တစ်သက်မှာ တစ်ကြိမ်ကြုံဖို့ ခဲယဉ်းပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ နီလာ ခရမ်းကျောက်

တစ်သက်မှာ တစ်ကြိမ်ကြုံဖို့ ခဲယဉ်းပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ နီလာ ခရမ်းကျောက်

ပရိသတ်ကြီးကို အခုတစ်ခေါက် ပြောပြပေးသွားမှာ ကတော့ တစ် သက်မှာ တစ်ကြိမ်ကြုံဖို့ ခဲယဉ်းပြီး သဘာဝ အတိုင်း ဖြစ်ပေါ် နေတဲ့ နီလာခရမ်းကျောက်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အခုလူတွေသတ်မှတ်ထားကြတဲ့ အသဲပုံသဏ္ဍာန်လေးဟာ ၆ ရာစု -၅ ရာစု ဘီစီ လောက်က စပြီး ပေါ်ပေါက် လာခဲ့တာပါ။ တကယ် တမ်းလူ့နှလုံးသားပုံစံကလူတွေသိနေတဲ့အသဲပုံသင်္ကေတနဲ့ လုံးဝမတူပေမယ့် သဘာဝတရားကတော့ ဒီသင်္ကေတကိုအသိအမှတ် ပြုပုံ ရပါတယ်။

မကြာသေးခင် ကတော့ မိုင်းတွင်း သမား အချို့ ဟာ ထူးခြားတဲ့သဘာဝတရားရဲ့ အလှကိုတွေ့ခဲ့ကြပါတယ်။ Boredpanda သတင်း အရ ဘရာဇီး နယ်စပ် အနီး ဥရုဂွေးနိုင်ငံ Artigas က Santa Rosaမိုင်းတွင်းအသစ်မှာ မိုင်းသမားတွေဟာ တူးဖော်ရင်း နီလာခရမ်းကျောက်တွေကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

မိုင်းအလုပ်သမားတွေ ကတော့ Artigas မှာ မိုင်းတူးရတဲ့သာ မန်နေ့ တစ်နေ့မှာပဲ ဒီအသဲပုံကျောက်တွေကို တွေ့ခဲ့ ရတာ ဖြစ်ပါတယ်။ မီးတောင်ကျောက်တွေကိုခွဲရတာ အရမ်းကို မာလွန်းတဲ့အ တွက်ကြောင့်မိုင်းသမားတွေကတောင် ဒီထဲမှာထူးခြားမှုတစ်ခုခုရှိလိမ့်မယ်ဆိုပြီး ခန့်မှန်းထားခဲ့ ကြတာပါ။

အသဲပုံကျောက်ကို ရဖို့အတွက်ကတော့ ၂ နာရီ ၃ နာရီလောက် အ ချိန် ပေးခဲ့ ရပါ တယ် ။ မီးတောင် ချော်ကျောက် တွေဟာ သာမန်ကျောက်တွေထက်တော့ပိုမာပါတယ်။ ကျောက်ကို ရယူ ဖို့အတွက်လည်း အများကြီး ခွန်အားစိုက်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ မီးတောင် ချော်ကျောက်တွေကို ပုံသဏ္ဍာန် အမျိုးအစား အရွယ်အမျိုးမျိုးနဲ့ တွေ့နေရပြီပဲဖြစ်ပါတယ်။ ဒီအကြောင်းလေးကို ပရိသတ်ကြီးတို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ အဆုံးထိ ဖတ်ရှုပေးခဲ့ကြတဲ့ အတွက်လည်း ပရိသတ်ကြီးတို့ကိုကျေးဇူးတင်ပါတယ်။ သာယာပျော်ရွှင်စရာ ကောင်းတဲ့ နေ့ရက်လေးတွေလည်း ပိုင်ဆိုင်နိုင် ကြပါစေနော်။ source: shwe mon

Tags: