားကိုယ်စား မင်္ဂလာပွဲကို တက်ရောက်လာတဲ့ ဧည့်သည်က သတို့သမီးကို တာဝန်ယူ လက်ထပ် လိုက်ရတဲ့အ ကြောင်းပါ။

ဒီသတင်းကိုတော့ storypickမှာဖော်ပြထားတာပါ။ Ashok နဲ့ Naveen ဆိုတဲ့ညီအစ်ကိုနှစ်ယောက်က သီတင်းပတ်ကုန်ပိုင်းမှာတော့မင်္ဂလာခန်းမတစ်ခုတည်းမှာလက်ထပ်ကြမယ်ဆိုပြီး စီစဉ်ထားတာပါ။ဒါပေမယ့် မင်္ဂလာပွဲမတိုင်ခင်မှာတော့ Naveen နဲ့ သတို့သမီး Sindhu တို့က pre-wedding အတွက် ဓါတ်ပုံ ရိုက်ကူးတာ ၊ ဧည့်သည် တွေ ဆီ ကနေ နှုတ်ဆက် မင်္ဂလာ ဆု တောင်း တွေကို ခံယူ ခဲ့ကြပါတယ်။

စီစဉ် ထားတာ တွေ အကုန် အဆင်ပြေ နေ ခဲ့ပြီး ည ပိုင်း မှာတော့ Naveenတစ်ယောက် ပျောက်ဆုံး သွားခဲ့ ပါတယ်။ သတို့ သား ကို လိုက်ရှာကြပေမယ့်ဘယ်လိုမှ ရှာ မတွေ့ ခဲ့ပါဘူး။ Naveen ရဲ့ ချစ်သူက ဧည့်ပရိသတ် တွေ ရှေ့မှာ အဆိပ် သောက် သေမယ်၊ မင်္ဂလာ ပွဲကို ဖျက်စီး မယ် လို့ ခြိမ်း ခြောက် ခဲ့ပြီး နောက်မှာ တော့ Naveen က သူ့ချစ်သူနဲ့ လိုက်ပြေး သွားခဲ့တာပါ။

Naveenရဲ့ ပွဲအစီအစဉ်ကမောက်ကမတွေဖြစ်သွားတာကြောင့် အစ်ကိုဖြစ်သူနဲ့ဇနီးလောင်း Sindhuနဲ့ မိသားစု တွေလည်း စိတ် ဆင်းရဲခဲ့ရပါတယ်။ ယူခါနီးမှသတို့ သား မရှိ တော့ တဲ့ သတို့သမီး Sindhu ကလည်း ငိုကြွေး ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မိသားစုတွေက သတို့ သမီး အတွက် နေရာမှာတင်ပဲဧည့်သည်တွေထဲက သင့်တော်ရာတစ်ယောက်ကို ချက် ချင်း ရှာ ပေးခဲ့ ပါတယ်။ သနားစရာ သတို့ သမီးရဲ့ အဖြစ် ကို မျက်မြင် ကိုယ်တွေ့မြင်လိုက်ရတဲ့ Chandrappa ဆိုသူကတော့ နောက် ဆုံးမှာ Sindhu ကို လက်ခံ လက်ထပ် ပေးခဲ့ပါတယ်။

နောက်ပိုင်း အခြေအနေတွေကတော့ ဘာတွေ ဆက်ဖြစ် မလဲ မသိရပေမယ့် လက်တလော အဆုံးသတ်ကတော့ မင်္ဂလာပွဲလာရင်း သ တို့သားနေရာ ရောက်သွားတဲ့ Chandrappa နဲ့ စီစဉ်ထားတဲ့ သ တို့သား ရဲ့ ပစ်ပယ်မှု ကို ခံခဲ့ ရတဲ့ Sindhu တို့ ကတိသစ္စာ ပြုပြီးလက်ထပ် ဖြစ်ခဲ့ကြပါတယ်။ ဒီ အဖြစ် အပျက် လေးကို ပရိ သတ်ကြီးတို့ အတွက် ဝေမျှ ပေးလိုက်ပါ တယ်နော်။ ပရိသတ်ကြီး တို့လည်းကျန်းမာကြပါစေ။ Credit